နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နံနက်ခင်း သတင်းများ (၃၁/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အမ်တီတီနဲ့ ပွစ်ဂ်တို့ ရောင်းမထွက်မှာကို စိုးရိမ်နေတဲ့ ဘာဆာ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ အသင်းရဲ့ နောက်ခံလူ ဆမ်မြူရယ် အမ်တီတီနဲ့ ကွင်းလယ်လူ ရီကီ ပွစ်ဂ် တို့ကို ရောင်းမထုတ်နိုင်မှာ စိုးရိမ်လျက်ရှိကြာင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ကတ်တလန် ကလပ်ဟာ အပြောင်းအရွှေ့ အစောပိုင်းမှာ လုံလောက်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ထားပြီး ဖြစ်တာကြောင့် လက်ရှိမှာ မလိုအပ်တဲ့ ကစားသမားတွေကို စတင် ရောင်းထုတ်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ လန်းဂ်လတ်၊ အဲလ်ဗက်စ်၊ ကော်တင်ဟိုနဲ့ ထရင်ကာအို တို့ကို ရှင်းထုတ်ထားနိုင်ခဲ့ပေမယ့် လက်ရှိ အသင်းရဲ့ လူစာရင်းမှာ ကစားသမား စုစုပေါင်း ၃၁ ဦးအထိ ကျန်ရှိနေတာကြောင့် မဖြစ်မနေ ထပ်ပြီး လျှော့ချဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ပီယာနစ် ကလည်း လာမယ့် ရာသီ နေရာ ရနိုင်မယ် ဆိုရင် သူ့ရဲ့ လစာကို ပြန်ပြီး ချိန်ညှိပေးဖို့ ဆန္ဒရှိနေပေမယ့် လာလီဂါ ကလပ် ဘက်ကတော့ လာမယ့် အပတ်ထဲမှာ အသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုသွားမယ့် သဘောရှိနေတယ်လို့ သိရပါတယ်။
ဘာဆာမှာ တစ်နှစ်လုပ် ယူရို ၁၂ သန်းနီးပါး ရရှိနေတဲ့ မီရာလမ် ပီယာနစ်

စပိန် သတင်းစာ SPORT.es ရဲ့ ဖော်ပြချက်အရ နီတို၊ မာတင် ဘရေ့သ်ဝိတ်၊ အော်စကာ မင်ဂွဲဇား တို့ကို စိတ်ဝင်စားနေတဲ့ ကလပ်တွေ ရှိနေပေမယ့် အမ်တီတီနဲ့ ရီကီ ပွစ်ဂ် တို့ အတွက် ချိတ်ဆက်မှုတွေ ကတော့ အားရစရာ မရှိလို့ ဒီကစားသမား ၂ ဦး ရောင်းမထွက်မှာကို ဘာစီလိုနာတို့ စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

နောက်ထပ် စပိန် သတင်းဌာန တစ်ခု ဖြစ်တဲ့ Mundo Deportivo မှာ‌တော့ အဲလ်အေ ဂလက်ဆီ အသင်းဟာ ရီကီ ပွစ်ဂ် ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အသင်း ဖြစ်နေပေမယ့် မေဂျာလိဂ် ကလပ်ဘက်က ကစားသမားရဲ့ အလားအလာကို အကဲဖြတ် သုံးသပ်နေပြီး ကမ်းလှမ်းသင့် မကမ်းလှမ်းသင့် စဉ်းစားနေတယ်လို့ ဖော်ပြထားပါတယ်။ ပွစ်ဂ်ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ကတ်တာလန် ကလပ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာ ဘက်ကတော့ စပိန် ကွင်းလယ်လူကို တစ်ရာသီ သက်တမ်း တိုးပြီး အငှားချသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အမ်တီတီ ကတော့ လက်ရှိ အချိန်ထိ ကမ်းလှမ်းလာတဲ့ အသင်း မရှိသေးသလို အကယ်၍သာ ရောင်းမထွက်ခဲ့ဘူး ဆိုရင် ဘာစီလိုနာ ဘက်က စာချုပ် ဖျက်သိမ်းဖို့ ဖိအားပေးသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ကလပ်ဘက်ရော၊ ကစားသမားဘက် ကပါ မလိုလားတာကြောင့် တတ်နိုင်သမျှ အသင်း ပြောင်းရွှေ့ဖို့ ကြိုးစားဦးမယ်လို့လည်း သိရပါတယ်။


ခြေစွမ်းကောင်းပေမယ့် လုပ်ခလစာများနေလို့ ရောင်းထုတ်ခံရဖွယ် ရှိနေတဲ့ ပီယာနစ်

မီရာလမ် ပီယာနစ်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် နည်းပြ ဇာဗီရဲ့ ယုံကြည်မှု ရရှိထားပေမယ့် ကလပ် ဘက်က ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ အဓိက ကတော့ ဘော့စနီးယား ကွင်းလယ်လူရဲ့ လစာ မြင့်မားမှုကြောင့် ဖြစ်ပြီး ဘာစီလိုနာတို့ တစ်နှစ်လုပ်ခ ယူရို ၁၂ သန်း ဆိုတဲ့ ပမာဏကို လျှော့ချချင်နေတာလည်း ဖြစ်ပါတယ်။

ဇာဗီက ပီယာနစ်ဟာ အသင်း အတွက် ဘောလုံး စီးဆင်းမှု မြန်ဆန်စေပြီး ဘောလုံး ပေးပို့မှု အားကောင်းသူ အဖြစ် လက်ခံထားပြီး လိုအပ်ရင် ကွင်းလယ်ဗဟိုမှာ အထိုင် ကစားနိုင်သူ ဖြစ်တာကြောင့်လည်း အသင်းမှာ ဆက်ထိန်းထားချင်နေတာ ဖြစ်ပါတယ်။ ပီယာနစ် ကလည်း လာမယ့် ရာသီ နေရာ ရနိုင်မယ် ဆိုရင် သူ့ရဲ့ လစာကို ပြန်ပြီး ချိန်ညှိပေးဖို့ ဆန္ဒရှိနေပေမယ့် လာလီဂါ ကလပ် ဘက်ကတော့ လာမယ့် အပတ်ထဲမှာ အသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုသွားမယ့် သဘောရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ် အရွယ် ဘော့စနီးယား ကွင်းလယ်လူကို အသင်းဟောင်း ဂျူဗင်တပ်စ် အပါအဝင် အီတလီ ကလပ် တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အရှေ့အလယ်ပိုင်း ကလပ် တချို့ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုတွေ လက်ခံရရှိထားတယ်လို့ သိရပါတယ်။


ဝေဖန်မှုတွေကို တခွန်းမကျန် တုန့်ပြန်နေတဲ့ လာပေါ်တာ

ဘာစီလိုနာ ဥက္ကဌ ဂျိုအန် လာပေါ်တာက သူတို့ အသင်းရဲ့ ကစားသမား ခေါ်ယူမှု အခြေအနေတွေနဲ့ ပတ်သတ်လို့ ဘေယန်မြူးနစ် နည်းပြ အပါအဝင် ဝေဖန်ပြောဆိုသူတွေကို ဆက်တိုက်ဆိုသလို တုန့်ပြန်ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
နေဂဲလ်စ်မန်းက သူ့ အသင်းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ဘာစီလိုနာတို့ ခေါ်ယူသွားခြင်းနဲ့ ပတ်သက်လို့ ဘဏ္ဍာရေး ကျပ်တည်းနေတယ်လို့ သတင်းထွက်နေတဲ့ ကြားထဲက ရအောင် ခေါ်ယူသွားတာဟာ ရူးသွပ်မှုပဲလို့ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ဘာစီလိုနာ
ဗယ်လက်ကာနို
1X2 ဗယ်လက်ကာနို @ 9.50
ဂိုးပေါ် 3.00 @ 1.96
ဂိုးပေါင်း 0-1 @ 4.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီအပေါ်မှာ လာပေါ်တာက “ကျနော် ဘေယန်မြူးနစ်ကို ပြောချင်တာကတော့ ခင်ဗျားတို့ ကိုယ့်ဘဏ် အကောင့် ကိုပဲ စစ်ဆေးဖို့ပါ။ အဲ့ဒီအထဲမှာ လီဝမ်ဒေါစကီး အတွက် ပိုက်ဆံတွေ သူတို့ လက်ခံရထားတယ်လေ။ ကျနော်က လူတိုင်းကို လေးစားပြီး အခြား သူတယောက်ရဲ့ ဘဏ္ဍာရေး ကိစ္စကို ဝင်ရောက် စွက်ဖက်နေမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ လီဝမ်ဒေါစကီး အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀၊ အပိုဆုကြေး ယူရို ၁၀ သန်း တောင်းဆိုခဲ့ပြီး လာလီဂါ ကလပ် ဘက်က ဘေယန်မြူးနစ် တောင်းဆိုတဲ့အတိုင်း ပေးချေသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး လာပေါ်တာက တချို့ ကစားသမားတွေ ကတော့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ချင်ကြောင်း တောင်းဆိုလာလို့ လက်ခံပေးရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်