နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ ညနေခင်း သတင်းများ (၂၈/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။


ကမ္ဘာ့ဖလား ကိုပဲ အပြည့်အဝ အာရုံစိုက်ထားတဲ့ မက်ဆီ

လာလီဂါ ကလပ် ဘာစီလိုနာနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ လောလောဆယ်မှာ ကာတာ ကမ္ဘာ့ဖလားကိုပဲ အပြည့်အဝ အာရုံစိုက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က လာပေါ်တာနဲ့ ဇာဗီဟာ တချိန်ချိန်မှာ မက်ဆီကို ပြန်လည် ခေါ်ယူသွားဖို့ ရှိနေဆိုပြီး ပြောကြားခဲ့တာကြောင့် သတင်းတွေ ဆက်တိုက် တက်နေပေမယ့် ဖာဘရီဇီယို ရိုမာနို ကတော့ လက်ရှိ မက်ဆီရဲ့ အခြေအနေက ပကတိ တည်ငြိမ်နေတယ်လို့ အတည်ပြုထားပါတယ်။

ဒါပေမယ့် ဘာဆိုဘာမှ မသေချာတဲ့ အခြေအအနမှာ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်း တစ်နှစ် ကျန်ရှိနေသလို ပြင်သစ် ကလပ် ကလည်း မက်ဆီလို ကစားသမားမျိုးနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ လက်တလော မှာတော့ မက်ဆီ အနေနဲ့ ကမ္ဘာ့ဖလား တစ်ခုတည်းကိုပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့လည်း သိရပါတယ်။


ဘာဆာတို့ ငွေသုံးနိုင်ခြင်း အကြောင်းရင်းကို ရှင်းပြပေးခဲ့တဲ့ လာလီဂါ ဥက္ကဌ

ကတ်တာလန် ကလပ် အနေနဲ့ ဥက္ကဌ ဟောင်း ဘာတိုမြူ လက်ထက် ကတည်းက ဘဏ္ဍာရေး ပြသနာတွေကို အခုအချိန်အထိ ဖြေရှင်းလို့ မပြီးသေးသလို ကြွေးမြီကလည်း ပေါင် ၁.၃ ဘီလီယံ တင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျိုအန် လာပေါ်တာရဲ့ ဦးဆောင်မှုနဲ့ အတူ ကတ်တာလန် ကလပ် အနေနဲ့ လက်ရှိ အပြောင်းအရွှေ့ကာလမှာ လီဝမ်ဒေါစကီး၊ ရာဖင်ညာ၊ ကွန်ဒေး တို့လို ကစားသမားကောင်းတွေကို ခေါ်ယူဖို့ အတိုင်းအတာ တစ်ခုအထိ ငွေသုံးထားပြီး ခရစ္စတန်ဆန်နဲ့ ကတ်ဆေး တို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့လည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုလက်တလော ချဲလ်ဆီးက အက်ဇ်ပီလီကွယ်တာကိုပါ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် အားလုံးက အံ့အားသင့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကစားသမားတွေ ဆက်တိုက်‌ ခေါ်ယူထားတဲ့ အတွက် ဘာစီလိုနာတို့ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းမှုတွေအပြင် မှတ်ပုံတင်ရေး ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အချိန်မီ ပြီးစီးအောင် လုပ်ဆောင်ရဦးမှာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့တော့ လာလီဂါ ဥက္ကဌ တီဘက်စ်က “သူတို့ စည်းမျဉ်းတွေကို ကောင်းကောင်း နားည်ပြီး ဘာလုပ်ရမယ် ဆိုတာလည်း ကောင်းကောင်း သိပါတယ်။ သူတို့ လုပ်စရာတွေ ကျန်နေပါသေးတယ်။ ဒါပေမယ့် အဲ့ အတွက်လည်း အချိန်တွေ ကျန်ပါသေးတယ်။ သူတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ရုပ်သံထုတ်လွှင့်ခွင့်ကို ရောင်းချခဲ့ခြင်းဟာ ဘာစီလိုနာတို့ အခုလို ကစားသမားသစ်တွေ ခေါ်ယူဖို့ အပြင် လစာငွေ ပေးချေနိုင်ဖို့ အတွက် အဓိကကျတဲ့ ဖြေရှင်းမှု တစ်ခု ဖြစ်ခဲ့တယ်လို့ တီဘက်စ်က ဆက်လက် ပြောကြားသွားခဲ့ပါတယ်။ တီဘက်စ်ရဲ့ အဆိုအရ ၁၀ ရာခိုင်နှုန်းသော ရုပ်သံထုတ်လွှင့်ခွင့်ကို ရောင်းချခဲ့တာ ကနေ ဘာစီလိုနာတို့ ယူရို ၂၀၇ သန်း ရရှိခဲ့ပြီး အဲ့နောက် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ချိန် မှာတော့ အနည်းဆုံး ယူရို သန်း ၃၅၀ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တတိယ အဆင့် အနေနဲ့ ယူရို သန်း ၅၀၀ တိုးမြှင့်ရရှိမှာ ဖြစ်သလို အကယ်၍ အသင်းရဲ့ ပိုလျှံ ကစားသမားတွေကို ရောင်းထုတ်နိုင်မယ် ဆိုရင်လည်း ကတ်တာလန် ကလပ်ရဲ့ ငွေကြေး အခက်အခဲတွေ တဖြည်းဖြည်း ပြေလည်သွားဖို့ ရှိနေကြောင်း တီဘက်စ်က သေသေချာချာ ရှင်းလင်းသွားခဲ့တာ ဖြစ်ပါတယ်။


စပိန်ကို ပြန်လာတော့မယ့် ကော်စတာ

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာ ကတော့ လာလီဂါ ကလပ် ရေယို ဗလက်ကာနိုကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အက်တလက်တီကို မင်နဲရိုးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံး ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒီယေဂို ကော်စတာ

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာ ကတော့ လာလီဂါ ကလပ် ရေယို ဗလက်ကာနိုကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ် အရွယ် စပိန် တိုက်စစ်မှူးကြီးဟာ အခုနှစ် အစမှာ ဘရာဇီးလ် ကလပ် အက်တလက်တီကို မင်နဲရိုးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူပါ။ ကော်စတာဟာ အက်တလက်တီကိုမင်နဲရိုး အသင်း အတွက် ၁၉ ပွဲ ကစားပေးခဲ့ပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့သလို တစ်ရာသီ အတွင်း ပြည်တွင်း ဆုဖလား ၂ လုံး ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

လက်တလော ကော်တစတာ အနေနဲ့ စပိန်ကို ပြန်ပြီး ဗလက်ကာနို အသင်းနဲ့ အလျင်အမြန် ပူးပေါင်းသွားဖို့ ရှိနေတာကြောင့် တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ ကစားမယ့် ခြေစမ်းပွဲ မှာလည်း ကော်စတာကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဒီယေဂို ကော်စတာ ဟာ ၂၀၁၂ ခုနှစ်တုန်းက ရေယို ဗလက်ကာနို အသင်းမှာ အငှားနဲ့ သွားကစားခဲ့ဖူးပြီး ၁၆ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်