နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်ကို ငြင်းဖို့ မယုံနိုင်စရာ ၁ဘီလီယံတန် စာချုပ် ကမ်းလှမ်းခံခဲ့ရတဲ့ အမ်ဘာပေး (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်ကို ငြင်းဖို့ မယုံနိုင်စရာ ၁ဘီလီယံတန် စာချုပ် ကမ်းလှမ်းခံခဲ့ရတဲ့ အမ်ဘာပေး

ပီအက်စ်ဂျီ အသင်းဟာ ကီလီယန် အမ်ဘာပေးကို ယူရို ၁ ဘီလီယံ တန်ကြေး ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ကီလီယန် အမ်ဘာပေးဟာ ပီအက်စ်ဂျီကို စွန့်ခွာပြီး လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေသူ ဖြစ်ပါတယ်။

Defensa Central ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အမ်ဘာပေကို မယုံနိုင်ဖွယ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ယူရို ၁ ဘီလီယံ တန်ကြေး ရှိတဲ့ ၁၀ နှစ် စာချုပ်ကို ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစာချုပ်အရ ဆိုရင် အမ်ဘာပေးဟာ ပီအက်စ်ဂျီမှာ အသက် ၃၄ နှစ် အရွယ် အထိ ကစားသွားရမှာ ဖြစ်ပြီး ဘောလုံး သမိုင်း တစ်လျှောက်မှာ မက်မောလောက်ဖွယ် အကောင်းဆုံး စာချုပ်လည်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။


ယာအို ဖိလစ်ရဲ့ အပြောင်းအရွှေ့ကို ဆုံးဖြတ်လိုက်တဲ့ ဘာစီလိုနာ

COPE ဂျာနယ်လစ် ဟယ်လီနာ ကွန်ဒစ်က ဘာစီလိုနာ အသင်းဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးကို ခေါ်ယူဖို့ ဘဏ္ဍာရေးအရ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အပြောင်းအရွှေ့လို့ ရှုမြင်ထားတာကြောင့် ခေါ်ယူဖို့ ငြင်းပယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ယာအို ဖိလစ်က လာလီဂါ ကလပ်ဟာ အမြဲတမ်း သူ့ရဲ့ ဦးစားပေး ရွေးချယ်မှု ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့သလို တစ်နေ့ကျရင် နူးကမ့်မှာ ကစားချင်တယ်လို့ ပြောဆိုခဲ့တာပါ။
ဘာစီလိုနာနဲ့ ယာအိုဖိလစ် အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့တဲ့ အက်တလက်တီကို

ဖိလစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ဘာစီလိုနာ အသင်းမှာ ကစားဖို့က ၎င်းရဲ့ အိပ်မက် ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပြီးနောက် ကတ်တလန် အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ပေါ်တူဂီ တိုက်စစ်မှူးဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ ချဲလ်ဆီးကို အငှားနဲ့ ထွက်ကစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာ ဖြစ်ပါတယ်။

ယာအို ဖိလစ်က လာလီဂါ ကလပ်ဟာ အမြဲတမ်း သူ့ရဲ့ ဦးစားပေး ရွေးချယ်မှု ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့သလို တစ်နေ့ကျရင် နူးကမ့်မှာ ကစားချင်တယ်လို့ ပြောဆိုခဲ့တာပါ။ အဲဒီ ပြောဆိုမှု မတိုင်ခင်မှာ ဘာကာနဲ့ အက်သလက်တီကို တို့ဟာ အပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့ ဆက်သွယ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်တဲ့အတိုင်းပဲ ဘာစီလိုနာ အသင်းက ငွေကြေး အဆင်မပြေမှုကြောင့် ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူးကို ခေါ်ယူဖို့ အခွင့်အရေးကို ငြင်းပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ယာအို ဖိလစ်ကို အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ဖို့ လာလီဂါ ၂ သင်းကြား ဆက်သွယ် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။


ဆီဗီလာကို စွန့်ခွာချင်နေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား သူရဲကောင်း

ဘေယန်မြူးနစ် အသင်းဟာ မန်ဝဲလ် နော်အာနဲ့ ဆဗန် အူးဟိုက် တို့နဲ့ အတူ အလုပ်လုပ်မယ့် ဂိုးသမားသစ် ရှာဖွေနေတယ် ဆိုတာ အားလုံးအသိ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ဆီဗီလာ ဂိုးသမား ရက်ရှင်း ဘွန်နူ၊ ဗလင်စီယာ ဂိုးသမား ဂျော်ဂျီ မာမားဒက်ရှ်ဗီလီ တို့ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆီဗီလာ ဂိုးသမား ဘွန်နူက ဘေယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ဖို့အတွက် ခေါင်းညိတ်လိုက်ပုံ ပေါ်ပါတယ်။ မော်ရိုကို အသင်း အတွက် ၂၀၂၂ ကမ္ဘာ့ဖလားမှာ သူရဲကောင်း ဖြစ်ခဲ့တဲ့ ဂိုးသမားဟာ ဘေယန်မှာ နော်အာရဲ့ နောက် ဒုတိယ ဂိုးသမား ဖြစ်ရမယ် ဆိုရင်လည်း ဘာပြဿနာမှ မရှိနေဘူးလို့ သိရပါတယ်။ ဘွန်နူဟာ ဂျာမနီ လက်ရွေးစင် ဂိုးသမားကြီး နော်အာနဲ့ အနီးကပ် လေ့လာသင်ယူမှုတွေ ပြုလုပ်ချင်တာက အဓိကဖြစ်တယ် ဆိုပေမယ့်လည်း မော်ရိုကို ဂိုးသမားရဲ့ အသက် ကလည်း ၃၂ နှစ် ပြည့်တော့မှာ ဖြစ်တာကြောင့် ဘေယန်မြူးနစ် အနေနဲ့ နောက်ထပ် အစားထိုး ခေါ်ယူမှုကို သိပ်မကြာခင် နှစ်တွေ အတွင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် အသင်းက နော်အာရဲ့ နေရာမှာ အစားထိုးခေါ်ယူမှု အဖြစ် ခေါ်ယူခဲ့တဲ့ မွန်ချင်ဂလတ်ဘတ် ဂိုးသမားဟောင်း ယန်း ဆွမ်မားဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ အိုနာနာရဲ့ နေရာမှာ အစားထိုး ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အင်တာမီလန်နဲ့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်