နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

VAR စနစ် အပေါ် ယုံကြည်မှု ရှိကြောင်း ပြောကြားလာခဲ့တဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ သူတို့ အသင်း အနေနဲ့ VAR စနစ် အပေါ် ယုံကြည်မှု ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂၄ မှာ ရေယို ဗယ်လက်ကာနိုကို ၁-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာက ခက်ခက်ခဲခဲ ကစားခဲ့ရပြီးတော့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ တစ်လုံးတည်းသော ပင်နယ်တီ သွင်းဂိုးနဲ့ ဗလက်ကာနိုကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဗလက်ကာနို ကလည်း သွင်းဂိုး ၁ ဂိုး ရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VAR ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဟန်ဆီ ဖလစ်ခ် ကတော့ သူတို့ အသင်း အနေနဲ့ VAR အပေါ် အပြည့်အဝ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဟန်ဆီ ဖလစ်ခ်က “တကယ်ကောင်းတဲ့ ပြိုင်ဘက်နဲ့ ကစားခဲ့ရတာ ဖြစ်လို့ အရမ်းပဲ ခက်ခဲခဲ့ပါတယ်။ ကစားသမားတွေ အတွက် အရမ်း ခက်ခဲခဲ့တဲ့ အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အားလုံးလည်း ပျော်ရွှင်နေကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဒီထက်တော့ ပိုကောင်းခဲ့သင့်ပါတယ်။ VAR အပေါ် ကျွန်တော်တို့ အနေနဲ့ အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ ဒီစနစ် အပေါ် မှာလည်း ယုံကြည်ပါတယ်။” လို့ မှတ်ချက်ပေး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဗလက်ကာနိုနဲ့ ပွဲမှာ ဘာစီလိုနာ အတွက် ၁ လုံးတည်းသော အနိုင်ဂိုးကို ပယ်နယ်တီ ကနေ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကလည်း ဒီရာသီမှာ လာလီဂါ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်တွေ မှာတော့ မက်ဒရစ် မြို့ခံ နှစ်သင်းစလုံး သရေကျခဲ့တာကြောင့် ဘာစီလိုနာက တဖန် ပြန်လည် ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းပေါင်း ၂၀ နဲ့ ကျင်းပတဲ့ လာလီဂါ ပြိုင်ပွဲ စတင်ချိန်ကစလို့ ပွဲစဉ် ၂၄ အပြီး ထိပ်ဆုံး ၃ သင်း အကြား ရမှတ် ၁ မှတ်သာ ကွာဟနေခြင်းဟာ ပြိုင်ပွဲ သမိုင်းတလျှောက် တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ၁၉၉၂-၁၉၉၃ ဘာစီလိုနာ ချန်ပီယံနဲ့ ၂၀၁၃-၂၀၁၄ အက်တလက်တီကိုမက်ဒရစ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘောလုံး ရာသီတွေမှာသာ အခုလို ဖြစ်ခဲ့တာပါ။

ဘာစီလိုနာဟာ ရမှတ် ၅၁ မှတ်နဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အမှတ်တူ ဂိုးကွာခြားချက် အသာရကာ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး တတိယနေရာက အက်တလက်တီကိုမက်ဒရစ် ကိုတော့ ၁ မှတ် အသာရထားပါတယ်။ ဗလက်ကာနိုနဲ့ ပွဲမှာ ဘာစီလိုနာ အတွက် ၁ လုံးတည်းသော အနိုင်ဂိုးကို ပယ်နယ်တီ ကနေ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကလည်း ဒီရာသီမှာ လာလီဂါ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပါတယ်။ 

ဘာစီလိုနာ အနေနဲ့ ဒီရာသီ လာလီဂါမှာ ပယ်နယ်တီ သွင်းဂိုး အများဆုံး အဖြစ် ၄ ဂိုး သွင်းယူထားကာ အလာဗတ်စ်၊ လီဂါနက်စ် တို့နဲ့ အတူ ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်နေပါတယ်။ ဒီထဲကမှ ၃ ဂိုး ကိုတော့ ရောဘတ် လီဝမ်ဒေါစကီးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ ၂၀၂၅ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ရှုံးပွဲ မရှိခဲ့ပဲ ၁၀ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၄၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်