နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နံနက်ခင်း သတင်းများ (၃၀/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ဗယ်ဗာဒီကို စိတ်ဝင်စားနေတဲ့ ကလော့ပ်

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် ကွင်းလယ် ကစားသမား ဖက်ဒရစ် ဗယ်ဗာဒီ ကိုတော့ လစ်ဗာပူးလ် အသင်းရဲ့ နည်းပြ ဂျာဂျင် ကလော့ပ်က စိတ်ဝင်စားနေတယ်လို့ စပိန် သတင်းစာ Nacional က ဖော်ပြခဲ့ပါတယ်။ သတင်းဖော်ပြချက်တွေအရ ကလော့ပ်ဟာ အသက် ၂၄ နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမားကို တော်တော်လေး သဘောကျနေပြီး ခေါ်ယူဖို့ စောင့်ဆိုင်းနေတယ်လို့လည်း သိရပါတယ်။

ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တာကြောင့် လာလီဂါ ထိပ်သီး ကလပ်ရဲ့ အဓိက ကွင်းလယ် ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒီကစားသမားဟာ လစ်ဗာပူးလ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပါအဝင် ပြီးခဲ့တဲ့ တစ်ရာသီလုံး ရီးရဲယ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၄၆ ပွဲ ကစားပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ရာသီသစ် မှာတော့ ဗယ်ဗာဒီ အနေနဲ့ အခုနွေရာသီမှ ပြောင်းရွှေ့လာတဲ့ ပြင်သစ် ကွင်းလယ် ကြယ်ပွင့် ချူအာမန်နီနဲ့ ပုံမှန် ပွဲထွက်ခွင့် တစ်နေရာ အတွက် အဓိကထား ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ ကတော့ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလား ရခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီက လူစာရင်း အတိုင်း ရာသီသစ်မှာ ဆက်လက် အသုံးပြုသွားဖို့ ရှိနေကြောင်း ပြောကြားထားပါတယ်။ 


ဘာဆာ မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒက်စ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးက စိတ်ဝင်စားနေတဲ့ အမေရိကန် နောက်ခံလူ ဆာဂျီနို ဒက်စ် ကတော့ ဘာစီလိုနာ မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြလာပါတယ်။

အဲရစ်ခ် တန်ဟက်ဂ်ဟာ သူ့အသင်းရဲ့ ညာနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဒါးလော့တ်နဲ့ ဝမ်ဘစ်ဆာခါ တို့ရဲ့ ခြေစွမ်းကို မယုံကြည်တာကြောင့် အေဂျက်စ် မှာတုန်းက တစ်ရာသီကြာ လက်တွဲခဲ့ဖူးတဲ့ ဆာဂျီနို ဒက်စ်ကို အိုးထရက်ဖို့ဒ်ဆီ အရခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကလည်း အားလုံး သိကြတဲ့အတိုင်း လက်တလော ခံစစ် ပြသနာ ကြီးကြီးမားမား ရှိနေပြီး ရာသီသစ် မစတင်ခင် နောက်ခံလူ တစ်ဦး ခေါ်ယူ အားဖြည့်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း AS သတင်းစာရဲ့ ဖော်ပြချက်အရ ဆိုရင် ဇာဗီရဲ့ စိတ်ကြိုက် ကစားကွက်ဟာ ၃-၄-၃ ဖြစ်ပြီး အဲလ်ဆတ်ဒ်မှာ ကျကျနန အသုံးပြုခဲ့ဖူးသလို လာလီဂါ ကလပ် မှာလည်း ချပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တိုက်စစ်ပိုမို လိုက်ပါနိုင်ပြီး ခံစစ် အတွက်လည်း စိုးရိမ်စရာ မရှိတဲ့ ၃-၄-၃ အခင်းအကျင်းကို သုံးချင်နေတဲ့ ဇာဗီ

လာလီဂါ ကလပ် ကလည်း ရောဘတ်လီဝမ်ဒေါစကီး၊ ရာဖင်ညာ၊ ကွန်ဒေး တို့လို ကစားသမားတွေ အများကြီး ရောက်ရှိလာခဲ့တဲ့ အတွက် ဝန်လျှော့ချတဲ့ အနေနဲ့ သူတို့ရဲ့ အသက် ၂၁ နှစ် အရွယ် နောက်ခံလူကို ပေါင် ၁၇ သန်းနဲ့ ရောင်းထုတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အသင်းကြီး နှစ်သင်းရဲ့ အပြိုင် စိတ်ဝင်စားခြင်း ခံနေရသလို ဘာစီလိုနာ ဘက်ကလည်း အလွယ်တကူ ထွက်ခွာခွင့်ပေးဖို့ ရှိနေခဲ့ပေမယ့် ကစားသမား ကတော့ ဘာစီလိုနာမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လက်ရွေးစင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဒက်စ်ဟာ စပိန် မှာပဲ ပွဲထွက်ခွင့် တစ်နေရာ ရဖို့ ဆက်လက် တိုက်ပွဲဝင်သွားဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ 


၃-၄-၃ ပြောင်းကစားဖို့ ပြင်ဆင်နေတဲ့ ဇာဗီ

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ် ကတော့ အဲလ်ဆက်ဒ် ကို ကိုင်တွယ်စဉ်က သူအသုံးပြုခဲ့တဲ့ ၃-၄-၃ ကစားကွက်ကို လာမယ့် ရာသီမှာ ပြောင်းလဲ အသုံးပြုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ နူးကမ့်ပ်ကို ရာသီ တစ်ဝက်နီးပါးမှ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဇာဗီ အနေနဲ့ ကလပ်ရဲ့ ဟန်ချက် မပျက်သွားအောင် ထိန်းဖို့ အတွက် ၄-၄-၃ အခင်းအကျင်း ကိုပဲ သီးသန့် အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း AS သတင်းစာရဲ့ ဖော်ပြချက်အရ ဆိုရင် ဇာဗီရဲ့ စိတ်ကြိုက် ကစားကွက်ဟာ ၃-၄-၃ ဖြစ်ပြီး အဲလ်ဆတ်ဒ်မှာ ကျကျနန အသုံးပြုခဲ့ဖူးသလို လာလီဂါ ကလပ် မှာလည်း ချပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဇာဗီ အနေနဲ့ ခံစစ်မှာ ရော်နယ် အာရူဟို၊ ကွန်ဒေး၊ ခရစ္စတန်ဆန် တို့နဲ့ တွဲပေးပြီး တောင်ပံ ခံစစ်တွေ အဖြစ် ဆာဂျီနို ဒက်စ်နဲ့ ဂျော်ဒီ အဲလ်ဘာ တို့ကို အသုံးပြုဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဗဟို ကွင်းလယ် မှာတော့ ဆာဂျီယို ဘူးစကွက်စ် (သို့မဟုတ်) ဒီယောင်၊ ပက်ဒရီနဲ့ ဂါဗီ တို့ကို အားပြု ပွဲထုတ်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ခံစစ်မှူး ၃ ဦးထားပြီး ကစားရခြင်းရဲ့ ရည်ရွယ်ချက်က လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်နိုင်သလို ခံစစ် အတွက်လည်း သိပ်ပြီး စိတ်ပူစရာ မလိုတာကြောင့် ဖြစ်ပါတယ်။ အထောင် တိုက်စစ်မှုး အဖြစ် ကျိန်းသေပေါက် ရောဘတ် လီဝမ်ဒေါစကီး ကိုပဲ အသုံးပြုဖို့ ရှိပြီး တောင်ပံ တိုက်စစ်တွေ အဖြစ် ဒမ်ဘီလီ၊ ရာဖင်ညာ၊ အော်ဘာမီယန်း၊ ဒီပိုင်းနဲ့ အန်ဆု ဖာတီ တို့ကို အလျဉ်းသင့်သလို သုံးသွားမယ့် သဘော ရှိပါတယ်။ 

အရင်ကလည်း ဘာစီလိုနာမှာ ၃-၄-၃ ကစားကွက်ကို အသုံးပြုခဲ့ဖူးပြီး ကလပ်ရဲ့ ဂန္တဝင် ဂျိုဟန်ခရိုက်ဖ် ကိုင်တွယ်ခဲ့စဉ်တုန်းက ၁၀ စုနှစ် တစ်ခုကျော် အကြာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်