နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နီကိုရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တဲ့ ဇာဗီရဲ့ ဘာစီလိုနာ (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဘာစီလိုနာ ၃ – ၂ အဲလ်ချီ

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၈ မှာတော့ ဘာစီလိုနာတို့ အဲလ်ချီကို ၃-၂ ရလဒ်နဲ့ အနိုင်ယူပြီး အဖိုးတန် ၃ မှတ်နဲ့ အတူ ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထသွားနိုင်ခဲ့ပါတယ်။ လူစားဝင် ကစားသမားလေး နီကို ဂွန်ဇာလက်ဇ်ရဲ့ နောက်ကျဂိုးကြောင့်သာ ဘာစီလိုနာတို့ ကံကောင်းခဲ့တာ ဖြစ်ပြီး ဇာဗီ အနေနဲ့လည်း ဘာစီလိုနာ နည်းပြ ဘဝ တတိယမြောက် လာလီဂါ နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ပီကေး ပွဲပယ် ပြစ်ဒဏ် ရှိနေခဲ့ပြီး ဒီပေး၊ ဒက်စ်၊ ဒီမီရာ၊ ပက်ဒရီ၊ ရော်ဘတ်တို၊ အန်ဆုဖာတီ၊ ဘရေ့သ်ဝိတ် တို့ ဒဏ်ရာပြသနာ ကိုယ်စီ ရှိနေခဲ့လို့ ဘာစီလိုနာတို့ ဂျူ့တ်ဂလာ၊ အက်ဇဲလ်ဇူလီ၊ ဂါဗရာ တို့လို လူငယ် ကစားသမား အများစု ကိုပဲ အားပြု ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲလ်ချီ ကတော့ လူစုံခဲ့ပြီး ဘာစီလိုနာရဲ့ ၄-၄-၃ ကို ၄-၄-၂နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ဇာဗီရဲ့ လူငယ် ကစားသမားတွေဟာ ဒီနေ့ပွဲ မှာတော့ တော်တော်လေး လုပ်အားနှုန်း ကောင်းခဲ့ပြီး ပွဲစကထဲက အဲလ်ချီရဲ့ ခံစစ်ကို အကောင်းဆုံး ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၁၆ မိနစ်နဲ့ ၁၉ မိနစ် မှာတင် ဦးဆောင်ဂိုး ၂ ဂိုးဆက် ရရှိခဲ့ပြီး ဖာရန်း ဂျု့တ်ဂလာနဲ့ ဂါဗရီတို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

လာလီဂါ
ဆီဗီလာ FC
ဘာစီလိုနာ
1X2 ဘာစီလိုနာ @ 2.99
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် 0.00 @ 2.33
ဂိုးပေါ် 2.50 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲချိန် ကြာလာတာနဲ့ အမျှ ဘာစီလိုနာတို့ ကစားအား တအိအိ ကျဆင်းလာခဲ့လို့ ဒုတိယပိုင်း ၆၂ မိနစ်နဲ့ ၆၃ မိနစ်တွေ မှာတော့ ဧည့်သည် အသင်းကို မထင်မှတ်ပဲ ချေပဂိုး ၂ ဂိုး ဆက် ပြန်ပေးခဲ့ရပါတယ်။ ဒီဂိုးတွေ ကိုတော့ တီတီနဲ့ ပီရီမစ်လာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရလဒ်ဆိုးတွေ အောက်က ရုန်းထဖို့ စိတ်ဓာတ်ပြင်းပြ နေတဲ့ ဘာစီလိုနာတို့ နည်းပြ ဇာဗီရဲ့ လူစားလဲ မှန်ကန်မှုနဲ့ အတူ ပွဲချိန် ၈၅ မိနစ် မှာတော့ အနိုင်ဂိုး ရရှိသွားခဲ့ပြီး လူစားဝင် ကစားသမားလေး နီကို ဂွန်ဇာလက်ဇ်က အဲလ်ချီ နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ ကြားက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ အိမ်ရှင်တို့ အနိုင်ဂိုးကို ထိန်းကစားသွားခဲ့လို့ ၃-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး နည်းပြ ဇာဗီ လက်ထက် တတိယမြောက် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ထားခဲ့တဲ့ ဘာစီလိုနာတို့ လူငယ် ကစားတွေရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ အတူ အပေါင်း လက္ခဏာ ဆောင်တဲ့ နိုင်ပွဲ တစ်ပွဲ ရရှိခဲ့တယ် လို့ပဲ ဆိုရပါမယ်။ အဓိက ကစားသမား ၈ ဦးလောက် ဒဏ်ရာ ပြသနာ ရှိနေချိန်မှာ ပုံစံကောင်း တစ်ခုနဲ့ နိုင်ပွဲ ပြန်လည် ရှာဖွေ နိုင်ခဲ့တဲ့ အတွက် ဝမ်းသာစရာ ဖြစ်ပေမယ့် ဒီပုံအတိုင်း ဆက်သွားနေရင်တော့ ဘာစီလိုနာရဲ့ အနာဂတ်က ဘယ်လို နည်းနဲ့မှ လှပဖို့ မရှိနိုင်ပါဘူး။ ဇာဗီ အနေနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘာစီလိုနာရဲ့ ပြသနာတွေကို‌ ဖြေရှင်းပေးနေပေမယ့် လူငယ်တွေကိုပဲ အားကိုးနေတာထက် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ထိရောက်တဲ့ ကစားသစ် ခေါ်ယူ အားဖြည့်မှုတွေ မဖြစ်မနေ ပြုလုပ်သင့်နေတဲ့ အခြေအနေ လို့ပဲ မြင်ပါတယ်။ ဧည့်သည် အဲလ်ချီ ကတော့ လာလီဂါ တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အသင်းကြီး တစ်သင်းရဲ့ ရုန်းအားကို တောင့်မခံနိုင်ခဲ့လို့ အမှတ်ဗလာနဲ့ပဲ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မှာတော့ ဆီဗီလာနဲ့ လာလီဂါ ပွဲစဉ် ၄ ပွဲကျန် ကစားရဖို့ ရှိနေပြီး အဲလ်ချီ ကတော့ ဇန်နဝါရီလ ၂ ရက်နေ့မှ ဂရန်နာဒါကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်