နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၀/၈/၂၀၂၂)

ဩဂုတ်လ ၁၀ ရက်နေ့ နေ့လည်ခင်း အချိန်ထိ ရရှိထားသမျှ လာလီဂါ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်


စပါး ကွင်းလယ်လူ နှစ်ဦးကို တပြိုင်နက် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဗီလာရီးရဲယ်

လာလီဂါ ကလပ် ဗီလာရီးရဲယ် ကတော့ တော့တင်ဟမ်ဟော့စပါးက တန်ဂီ အန်မ်ဒွန်ဘီလီနဲ့ ဂျီယိုဗန်နီ လိုဆယ်ဆို တို့ နှစ်ဦးစလုံးကို တပြိုင်နက် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို ဖော်ပြလာပါတယ်။

အာဂျင်တီးနား ကွင်းလယ်လူ လိုဆယ်ဆိုဟာ ပြီးခဲ့တဲ့ ရာသီက ဗီလာရီးရဲယ်မှာ ရာသီဝက် အငှားနဲ့ ကစားခဲ့ပြီး ခြေစွမ်း ပြနိုင်ခဲ့တာကြောင့် နည်းပြ အူနိုင်း အန်မေရီက အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ကွင်းလယ်ပိုင်း အင်အား ဖြည့်တင်းမှု တစ်ခု အနေနဲ့ ကွန်တီရဲ့ အနာဂတ် စီမံကိန်းထဲ မပါဝင်တော့တဲ့ တန်ဂီ အန်မ်ဒွန်ဘီလီ ကိုပါ တစ်ခါတည်း ခေါ်ယူသွားဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဗီလာရီးရဲယ်ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိ ရောက်ခဲ့ပေမယ့် လာလီဂါ မှာတော့ အဆင့် ၇ နေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါ ကွန်ဖရင့်လိဂ်ပဲ ကစားရဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို နည်းပြ အူနိုင်း အန်မေရီက ပြင်ဆင်လိုပြီး လာမယ့် ရာသီ ထိပ်ဆုံး ၄ သင်း ဝင်ရေး ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

ဒီကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ဗီလာရီးရဲယ်တို့ ဘယ်ပုံ ဘယ်နည်းနဲ့ တော့တင်ဟမ်ဟော့စပါး ဘက်ကို ကမ်းလှမ်းသွားမလဲ ဆိုတာတော့ လက်ရှိ အချိန်ထိ မသိရသေးပါဘူး။


ရီးရဲယ်မက်ဒရစ်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ဖရန့်ဖတ် ဂိုးသမား ကြုံးဝါး

ဖရန့်ဖတ် ဂိုးသမား ကီဗင် ထရပ်က သူတို့ အသင်း အနေနဲ့ ကောင်းမွန်တဲ့ ခံယူချက်သာ ရှိနေမယ် ဆိုရင် လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်နဲ့ ကစားမယ့် ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာ အနိုင်ရနိုင်ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
အဓိက အားထားရတဲ့ ကော့စတစ် မရှိတော့သလို ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတဲ့ ဖရန့်ဖတ်

ဖရန့်ဖတ် ဂိုးသမား ကီဗင် ထရပ်က သူတို့ အသင်း အနေနဲ့ ကောင်းမွန်တဲ့ ခံယူချက်သာ ရှိနေမယ် ဆိုရင် လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်နဲ့ ကစားမယ့် ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာ အနိုင်ရနိုင်ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

ဖင်လန် နိုင်ငံ၊ ဟယ်ဆင်ကီမှာ ကစားမယ့် ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲယ်မက်ဒရစ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ ဖရန့်ဖတ်တို့ ထိပ်တိုက် တွေ့ဆုံ ကစားကြမှာလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ဂိုးသမား ထရပ်က “ရီးရဲယ်မက်ဒရစ်ကို ကျွန်တော်တို့ဟာ အနိုင်ယူနိုင်တယ်လို့ သိထားပါတယ်။ ကောင်းမွန်တဲ့ ခံယူချက်နဲ့ ကစားမယ် ဆိုရင် ကျွန်တော်တို့ အသင်း ဒီပွဲမှာ အနိုင်ရပြီး ဒီရာသီ အတွက် ပထမဦးဆုံး ဆုဖလား ကိုလည်း ဆွတ်ခူးနိုင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်တလော အားထားရတဲ့ တောင်ပံ ကစားသမား ဖိလစ် ကော့စတစ်က ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့သွားခဲ့တာကြောင့် စူပါဖလား မကစားမီ ဖရန့်ဖတ် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ဘေယန်မြူးနစ်ကို ၁-၆ ရလဒ်နဲ့ အရှုံးပေးခဲ့ရတဲ့ အထိ ယိုပေါက် ကြီးမားနေတဲ့ ဖရန့်ဖတ်ရဲ့ ခံစစ်ကြောင်း ကိုလည်း နည်းပြ အိုလီဗာ ဂလတ်စ်နာ အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းထားသလဲ ဆိုတာ စောင့်ကြည့်ရဖို့လည်း ရှိနေပါသေးတယ်။


ဘေယန်မြူးနစ် ပရိသတ်တွေကို ပြန်လည် တောင်းပန်လိုက်တဲ့ လီဝမ်ဒေါစကီး

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူးသစ် ရော်ဘတ် လီဝမ်ဒေါစကီးက အသင်းဟောင်း ဘေယန်မြူးနစ်ရဲ့ ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။

လီဝမ်ဒေါစကီးဟာ အသင်း မပြောင်းခင်က ဘေယန်မြူးနစ် တာဝန်ရှိသူတွေနဲ့ တင်းမာမှုတွေ ရှိခဲ့သလို ဘာစီလိုနာကို ပြောင်းရွှေ့ပြီးချိန်မှာလည်း အသင်းဟောင်း ပတ်သက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ထားခဲ့သူ ဖြစ်ပါတယ်။

အခုချိန် မှာတော့ ပိုလန် တိုက်စစ်မှူးကြီးက “ကျွန်တော် ပြောခဲ့တဲ့ စကားတွေက ပရိသတ် တော်တော်များများကို နာကျင်စေခဲ့တာ သိပါတယ်” “သူတို့ကို ကျွန်တော် နားလည်ပြီး အဲ့ဒီ အတွက်လည်း တောင်းပန်ပါတယ်။ အဲ့ဒီ အချိန်တုန်းက ကျွန်တော် အသင်း ပြောင်းရွှေ့ဖို့ ကိစ္စ အတွက် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်ခဲ့လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဝမ်ဒေါစကီး အနေနဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုး ကိုတော့ မက္ကဆီကို ကလပ် ယူနီဗာဆီဒတ် နယ်စီယွန်နယ် (ပူးမားစ်)နဲ့ ကစားခဲ့တဲ့ ဂျိုအမ်ဂမ်ပါ ချစ်ကြည်ရေး ဖလား ပွဲစဉ်မှာ ရယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်