ဇူလိုင်လ ၃၁ ရက်နေ့ ညနေခင်း အချိန်အထိ ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မက်ဆီ တွေးနေတာ စူပါ ပီအက်စ်ဂျီ ၂.၀ ပရောဂျက်လို့ ပြောလာတဲ့ ဂယ်တီယာ
လီယွန်နယ် မက်ဆီ ဟာ တွေးနေတာဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ မဟုတ်သလို ကမ္ဘာ့ဖလား ကစားဖို့လည်း မဟုတ်ပဲ စူပါ ပီအက်စ်ဂျီ ၂.၀ စီမံကိန်း တစ်ခုတည်းကိုပဲ အာရုံစိုက်နေတယ်လို့ နည်းပြ ခရစ္စတိုဖာ ဂယ်တီယာက ပြောကြားလိုက်ပါတယ်။
မက်ဆီဟာ သူ့ရဲ့ လာလီဂါ ကလပ်ဟောင်း ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့မယ်လို့ ကောလာဟလတွေ ထွက်နေသလို တစ်ဖက် မှာလည်း ကမ္ဘာ့ဖလား ကိုပဲ အားရုံစိုက်ထားတယ် ဆိုပြီး သတင်းတွေကြီးနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပီအက်စ်ဂျီ နည်းပြ ခရစ္စတိုဖာ ဂယ်တီယာ က မက်ဆီဟာ ကလပ်နဲ့ ကောင်းမွန်တဲ့ ရာသီတစ်ခု ဖြတ်သန်းချင်နေကြောင်း၊ နိုဝင်ဘာလမှာ ကစားမယ့် ကမ္ဘာ့ဖလားကြောင့်ရော၊ ဘာစီလိုနာနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့်ပါ စိတ်ကူးလွဲသွားမှာ မဟုတ်သလို စိုးရိမ်ပူပန်နေမှာလည်း မဟုတ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စူပါ ပီအက်စ်ဂျီ ၂.၀ ကိုတော့ အခုည အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မှာ နန့်စ်နဲ့ ကစားမယ့် Trophee des Champions ပွဲစဉ်မှာ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ လာမယ့် နည်းပြသစ် ခရစ္စတိုဖာ ဂယ်တီယာ၊ အားကစား အကြံပေး လူးဝစ် ကမ်ပို့စ်နဲ့ အသင်းခေါင်းဆောင် မက်ဆီ တို့ဟာ စူပါ ပီအက်စ်ဂျီ ၂.၀ စီမံကိန်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီး ထူးခြားချက် ကတော့ အမ်ဘာပေး မပါပဲ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
အသင်းရဲ့ ကစားပုံကြောင့် တိုးတက်လာတာကြောင့် ကျေနပ်နေတဲ့ ဗယ်ဗာဒီ
ရီးရဲယ်ဟာ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားရာမှာ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး ကလပ် အမေရိကနဲ့ ၂ ဂိုးစီ သရေကျကာ၊ ဂျူဗင်တပ်စ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ထားခဲ့တာ ဖြစ်ပါတယ်။
Mundo Deportivoနဲ့ အင်တာဗျူးမှာ ရီးရဲယ်မက်ဒရစ် တောင်ပံ ကစားသမား ဗယ်ဗာဒီက “ရုပ်ပိုင်းဆိုင်ရာရော၊ နည်းစနစ်ပိုင်း ဆိုင်ရာမှာပါ တိုးတက်မှုတွေ ရှိလာပါတယ်။ အမြဲတမ်း အနိုင်ရချင်ပါလိမ့်မယ်။ ဒါပေမယ့် ရာသီကြို ပွဲစဉ်တွေဟာ ပုံမှန် ခြေစွမ်းကို ထိန်းထားဖို့နဲ့ စူပါဖလား အတွက် ပြင်ဆင်ဖို့ပါ။” လို့ ဆိုပါတယ်။
“ကျွန်တော်တို့ ဆက်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ရပါဦးမယ်။ စူပါဖလား အတွက်လည်း ပြင်ဆင်ရဦးမယ်။ ခြေအတက်အကျ မှန်ဖို့နဲ့ ကြံ့ခိုင်ရေး နည်းပြ အန်တိုနီယို ပင်တပ်စ် လိုချင်တာနဲ့ ကိုက်ညီဖို့က အရေးအကြီးဆုံးပါ။ ကလက်ဆီကိုမှာ ကျွန်တော်တို့ ရပ်တန့်ခံလိုက်ရတယ်။ ဒါပေမယ့် အခု မတူတော့ပါဘူး။ ကျွန်တော်တို့ ပိုကောင်းလာသလို ဖိအားတွေလည်း များလာပါပြီ။” လို့ ဗယ်ဗာဒီက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ဗယ်ဗာဒီဟာ အန်ဆယ်လော့တီ သဘောကျတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ချူအာမန်နီ ရောက်ရှိလာတာကြောင့် လာမယ့် ပုံမှန် ပွဲထွက်ခွင့်ရဖို့ မသေချာကြောင်း သတင်းထွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ် နည်းပြ ကလော့ပ် ကလည်း ခေါ်ယူဖို့ စောင့်ဆိုင်းနေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားထားတာကြောင့် ဥရုဂွေး တောင်ပံ ကစားသမားဟာ ရီးရဲယ်မက်ဒရစ်ကို စွန့်ခွာဖွယ် ရှိနေတယ် ဆိုပြီးလည်း သတင်းတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။
ရီးရဲယ်မက်ဒရစ် အသင်း ကတော့ လာမယ့် ဩဂုတ် ၁၁ ရက်မှာ ယူရိုပါလိဂ် ချန်ပီယံ ဖရန့်ဖတ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလား ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။
အက်ဇ်ပီ ရောက်၊ ဒက်စ် ပျောက်
အကယ်၍ လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ ချဲလ်ဆီး နောက်ခံလူ အက်ဇ်ပီလီကွယ်တာကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဆာဂျီနို ဒက်စ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ စပိန် သတင်းစာ SPORT.es က ဖော်ပြလာပါတယ်။
အသက် ၂၁ နှစ် အရွယ် အမေရိကန် နောက်ခံလူဟာ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ဘာစီလိုနာ အတွက် မိနစ် အတော်များများ ပွဲထွက် ကစားခွင့်ရထားသူ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က အပြိုင် စိတ်ဝင်စားနေပေမယ့်လည်း ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဇာဗီဟာ အက်ဇ်ပီလီကွယ်တာကို သဘောကျနေတာကြောင့် အကယ်၍ စပိန် ဝါရင့် နောက်ခံလူသာ ရောက်ရှိလာခဲ့ရင်တော့ ဒက်စ် အနေနဲ့ ကျိန်းသေပေါက် နေရာ ပျောက်မယ့် သဘော ရှိနေတာ ဖြစ်ပါတယ်။ လောလောဆယ် ကတ်တာလန် ကလပ်ဟာ အမ်တီတီနဲ့ ဘရေ့သ်ဝိတ် တို့ကို ရှင်းထုတ်ဖို့ ကြိုစားနေပြီး သူတို့ ပြီးရင်တော့ ဒက်စ် အလှည့် ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.