နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၁၃/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၃ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရက်ဂီလောင်းကို နောက်ထပ် တစ်ကြိမ် အငှားနဲ့ ခေါ်ယူမယ့် ဆီဗီလာ

လာလီဂါ ထိပ်သီး ဆီဗီလာတို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက အငှားနဲ့ လာရောက် ကစားခဲ့ဖူးတဲ့ လက်ရှိ စပါး ဘယ်နောက်ခံလူ ဆာဂျီယို ရက်ဂီလောင်းကို နောက်ထပ် တစ်ကြိမ် အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် စပိန် နောက်ခံလူဟာ ဆီဗီလာ အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင် ကစားခဲ့ဖူးပြီး လိုပက်တက်ဂီရဲ့ အသင်း ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ရေး အတွက် အဓိက စွမ်းဆောင်ပေးခဲ့သူတွေ ထဲမှာ ပါဝင်ခဲ့ပါတယ်။

အဲ့နောက် ရက်ဂီလောင်းဟာ ၂၀၂၀ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါး အသင်းထံ ပြောင်းရွှေ့ ကစားခဲ့ပေမယ့် ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး နည်းပြ ကွန်တီ ကလည်း ရွိုင်ယန် ဆက်ဆနွန်ကို ပိုပြီး သဘောကျခဲ့တာကြောင့် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နည်းပြ ကွန်တီ အနေနဲ့ ရက်ဂီလောင်း၊ အန်ဒွန်ဘီလီ၊ ရွန်ဒွန်၊ လိုဆယ်ဆို တို့ကို အသင်း ပြောင်းဖို့ သတိပေးထားကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရက်ဂီလောင်းဟာ အပါအဝင် ကစားသမား တချို့ တောင်ကိုရီးယား နိုင်ငံမှာ သွားရောက် ကစားမယ့် ရာသီကြို ခြေစမ်းပွဲ လူစာရင်း မှာလည်း ပါဝင်လာခြင်း မရှိဘူးလို့ သိရပါတယ်။

သတင်းတွေ အရ ဆိုရင် ရက်ဂီလောင်းဟာ မြောက်လန်ဒန် ကလပ်နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပေမယ့် ဥရောပ ထိပ်သီး အသင်း အများစုရဲ့ စောင့်ကြည့်ခြင်း ခံနေရပြီး အားလုံးထဲ မှာတော့ လာလီဂါ ကလပ် ဆီဗီလာက အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ဆီဗီလာ တို့ ဘယ်နောက်ခံလူ လက်ဒ်ဝစ်ဂ် အော်ဂတ်စ်တင်ဆင်ကို အက်စတွန်ဗီလာဆီ အငှားချခဲ့ပြီးနောက် အသင်းမှာ ခြေစွမ်းပြခဲ့ဖူးတဲ့ ရက်ဂီလောင်းကို နောက်တစ်ကြိမ် အငှားနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


အသင်း ပြောင်းရင် ပြောင်း၊ မပြောင်းရင် လစာ လျှော့ယူရဖို့ ရှိနေတဲ့ ဒီယောင်

ဂျေလိဂ်
နဂိုရာ ဂရန်ပက်စ်
ကာဝါစကီ ဖရန့်တေးလ်
ပထမပိုင်း 1X2 ကာဝါစကီ ဖရန့်တေးလ် @ 2.87
နဂိုရာ ဂရန်ပက်စ် အာရှ ဟန်းဒီးကပ် +0.25 @ 2.04
ဂိုးပေါ် 2.50 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်ရဲ့ ပစ်မှတ် နယ်သာလန် ကွင်းလယ် ကြယ်ပွင့် ဖရန်ကီ ဒီယောင် အနေနဲ့ အသင်း မပြောင်းချင်ရင် လစာ လျှော့ယူရမယ် ဆိုပြီး လာလီဂါ ထိပ်သီး ဘာစီလိုနာ တာဝန်ရှိသူတွေက ပွင့်ပွင့်လင်းလင်း ပြောကြားလာပါတယ်။ လက်တလောမှာ ဖရန်ကီ ဒီယောင်ကို ပေါင် ၅၅ သန်း+အပိုဆုကြေး စုစုပေါင်း ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် လက်ရှိ မှာတော့ နှစ်သင်းစလုံးဟာ နယ်သာလန်သားရဲ့ ဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးနေရတာလည်း ဖြစ်ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် ဟာ အေဂျက်စ်မှာ တစ်ချိန်က လက်တွဲခဲ့ဖူးတဲ့ ဖရန်ကီ ဒီယောင်ကို အရ ခေါ်ယူချင်နေပြီး ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ကလည်း နွေရာသီ အပြောင်းအရွှေ့ ကာလ တစ်လျှောက်လုံး ဒီယောင်ကို ကြိုးပမ်းနေခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ အပြောင်းအရွှေ့က အကောင်အထည် ပေါ်လာခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေ ဖြစ်တဲ့ အာနိုးလ်နဲ့ မားတော့ တို့ဟာ ကတ်တာလန် ကလပ် ဘက်က ဂျော်ဒီခရိုက်ဖ်၊ အလီမာနေး၊ ရုစတီ တို့နဲ့ ဘာစီလိုနာမြို့မှာ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စပိန်က လာတဲ့ သတင်းတွေ မှာတော့ ဒီယောင် ဟာ နူးကမ့်ပ် မှာပဲ ဆက်ရှိချင်ပေမယ့် ဘာဆာ တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်နေတဲ့ ပုံစံကို ဘဝင်မတွေ့ ဖြစ်နေတယ် ဆိုပြီး ဖော်ပြထားပါတယ်။ ဘာဆာမှာ ၁ နှစ် လုပ်ခ ပေါင် ၅ သန်း ရနေတဲ့ ဖရန်ကီ ဒီယောင် အနေနဲ့ လာမယ့် ရာသီ နူးကမ့်ပ်မှာ ဆက်ရှိနေမယ် ဆိုရင် အူစမန်နီ ဒမ်ဘီလီ လိုပဲ ၄၀ ရာခိုင်းနှုန်းလောက် အထိ လျှော့ယူသွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ပြောကြားချက်တွေက ဒီယောင်ကို ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တွန်းအား ဖြစ်စေနိုင်တယ် ဆိုပြီး သုံးသပ်မှုတွေလည်း ရှိလာပါတယ်။ ဘာစီလိုနာ တာဝန်ရှိသူတွေ ကတော့ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ခလစာ လျှော့ပေးဖို့ထက် လစာ ပေးချေဖို့ မလိုတော့သလို ပြောင်းရွှေ့ကြေးပါ ထပ်ရဦးမယ့် အပြီးသတ် ရောင်းချဖို့ကိုပဲ မျှော်လင့်နေတဲ့ သဘောမှာ ရှိပါတယ်။


လီဝမ်ဒေါစကီးကို နောက်ဆုံး တစ်ကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဘာဆာ

လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ ဘေယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ယူရို သန်း ၅၀ + အပိုဆုကြေးတွေနဲ့ နောက်ဆုံး တစ်ကြိမ် ထပ်မံ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ ဂျာမန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။
ဘေယန်မြူးနစ်မှာပဲ နောက်ထပ် တစ်ရာသီ ဆက်ရှိနေဖို့ များသွားတဲ့ ရောဘတ်လီဝမ်ဒေါစကီး

လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ ဘေယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ယူရို သန်း ၅၀ + အပိုဆုကြေးတွေနဲ့ နောက်ဆုံး တစ်ကြိမ် ထပ်မံ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ ဂျာမန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က လီဝမ်ဒေါစကီး အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဘေယန်မြူးနစ်ရဲ့ အကြောင်းပြန်တာကို စောင့်ဆိုင်းနေတယ်လို့ ဆိုထားပါတယ်။

လီဝမ်ဒေါစကီးဟာ ရာသီသစ် မစခင် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း ပွင့်ပွင်းလင်းလင်း ထုတ်ဖော် ပြောကြားထားခဲ့ပြီး ဘေယန်မြူးနစ် ကနေ အတတ်နိုင်ဆုံး မနာမကျင် ထွက်ခွာရဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်တလော မှာတော့ လီဝမ်ဒေါစကီးဟာ အားလပ်ရက် ပြီးဆုံးလို့ ဂျာမနီ နိုင်ငံကို ပြန်လည် ရောက်ရှိနေပြီး ချက်ချင်းပဲ မြူးနစ်မြို့က ဘမ်ဟာဇီ ဘရူဒါ ဆေးရုံကို သွားရောက်ကာ ရာသီသစ် မစခင် သူရဲ့ ကြံခိုင်မှု အတွက် စစ်ဆေးမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ်တို့ အသင်းရဲ့ တိုက်စစ် အတွက် ဆာဒီယို မာနေးကို ခေါ်ယူ အားဖြည့်ထားပေမယ့် လီဝမ်ဒေါစကီး ကိုလည်း အသင်း မှာပဲ ဆက်ထိန်းထားလိုပြီး လာမယ့် ရာသီ အကုန်မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးချင်နေတဲ့ သဘော ရှိပါတယ်။

လာမယ့် ဩဂုတ်လမှာ ၃၄ နှစ် ပြည့်မယ့် လီဝမ်ဒေါစကီးဟာ ကစားသမား ဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့် သူ့ရဲ့ ဂိုးသွင်း စွမ်းရည် ဘယ်လောက်အထိ ကောင်းမွန်နေသေးလဲ ဆိုတာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ အရပ်ရပ်မှာ ဂိုး ၅၀ သွင်းပြီး သက်သေပြထားသူ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး အေးဂျင့် ပီနီ ဇဟာဗီရဲ့ အဆိုအရ လီဝမ်ဒေါစကီး ဘာစီလိုနာကို ပြောင်းရွှေ့လိုခြင်းဟာ ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာနဲ့ သူ ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ယှဉ်ပြိုင်ဖို့ ဖြစ်ကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်