နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ ညနေခင်း သတင်းများ (၂၇/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။ 


ဘာနေဗျူးမှာ တစ်ရာသီ ဆက်နေဖို့ စဉ်းစားနေတဲ့ အဆန်စီရို

ပရီးမီးယားလိဂ် ကလပ် အများစုက စိတ်ဝင်စားနေတဲ့ မာကို အဆန်စီရို ကတော့ ရီးရဲယ်မက်ဒရစ် အသင်းမှာပဲ တစ်ရာသီ ဆက်နေသွားဖွယ် ရှိနေကြောင်း အပြောင်းအရွှေ့ ဂုရု ဖာဘရီစီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။

လက်ရှိ အပြောင်းအရွှေ့မှာ ဘာနေဗျူးကို စွန့်ခွာဖို့ စီစဉ်နေတဲ့ စပိန် တောင်ပံ ကစားသမား အဆန်စီရိုကို ဥရောပ ကလပ် အများစုက စိတ်ဝင်စားနေပေမယ့် တကယ်တမ်း မှာတော့ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ် နှစ်သင်းပဲ အတည်တကျ ကမ်းလှမ်းလာဖွယ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဆန်စီရို အနေနဲ့ လာလီဂါ ထိပ်သီး အသင်းမှာပဲ တစ်ရာသီ ဆက်နေပြီး ၂၀၂၃ ခုနှစ် အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ရိုမာနိုက ဆက်လက် ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း လာမယ့် ဩဂုတ်လ အတွင်း ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ အခြေအနေ တမျိုး ပြောင်းလဲသွားနိုင်ပြီး အဓိက ကတော့ ကမ္ဘာ့ဖလား ကျင်းပမည့်နှစ် ဖြစ်နေတာနဲ့လည်း သက်ဆိုင်တယ်လို့လည်း ရိုမာနိုက ဆိုပါတယ်။

အဆန်စီရိုဟာ ၂၀၁၄ ခုနှစ်က မာယော့ကာ ကနေ ရီးရဲယ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အက်စပန်ညိုမှာ တစ်ရာသီ အငှား ထွက်ကစားခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှ ရီးရဲယ်မက်ဒရစ် အတွက် စတင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၆ နှစ်တာ အတွင်း ၂၃၅ ပွဲ ကစားပြီး ၄၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ အဆန်စီရိုဟာ လာလီဂါ ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၃ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၃ ကြိမ်၊ စပိန် စူပါဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ် ရရှိထားခဲ့ပါတယ်။


ငယ်ဘဝ ကလပ်ဆီ မထင်မှတ်ပဲ ပြန်လည် ပြောင်းရွှေ့သွားတဲ့ လူးဝစ် ဆွာရက်ဇ်

လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ရဲ့ တိုက်စစ်မှူးဟောင်း လူးဝစ် ဆွာရက်ဇ် ကတော့ သူ့ရဲ့ ကစားသမား ဘဝ စတင်ရာ ဥရုဂွေး ကလပ် နာစီယွန်နယ် အသင်းကို ပြန်လည် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
ဥရောပထိပ်သီး ကလပ်တွေမှာ ကစားပြီး အဓိက ဆုဖလားနဲ့ တစ်ဦးချင်း အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ ဆွာရက်ဇ်

လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ရဲ့ တိုက်စစ်မှူးဟောင်း လူးဝစ် ဆွာရက်ဇ် ကတော့ သူ့ရဲ့ ကစားသမား ဘဝ စတင်ရာ ဥရုဂွေး ကလပ် နာစီယွန်နယ် အသင်းကို ပြန်လည် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ 

အသက် ၃၅ နှစ် အရွယ် လစ်ဗာပူးလ်နဲ့ ဘာစီလိုနာ ကစားသမားဟောင်း လူးဝစ် ဆွာရက်ဇ်ဟာ အခု နွေရာသီမှာ အက်တလက်ီတီကိုမက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။ ဆွာရက်ဇ်ဟာ အစောပိုင်းက အာဂျင်တီးနား ကလပ် ရေးဗားပလိတ်ကို‌ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် သဘောတူညီမှု ပျက်ပြယ်ခဲ့ရတာကြောင့် ဗီလာ၊ အတ္တလန္တာ၊ အေဂျက်စ်၊ ဒေါ့မန် တို့လို ဥရောပကလပ် အများစုနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

 အဓိက, ကတော့ အသင်းဖော်ဟောင်း ဂျရတ်နဲ့ ကော်တင်ဟိုတို့ ရှိရာ အက်စတွန်ဗီလာ ကို ပြောင်းရွှေ့ဖွယ် ရှိနေတယ် ဆိုပြီး ခန့်မှန်းဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥရုဂွေး တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ ကစားသမားဘဝ စတင်ရာ မွေးရပ်မြေ ကလပ်ကိုသာ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး နာစီယွန်နယ် မှာပဲ ကစားသမား ဘဝကို အဆုံးသတ်မယ့် သဘောလည်း ရှိပါတယ်။

၂၀၀၆ ခုနှစ်မှာ နာစီယွန်နယ် အတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့် ရခဲ့တဲ့ ဆွာရက်ဇ်ဟာ ၂၉ ပွဲသာ ကစားပြီး ဘရာဇီးလ် ကလပ် ဂရိုနင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နာမည်ကြီး အေဂျက်စ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရသလို ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၁၁ ခုနှစ်မှာ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်က ထပ်မံ ခေါ်သွားယူခဲ့ပါတယ်။ လစ်ဗာပူးလ်မှာ ၄ ရာသီ ဖြတ်သန်းပြီးနောက် လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းထံ ရောက်ရှိခဲ့ပြီး သူ့အတွက် အအောင်မြင်ဆုံး အချိန်ကာလတွေကို ဖြတ်သန်းခဲ့ပါတယ်။ အဲ့နောက် မှာတော့ အက်တက်တီကို မက်ဒရစ်မှာ ၂ ရာသီ ဆက်ကစားပြီး အခု နောက်ဆုံး မှာတော့ ဥရုဂွေးကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။


ပြောင်းလဲသွားတဲ့ ဒမ်ဘီလီနဲ့ ပီယာနစ်ကို ကြည့်ပြီး ပီတိ ဖြစ်နေတဲ့ ဇာဗီ

ဂျူဗင်တပ်စ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အူစမန်နီ ဒမ်ဘီလီနဲ့ မီရာလမ် ပီယာနစ်တို့ဟာ ကွဲပြားခြားနားတဲ့ ကစားသမားတွေ ဖြစ်သွားခဲ့ပြီလို့ ဘာစီလိုနာ နည်းပြ ဇာဗီက ချီးကျူးသွားခဲ့ပါတယ်။

ကွင်းလယ်လူ ပီယာနစ် အနေနဲ့ ဒုတိယပိုင်းမှ ပွဲထွက်ခွင့်ရခဲ့ပေမယ့် အကောင်းဆုံး ပုံစံ တစ်ခုကို ပြသနိုင်ခဲ့သလို အူစမန်နီ ဒမ်ဘီလီ ကလည်း လာလီဂါ ကလပ် ရရှိခဲ့တဲ့ ဦးဆောင်ဂိုး ၂ ဂိုး စလုံး သွင်းယူပေးနိုင်ခဲ့ကြပါတယ်။

ပြင်သစ် တောင်ပံ ကစားသမားရဲ့ စွမ်းဆောင်ရည် အပေါ် ဇာဗီက “သူ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ ဆိုတာ ပြသသွားခဲ့ပြီး ညာတောင်ပံ ကနေ တစ်ချက်၊ နှစ်ချက် လှုပ်ရှားပြီး အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ သူဟာ ကွဲပြားခြားနားတဲ့ ကစားသမား ဖြစ်ပြီး ထူးခြားပါတယ်။ ပြီးတော့ ကျွန်တော်တို့ အတွက် အများကြီး စွမ်းဆောင်ပေးခဲ့တယ်။” လို့ ဆိုပါတယ်။

အဲ့နောက် ကွင်းလယ်လူ ပီယာနစ် ကိုတော့ “သူ့ဆီက ဘောလုံး အရမ်းထွက်ပါတယ်။ ပြီးတော့ အတွင်းပိုင်းမှာ နေရာလွတ် ကောင်းကောင်း ရှာနိုင်တယ်။ ယေဘုယျ အားဖြင့်တော့ ဘောလုံး အမြင် သီးသန့်ရှိသူလို့ ပြောလို့ ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ပထမဦးဆုံး အကြိမ် ဘောလုံးထိပြီးတာနဲ့ ပွဲကို နားလည်နိုင်တဲ့သူ များများစားစား မရှိဘူးလေ။” လို့ ဇာဗီက သူ့ရဲ့ အမြင် အတိုင်း သုံးသပ်သွားခဲ့ပါတယ်။

ဒီပွဲ မှာတော့ ဘာစီလိုနာတို့ ဂျူဗင်တပ်စ်ကို ခြေစွမ်းပိုင်း အသာနဲ့ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးတွေလည်း သွင်းနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်း အားနည်းချက် တချို့ကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေကျခဲ့ပေမယ့် ဒမ်ဘီလီ၊ ပီယာနစ် တို့လို ကစားသမားတွေ ပုံမှန် ခြေစွမ်း ပြန်ရခဲ့တာကြောင့် နည်းပြ ဇာဗီ ကတော့ အားရ ကျေနပ်နေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်