နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – ညနေခင်း သတင်းများ (၁/၈/၂၀၂၂)

ဩဂုတ်လ ၁ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်မှာ နေရာ မရတဲ့ တဲလက်စ်ကို ခေါ်ယူချင်နေတဲ့ ဆီဗီလာ

လာလီဂါ ကလပ် ဆီဗီလာ အသင်း ကတော့ မန်ချက်စတာယူနိုက်တက်မှာ နေရာပျောက်နေတဲ့ ဘရာဇီးလ် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

ရိုမာနိုရဲ့ အဆိုအရ အဲလက်စ် တဲလက်စ်ကို စိတ်ဝင်စားနေတဲ့ ကလပ် အသင်း တော်တော်များများ ရှိနေပြီး အားလုံးထဲကမှ ဆီဗီလာ အသင်းက မကြာခင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင်ဟာ ပေါ်တို ကနေ ယူနိုက်တက်ထံ ပေါင် ၁၅.၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၂ ရာသီ အတွင်း ပြိုုင်ပွဲစုံ ပွဲပေါင်း ၅၀ သာ ကစားထားရသူ ဖြစ်ပါတယ်။

လုခ်ရှော ခြေစွမ်းကောင်းမွန်နေချိန်နဲ့ ကြုံခဲ့တဲ့ တဲလက်စ်ဟာ အိုလီဂန်နာ ဆိုးလ်ရှား လက်ထက် မှာ အရန်ခုံ ထိုင်နေရတာ များသလို ရန်းညက်ခ် ကိုင်တွယ်ချိန် မှာလည်း ပွဲထွက်ခွင့် မရခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေသူလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် အသင်းဟောင်း ပေါ်တိုက တဲလ်လက်စ်ကို ပြန်ခေါ်ဖို့ စိတ်မဝင်စားပေမယ့် ဆီဗီလာ ကတော့ ကာလတို စာချုပ်နဲ့ အရင်ဆုံး ကြိုးပမ်းလာဖို့ ရှိနေတယ်လို့ သိရပါတယ်။ အကယ်၍ အငှား ကာလ အတွင်း တဲလက်စ် အနေနဲ့ သူ့ရဲ့ လုပ်ခလစာကို အတတ်နိုင်ဆုံး လျှော့ယူပေးနိုင်မယ် ဆိုရင်တော့ အပြီးသတ် ခေါ်ယူသွားဖို့ ရှိနိုင်တယ်လို့ ရိုမာနိုက ဆက်လက် ဖော်ပြထားပါတယ်။


မိန့်ဇ် ကြယ်ပွင့် ဘက်ခတ်ဒ်ကို စောင့်ကြည့်နေတဲ့ ရီးရဲယ်

ဂျာမန် ကလာတဲ့ သတင်းတွေ အရ ဆိုရင် ရီးရဲယ်မက်ဒရစ်က မိန့်ဇ် လူငယ် တိုက်စစ်မှူး ဂျွန်နသန် ဘက်ခတ်ဒ် ကို ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
ဒီသတင်းကြောင့် တချို့က ရေရှည် အတွက် လက်ဦးမှု ရယူပြီး ခေါ်သင့်တယ်လို့ တွေးကြသလို တချို့ကတော့ ဘန်ဇီဟာ အနေနဲ့ နောက်ထပ် ၂ နှစ်လောက် ကောင်းကောင်း ကစားနိုင်သေးလို့ အလောတကြီး ခေါ်ဖို့ မလိုအပ်ဘူးလို့ သုံးသပ်နေကြပါတယ်။

အသက် ၂၂ နှစ် အရွယ် ဂျာမနီ တိုက်စစ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီက မိန့်ဇ် အတွက် လိဂ်ပွဲ ၃၄ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မိန့်ဇ် အကယ်ဒမီထွက် ဘက်ခတ်ဒ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတာကြောင့် လက်တလော ခေါ်ယူမယ် ဆိုရင်တော့ တန်ကြေး နည်းဖို့တော့ မရှိဘူးလို့ သိရပါတယ်။

တခြား သတင်းတွေ မှာတော့ ရီးရဲယ်မက်ဒရစ် တို့ သူတို့ အကယ်ဒမီထွက် တိုက်စစ်မှူးဟောင်း ရာအူးလ် ဒီ တိုမက်စ်ကို ယူရို သန်း ၃၀ လောက်နဲ့ ပြန်လည် ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေပါတယ်။ အသက် ၂၇ နှစ် အရွယ် စပိန် လက်ရွေးစင် တိုက်စစ်မှူးဟာ အက်စ်ပန်ညို အတွက် ပြီးခဲ့တဲ့ ရာသီက လာလီဂါ ပွဲစဉ် ၃၄ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းကာ၊ ၃ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။


အန်ဒွန်မ်ဘီလီနဲ့ အက်စတူပီနန်ကို ဒဲ့လဲဖို့ ညှိနှိုင်းနေတဲ့ စပါးနဲ့ ဗီလာရီးရဲယ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ လာလီဂါ ကလပ် ဗီလာရီးရဲယ် တို့ကတော့ တန်ဂီ အန်ဒွန်မ်ဘီလီနဲ့ ပါဗစ် အက်စ်တူပီနန် တို့ကို အလဲအလှယ် လုပ်ဖို့ ဆွေးနွေးနေတယ်လို့ စပိန် သတင်းထောက် တစ်ဦးက ဖော်ပြခဲ့ပါတယ်။
ပုံမှန် ခြေစွမ်းအောက် ရောက်နေတဲ့ အန်ဒွန်ဘီလီကို ရှင်းထုတ်ချင်နေတဲ့ စပါး

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ လာလီဂါ ကလပ် ဗီလာရီးရဲယ် တို့ကတော့ တန်ဂီ အန်ဒွန်မ်ဘီလီနဲ့ ပါဗစ် အက်စ်တူပီနန် တို့ကို အလဲအလှယ် လုပ်ဖို့ ဆွေးနွေးနေတယ်လို့ စပိန် သတင်းထောက် တစ်ဦးက ဖော်ပြခဲ့ပါတယ်။

ဒီလိုမျိုး လဲလှယ်ဖို့ အတွက် စတင် ကမ်းလှမ်းခဲ့တဲ့ အသင်းက တော့တင်ဟမ်ဟော့စပါး ဖြစ်ပြီး အသင်းကို ပြောင်းရွှေ့လာပြီးနောက် ပုံမှန်ခြေစွမ်းအောက် ရောက်နေတဲ့ အန်မ်ဒွန်ဘီလီကို ရှင်းထုတ်ချင်နေတာကြောင့် ဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ် ကွင်းလယ်လူ အန်ဒွန်ဘီလီဟာ လိုင်ယွန်မှာ ခြေစွမ်းပြနိုင်တာကြောင့် စပါးက ပေါင် ၅၄ သန်းပေးပြီး ခေါ်ယူခဲ့ပေမယ့် ၃ နှစ် အတွင်း ၉၁ ပွဲ ကစားပြီး ၁၀ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူဟာ နည်းပြ အန်တိုနီယို ကွန်တီရဲ့ လာမယ့် ရာသီ အစီအစဉ်ထဲမှာ မပါဝင်တော့သလို ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် မှာလည်း လိုက်ပါရခြင်း မရှိသူ ဖြစ်ပါတယ်။ အန်မ်ဒွန်ဘီလီကို တူရကီ ကလပ် ဂါလာတာစာရေး ကလည်း စိတ်ဝင်စားနေပေမယ့် ဗီလာရီးရဲယ်နဲ့ အပြောင်းအရွှေ့ ဖြစ်ဖို့က ပိုပြီး နီးစပ်နေတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်