လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူလိုခြင်း မရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် ဂျာမန်သား နည်းပြက ဘီလ်ဘာအိုက နီကို ဝီလီယမ်စ်နဲ့ အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်း တို့ကိုလည်း ခေါ်ယူလိုခြင်း မရှိဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ဆွီဒင် လက်ရွေးစင် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်သမျှ လျှော့ချဖို့ နည်းလမ်းတွေ ရှာဖွေလျက် ရှိပြီး ဂျိုး ဂိုးမက်ဇ်၊ ကွန်ဆာ၊ ဟာဗေလာလီဂါး အဲလီယော့တ်၊ ဘန် ဒိုအက်ခ် တို့နဲ့ အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်ဟာ အသင်းရဲ့ တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ရောင်းချမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း တာဝန်ရှိသူတွေ ကတော့ ဆလော့တ်ရဲ့ ဆုံးဖြတ်ချက်ကို ကျော်ကာ ကိုလံဘီယာ လက်ရွေးစင်အား စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းပြီး ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို တားဆီးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ အက်စတွန်ဗီလာနှင့် တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ကင်းထောက်တွေဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး မွိုက်စ် ကင်းန်ကို အဆက်မပြတ် စောင့်ကြည့်လျက် ရှိကြောင်း La Gazzetta dello Sport က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ အသင်းရဲ့ နောက်တန်းကို အားကောင်းလာစေဖို့ အတွက် ၎င်းတို့ရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်တဲ့ အဲလ်မီးရီးယား နောက်ခံလူ မာ့ခ် ပူဘီလ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပူဘီလ်ကို ခေါ်ယူဖို့ အတွက် လာလီဂါ ကလပ်ဟာ ယူရို သန်း ၂၀ (ပေါင် ၁၆.၇ သန်း) ဝန်းကျင် ကုန်ကျမှာလည်း ဖြစ်ကြောင်း MARCA က ဖော်ပြပါတယ်။
ချဲလ်ဆီးဟာ လာလီဂါ ကလပ် ဆီဗီလာ ဗဟို နောက်ခံလူ လိုအစ် ဘာဒီကို အခု နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားကို ချဲလ်ဆီးက ယူရို သန်း ၄၀ (ပေါင် ၃၃.၃ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိပြီး အပြောင်းအရွှေ့ အဆင်ချောစေဖို့ အတွက် ထရီဗို့ ချာလိုဘာ့နဲ့ မီခိုင်လို မူဒရစ်ခ် တို့ကို အငှားပြန်ချပေးသွားဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ကွင်းလယ် ကြယ်ပွင့် ကိုဘီ မိန်းနူးကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ကိုဘီ မိန်းနူး ကိုတော့ ချဲလ်ဆီးက တော်တော်လေး မျက်စိကျနေတာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ကမ်းလှမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ မိန်နူး အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ရရှိရင် ရောင်းထုတ်သွားဖို့ လျာထားဆဲ ဖြစ်ကြောင်း Manchester Evening News က ဖော်ပြပါတယ်။
အာဆင်နယ် ကတော့ လက်စတာစီးတီး ကွင်းလယ်လူ ဘီလဲလ် အဲလ် ခန်နော့စ်ကို ခေါ်ယူဖို့ အတွက် လိုက်ပ်ဇစ်၊ လာဇီယို တို့နဲ့ အပြင် စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်ဟာ လာမယ့် ရာသီ ကစားသမား ၇ ဦး အထိ ခေါ်ယူဖို့ ရှိပြီး အဲဒီ အထဲမှာ ကွင်းလယ်လူ တစ်ဦးလည်း ခေါ်ယူဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.