နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နံနက်ခင်း သတင်းများ (၂၈/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ခင်း ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဇာဗီရဲ့ အဆွယ်ကောင်းမှုကြောင့် နူးကမ့်ပ်ကို ထပ်ပြောင်းလာဦးမယ့် ကွန်ဒေး

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်း ကတော့ ပြင်သစ် ခံစစ် ကြယ်ပွင့် ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူဖို့ အတွက် ဆီဗီလာနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း အပြောင်းအရွှေ့ ဂုရု ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပတ် ကတည်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူနိုင်ခဲ့ပေမယ့် ဆီဗီလာ အသင်းနဲ့ တော့ လက်ရှိအချိန်မှသာ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဖော်ပြချက်တွေ အရဆိုရင် ဘာစီလိုနာတို့ ကွန်ဒေးကို ချဲလ်ဆီး ကမ်းလှမ်းခဲ့တဲ့ ပေါင် ၅၅ သန်း ဝန်းကျင်နဲ့ပဲ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အစောပိုင်းက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ ကွန်ဒေးကို ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပေမယ့်လည်း ဇာဗီရဲ့ ဖုန်းခေါ်ဆိုမှုက ကွန်ဒေးရဲ့ ဆုံးဖြတ်ချက်ကို လုံးဝ ပြောင်းလဲသွားစေခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ ဆီဗီလာနဲ့ သဘောတူညီမှု ရရှိထားသည့် တိုင်အောင် ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာကိုပဲ ရွေးချယ်သွားခဲ့လို့ နောက်ဆုံး မှာတော့ လက်လျှော့လိုက်ရတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူးဟာ ဆီဗီလာ အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ အရပ်ရပ် ၁၃၃ ပွဲအထိ ကစားပေးခဲ့ပြီး လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် ခံစစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။


အက်ဇ်ပီလီကွယ်တာရဲ့ အပြောင်းအရွှေ့ အတွက် ချဲလ်ဆီးနဲ့ ညှိနှိုင်းဦးမယ့် ဘာဆာ

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာတို့ စပိန် နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွယ်တာရဲ့ အပြောင်းအရွှေ့ အတွက် ချဲလ်ဆီး အသင်းနဲ့ ညှိနှိုင်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဂျူးလ်စ် ကွန်ဒေးရဲ့ အပြောင်းအရွှေ့ကို အာရုံစိုက်နေရပေမယ့်လည်း တတ်နိုင်သမျှ သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေကို မလွတ်အောင် ကြိုးပမ်းနေခဲ့ပြီး အဓိက ပစ်မှတ် ဖြစ်တဲ့ ချဲလ်ဆီး အသင်းခေါင်းဆောင် ကိုလည်း နူးကမ့်ပ်ဆီ အရောက် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် စပိန် ဝါရင့် နောက်ခံလူဟာ ဇာဗီရဲ့ အဓိက ပစ်မှတ် ကစားသမား တွေထဲက တစ်ဦး ဖြစ်သလို ကစားသမား ကိုယ်တိုင်ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်နေသန်လို့ အလားအလာ ကောင်းနေတဲ့ အပြောင်းအရွှေ့ တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တူချယ် ကတော့ သူ့ရဲ့ အသင်းခေါင်းဆောင်ကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေတဲ့ သဘောရှိပြီး လာလီဂါ ကလပ် ဘက်က ကမ်းလှမ်းမှုတွေကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း ပြင်းပြင်းထန်ထန် တုန့်ပြန်ထားပါတယ်။ အဓိက, ကတော့ အက်ဇ်ပီလီကွယ်တာဟာ စွယ်စုံရသလို အတွေ့အကြုံနဲ့ ခေါင်းဆောင်မှု စွမ်းရည် ရှိသူ ဖြစ်တာကြောင့် ဇာဗီက သဘောကျနေတာ ဖြစ်ပြီး သက်သာတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူနိုင်မယ့် အခြေအနေကြောင့်လည်း သဘောထားတွေ တင်းမာနေသည့် တိုင်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းချင်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ မကြာခဏ ဆိုသလို ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး ချဲလ်ဆီးနဲ့ နီးစပ်ခဲ့သမျှ ကစားသမားတိုင်းကို ဘာစီလိုနာတို့ အရခေါ်ယူထားနိုင်တာ ကလည်း ထူးခြားချက် ဖြစ်ပါတယ်။ ဒါ့အပြင် ကတ်တာလန် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်က လန်ဒန် ကလပ် ကနေ စာချုပ် သက်တမ်း ပြည့်လို့ ထွက်ခွာလာတဲ့ ခရစ္စတန်ဆန်ကို ခေါ်ယူထားခဲ့သလို လက်ရှိ မှာလည်း အက်ဇ်ပီလီကွယ်တာ အပြင် မားကို့စ် အလွန်ဆို ကိုပါ ထပ်ပြီး ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
အိုဆာစူနာ
ဆီဗီလာ FC
1X2 သရေ @ 3.10
ဂိုးအောက် 2.00 @ 2.11
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂရစ်ဇ်မန်း အပါအဝင် ဘယ်သူ့ကိုမှ ရှင်းထုတ်သွားမှာ မဟုတ်ကြောင်း ထပ်မံ ဖြေရှင်းလာတဲ့ ဆီရီဇို

အန်တွန် ဂရစ်ဇ်မန်း ဟာ ရောင်းရန် မဟုတ်သလို အသင်းရဲ့ ဘယ်ကစားသမားကိုမှ ရှင်းထုတ်ဖို့ မလိုအပ်ဘူးလို့ လာလီဂါ ကလပ် အက်တလက်တီကို မက်ဒရစ် ဥက္ကဌ အင်းနရစ်ခ် ဆီရီဇိုက ပြောကြားလိုက်ပါတယ်။

အစောပိုင်းမှာတုန်းက လာလီဂါ ကလပ် အနေနဲ့ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အတွက် အန်တွန် ဂရစ်ဇ်မန်း အပါအဝင် ကစားသမား တချို့ကို ရောင်းထုတ်ပြီး ယူရို သန်း ၄၀ ရှာဖွေသွားဖို့ စီစဉ်နေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ် ဥက္ကဌ ဆီရီဇိုက ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ မနေ့ကတည်းက ထုတ်‌ဖော်‌ ပြောကြားထားသလို အခုလည်း ဘယ်ကစားသမား ကိုမှ ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း ထပ်မံ အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

ဆီရီဇိုက “ကောလာဟလတွေ များလာရင် အမှန်လို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အံ့အားသင့်စရာ အသင်း တစ်သင်း ရှိပါတယ်။ အရမ်းကောင်းတဲ့ အသင်း၊ အရမ်း ကောင်းတဲ့ နည်းပြနဲ့ ကောင်းမွန်တဲ့ ရာသီ တစ်ခု ဖြစ်လာဖို့ပဲ မျှော်လင့်သွားပါမယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။အက်တလက်တီကို မက်ဒရစ်ဟာ လာမယ့် ရက်တွေမှာ နူမန်စီရာ၊ မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်စ် တို့နဲ့ တောက်လျောက် ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်