နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နံနက်ခင်း သတင်းများ (၁/၈/၂၀၂၂)

အခုတစ်ခါ မှာတော့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ခင်းရဲ့ နောက်ဆုံးရ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီယောင်ကို လိုချင်လွန်းလို့ သူများ အကြွေးပါ စိုက်ရှင်းပေးဦးမယ့် ယူနိုက်တက်

တန်းဟက်ဂ်ရဲ့ တောင်းဆိုမှုကြောင့် မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေ ကတော့ ဖရန်ကီ ဒီယောင်ကို ခေါ်ယူရေး အတွက် လာလီဂါ ကလပ် ဘာစီလိုနာ ဘက်ကို နောက်ဆုံး အကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ နယ်သာလန် ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ၁၂ ပတ်ခန့် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက်တို့ အစောပိုင်းမှာ ကတည်းက ဒီယောင်ကို ပေါင် ၇၄ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီယောင်က ဘာစီလိုနာ ဆီက လစာ ကြွေးကျန် ပေါင် ၁၇ သန်းရမှ အသင်း ပြောင်းမယ်လို့ ဆုံးဖြတ်ထားတာကြောင့် ယူနိုက်တက်တို့ အခက်တွေ့နေရတာလည်း ဖြစ်ပါတယ်။

အခုနောက်ဆုံး မှာတော့ ယူနိုက်တက်ဟာ ဒီဂျောင်ကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းခွဲ အထိ ပေးပြီး အသင်းရဲ့ လစာအများဆုံး ကစားသမား အဖြစ်နဲ့ ခေါ်ယူဖို့ ညှိနှိုင်းမှာ ဖြစ်သလို ဘာဆာက ဒီဂျောင်ကို ပေးဖို့ ကျန်တဲ့ ပေါင် ၁၇ သန်းကိုပါ ကြားထဲက စိုက်ထုတ်ပေးဖို့ပါ ထည့်သွင်း ဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဖရန်ကီ ဒီယောင်ဟာ လက်ရှိ ဘာစီလိုနာမှာ တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းခွဲ ရရှိနေသူ ဖြစ်ပါတယ်။


နီကိုလာ မီလင်ကိုဗစ်ကို အနီးကပ် စောင့်ကြည့်နေတဲ့ အက်တလက်တီကို

ဖီအိုရင်တီးနား ဗဟိုခံစစ်မှူး နီကိုလာ မီလင်ကိုဗစ်ကို လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် အသင်း အနီးကပ် စောင့်ကြည့်နေတယ်လို့ အီတလီ သတင်းစာ La Nazione က ဖော်ပြလာခဲ့ပါတယ်။
နီကိုလာ မီလင်ကိုဗစ်ကို ခေါ်ယူဖို့ စီးရီးအေ ကလပ်တွေနဲ့ အပြိုင် ကမ်းလှမ်းရမယ့် အက်တလက်တီကိုမက်ဒရစ်

ဖီအိုရင်တီးနား ဗဟိုခံစစ်မှူး နီကိုလာ မီလင်ကိုဗစ်ကို လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် အသင်း အနီးကပ် စောင့်ကြည့်နေတယ်လို့ အီတလီ သတင်းစာ La Nazione က ဖော်ပြလာခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် အသင်းဟာ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား ထပ်မံ ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အက်တလက်တီကို ဥက္ကဌ အင်းနရစ်ခ် ဆီရီဇိုက အစောပိုင်းမှာ ကြေညာထားပေမယ့် မီလင်ကိုဗစ် ကတော့ သူတို့ရဲ့ စိတ်ကို ပြောင်းလဲသွားစေနိုင်တယ်လို့ စပိန် သတင်းစာ Mundo Deportivo ကလည်း ထပ်ဆင့် ဖော်ပြထားခဲ့ပါတယ်။

ဆာဘီးယား ဗဟိုခံစစ်မှူး မီလင်ကိုဗစ်ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်လို့ အကယ်၍ လက်ရှိ နွေရာသီမှာ ဆီမြွန်နီရဲ့ အသင်း မခေါ်ဖြစ်ခဲ့ရင်လည်း လာမယ့် ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းလောက်ပဲ ပေးချေရဖို့ ရှိမယ့် ဒီကစားသမား စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အက်တလက်တီကိုတို့ အခုလာမယ့် ရာသီမှာလည်း ကျိန်းသေပေါက် ၃ ယောက်တန်း ခံစစ်ကိုပဲ ဆက်လက် အသုံးပြုသွားဦးမယ့် သဘောရှိပြီး ဟာမိုဆိုနဲ့ ဖီးလစ်ပ် တို့ဟာ စိတိချရသူတွေ မဟုတ်တာကြောင့် နီကိုလာ မီလင်ကိုဗစ်ကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဆားဘီးယား ခံစစ်မှူးဟာ ၂၀၁၇ ခုနှစ်မှာ ပါတီဇန် ဘီရို ဂရက်ဒ် ကနေ ဖီအိုရင်တီးနားကို ပြောင်းရွှေ့လာခဲ့ပြီး ၅ ရာသီ အတွင်း စုစုပေါင်း ၁၇၂ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူထားပါတယ်။

လာလီဂါ
ဂီတာဖေး
အက်တလက်တီကို
1X2 အက်တလက်တီကို @ 1.97
ဂိုးပေါ် 2.00 @ 1.96
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဗာနာကို အငှားရရင်လည်း ခေါ်မယ့် ရီးရဲယ်

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် ကတော့ ချဲလ်ဆီး တိုက်စစ်မှူး တီမိုဝါနာကို အပြီးသတ် မဟုတ်ရင်တောင် အငှားနဲ့ အရင်ဆုံး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ Goal.com က ဖော်ပြလာပါတယ်။ ဒါပေမယ့်လည်း တစ်ဖက် မှာတော့ ရီးရဲယ်မက်ဒရစ်တို့ တိုက်စစ်ပိုင်း အတွက် လူခေါ်မယ် မခေါ်ဘူး ဆိုတာကို ၁၂ ရက် အချိန်ယူ စဉ်းစားသွားဦးမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ တီမီုဗာနာ လိုက်ပ်ဇစ်မှာ ကစားခဲ့စဉ် ကတည်း စိတ်ဝင်စားခဲ့ပြီး အပြီးသတ် မဟုတ်ရင်တောင် အတတ်နိုင်ဆုံး အငှားနဲ့ ခေါ်ချင်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး နည်းပြ သောမက်စ် တူချယ် ကလည်း တီမို ဗာနာကို ရောင်းထုတ်လိုခြင်း မရှိတာကြောင့် အငှားစာချုပ်နဲ့ ကမ်းလှမ်းချက် ကတော့ နှစ်ဖက် အသင်း အတွက်ရော၊ ကစားသမား အတွက်ပါ သင့်လျော်တဲ့ ရွေးချယ်မှု ဖြစ်လာဖို့ ရှိနေပါတယ်။

တီမိုဗာနာ ဟာ တိုက်စစ်မှာ သက်တောင့် သက်သာ ကစားနိုင်တဲ့ အပြင် ရီးရဲယ်မက်ဒရစ်တို့ လက်တလော လိုအပ်နေတဲ့ တိုက်စစ် ရွေ့လျားမှုကို ပုံဖော်ပေးနိုင်သူ ဖြစ်တာကြောင့် အန်ဆယ်လော့တီက သဘောကျနေခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ တီမိုဗာနာသာ ရောက်လာခဲ့ရင်တော့ ရိုဒရီဂိုနဲ့ အီဒင် ဟာဇက် ကတော့ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနိုင်ဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်