နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – မနက်ခင်း သတင်းများ (၂၀/၉/၂၀၂၂)

စက်တင်ဘာ ၂၀ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုက သူ့ကို အားပေးစကား ပြောခဲ့ကြောင်း ဗင်နီးစီးယပ်စ် ဖွင့်ဟ

မနေ့က ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲ မတိုင်ခင်မှာ ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ကို ဖုန်းခေါ်ဆိုခဲ့ပြိး အားပေးစကားတွေ ပြောဆိုခဲ့တယ်လို့ ဗင်နီးစီးယပ်စ် ဂျူနီယာ က ဖွင့်ဟလိုက်ပါတယ်။ ဂိုးသွင်း အပြီး အောင်ပွဲခံမှုနဲ့ ပတ်သက်လို့ လူမျိုးရေး ခွဲခြားခံရမှုတွေ ကိုပါ ရင်ဆိုင်နေရတဲ့ ဗင်နီးစီးယပ်စ်ကို ရော်နယ်ဒိုက စိတ်ခွန်အားပေးခဲ့တာ ဖြစ်ပြီး ဒါဘီပွဲမှာ ခြေစွမ်းပြနိုင်စေဖို့လည်း ဆုတောင်းပေးခဲ့ကြောင်း ဆိုပါတယ်။  

ဒါဟာ ရော်နယ်ဒိုက လာလီဂါ အသင်းဟောင်းရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်နေဆဲ ဆိုတာ ကိုပါ သိသာစေခဲ့ပါတယ်။ အဆိုပါ ပွဲမှာ အေတီကို,ကို ရီးရဲလ်မက်ဒရစ်က ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ရိုဒရီဂိုနဲ့ ဗယ်လ်ဗာဒီ တို့က ဂိုးတွေသွင်းခဲ့ကာ အေတီကို အတွက် ဟာမိုဆိုက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ရိုဒရီဂိုက ဂိုးသွင်းပြီးချိန် မှာတော့ ဗင်နီးစီးယပ်စ်နဲ့ အသင်းဖော်နဲ့ အတူ ကခုန် အောင်ပွဲခံခဲ့ပြီး သူ့ကို ပွဲမတိုင်ခင် မျောက်လို့ ခေါ်ခဲ့တဲ့ အေတီကို ပရိသတ်တွေကို အကောင်းဆုံး လက်တုံ့ပြန်သွားခဲ့ပါတယ်။

ကွင်းအတွင်းကို ဝင်ရောက်ဖို့ ရီးရဲလ် ကစားသမားတွေ စောင့်ဆိုင်းနေချိန်မှာ အေတီကို ပရိသတ် အုပ်စု လေးတခုက မျောက်လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပြီး နောက်ထပ် ပရိသတ် တစ်ဦး ကလည်း ရီးရဲလ် ဂျာစီမှာ မျောက်ရုပ်ကို တပ်ဆင်ထားတဲ့ အရုပ်တခုကို ကိုင်ဆောင်ခဲ့ပါတယ်။

ရီးရဲလ် အသင်းသားတွေ ကလည်း သူတို့ အသင်းဖော်ဘက်က ရပ်တည်ပေးခဲ့ကြပြီး ရိုဒရီဂို ဗင်နီးစီးယပ်စ် တို့နဲ့ အတူ လိုက်ပါ ကခုန်ကာ အားလုံးအတူတူ ရှိနေတယ် ဆိုတာကို ပြသခဲ့ကြပါတယ်။


ပွဲပြီး အင်တာဗျူး ပြောစကားကြောင့် လှောင်ပြောင်ခံနေရတဲ့ အိုဘလက်ခ်

အက်သလက်တီကိုမက်ဒရစ် ဂိုးသမား ယန်အိုဘလက်ခ် ကတော့ မက်ဒရစ် ဒါဘီပွဲကို အရေးနိမ့်အပြီးမှာ ပြောဆိုခဲ့မှုတွေကြောင့် ပရိသတ်တွေရဲ့ ဟာသလုပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အေတီကိုဟာ အိမ်ကွင်းမှာပဲ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပြီးဒီရာသီမှာ ၂ ပွဲမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရကာ အမှတ်ပေးဇယားအဆင့် ၇ နေရာကို ရောက်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ နှစ်ဖက်အသင်းသားတွေ အချင်းများခဲ့ပြီး အေတီကို အတွက် လူစားဝင်လာပြီး ချေပဂိုး သွင်းပေးခဲ့တဲ့ ဟာမိုဆို တစ်ယောက် အနီကတ် ပြသခံခဲ့ရပါတယ်။ အိုဘလက်ခ်က “ ကျနော်တို့ အရှုံးနဲ့ မထိုက်တန်သလို ရီးရဲလ်ကလည်း နိုင်ပွဲ ရဖို့ မထိုက်တန်ပါဘူး၊ ဒါပေမယ့် ဒါက ဘောလုံးပါပဲ၊ ဟာမိုဆိုလည်း အနီကတ် မထိခဲ့သင့်ပါဘူး၊ ၁၀ ဦးတည်းနဲ့ ကျနော်တို့ ကစားခဲ့ရတာက ခက်ခဲခဲ့ပါတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာမိုဆိုက နာကျင် အချိန်ပိုမှာမှ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်လို့ အိုဘလက်ခ် ၁၀ ဦးတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုတဲ့ အချိန်ဟာ ၃ မိနစ်တည်းသာ ရှိခဲ့တာပါ။ ကျန်ပွဲချိန် အားလုံးကို ၁၁ ယောက်ချင်းစီ ကစားခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ ဒီလိုပြောဆိုမှုကို ပရိသတ်တွေက ဟာသလုပ် လှောင်ပြောင်နေကြပြီး အရေးနိမ့်တာကို အကြောင်းပြချက်ပေးမှုက မဟုတ်ကဟုတ်ကတွေကို ပြောခဲ့တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
ဘာစီလိုနာ
1X2 သရေ (Draw) @ 3.55
ဂိုးပေါ် 3.00 @ 2.09
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မက်မောဖွယ် ကမ်းလှမ်းမှုကို ပယ်ချပြီး ဘာကာမှာ ဆက်နေမယ့် ပူယိုးလ် လက်သစ်

ဘာစီလိုနာရဲ့ ပူယိုးလ် လက်သစ်လို့ တင်စားခံနေရတဲ့ နောက်ခံလူ ရော်နယ် အာရူဂျိုဟာ ပရီးမီးယားလိဂ် ကလပ် အသင်း တခုက မက်မောဖွယ် လစာနဲ့ ကမ်းလှမ်းခံရမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ လာလီဂါ ကလပ်နဲ့ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားတဲ့ အာရူဂျိုက အသင်း အပေါ် သူ့ရဲ့ သစ္စာရှိမှုကို မစွန့်လွှတ်နိုင်ဘူးလို့ ပြောဆိုခဲ့ပြီး နူးကမ့်မှာသာ ဆက်လက် ကစားသွားဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာဆာ နည်းပြ ဇာဗီ ကလည်း အာရူဂျိုက သူ့ရဲ့ အားအကိုးရဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်ထားပြီး အသင်းမှာ နေရာပေးဖို့ အတွက် ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ဗဟို ခံစစ်နေရာနဲ့ ညာအစွန် ခံစစ် နေရာတွေမှာ ကစားနိုင်တဲ့ အာရူဂျိုကို အသင်း ပရိသတ်တွေက သူတို့ရဲ့ နာမည်ကျော် အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ပူယိုးလ်နဲ့ ခိုင်းနှိုင်း ချီးကျူးထားကြတာ ဖြစ်ပါတယ်။ အယ်လ်ချီနဲ့ ပွဲမှာ ဘောလုံး လိုက်ဆယ်ရင်း အာရူဂျိုက ကွင်းအပြင်ဘက်ကို ရောက်သွားခဲ့ကာ သူ့ရှေ့မှာ အသင်း လိုဂို ရိုက်နှိပ်ထားတဲ့ မြက်ခင်းပြင်ကို တွေ့ချိန်မှာ ခုန်ကျော်ခဲ့ပါတယ်။ အသင်း အမှတ်တံဆိပ်ကို တက်မနင်းမိအောင် အာရူဂျိုက အားထုတ်ခဲ့တာ ဖြစ်ပြီး အဆိုပါ အပြုအမူက အသင်း ပရိသတ်တွေကို အသည်းခိုက်စေခဲ့ပြီး အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူ လို့ပါ ချီးကျူးခံခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်