နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာ နည်းပြသစ် အပေါ်မှာ မူတည်နေတဲ့ ယာအို ဖီးလစ်ရဲ့ အနာဂတ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်း ကတော့ ဇာဗီ ဟာနန်ဒက်ဇ်ကို ထုတ်ပယ်ခဲ့ပြီးတော့ လာမယ့် ရက်ပိုင်း အတွင်းမှာ ဟန်ဆီ ဖလစ်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်တော့မှာ ဖြစ်ပါတယ်။ ကတ်တာလန် ကလပ်ရဲ့ ဥက္ကဌ ဖြစ်တဲ့ ယိုအန် လာပေါ်တာ ကတော့ နည်းပြသစ် လက်ထက်မှာ အသင်းကို ပုံစံ အသစ်နဲ့ မြင်တွေ့ရဖို့ မျှော်လင့်နေပြီးတော့ အောင်မြင်မှုတွေလည်း ရရှိဖို့ အတွက် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာက နည်းပြသစ်နဲ့ အတူ ကစားသမားသစ်တွေနဲ့ အသင်းကို အသစ်တဖန် ပြန်လည် စတင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေနဲ့ လမ်းခွဲဖို့ ရှိသလို တစ်ဖက်မှာလည်း ကစားသစ်တွေ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Sport ရဲ့ အဆိုအရ အသင်းနဲ့ လမ်းခွဲဖို့ ရှိနေတဲ့ ကစားသမားတွေထဲမှာ အက်တလက်တီကို မက်ဒရစ် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ယာအို ဖီးလစ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီပေါ်တူဂီ တိုက်စစ်မှူး ဘာစီလိုနာမှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင် ကစားပေးခဲ့ပြီး လာလီဂါ မှာတော့ ပွဲပေါင်း ၃၀ ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲအများစုမှာ လူစားဝင် ကစားသမား အဖြစ်နဲ့ပဲ ပွဲထွက်ခွင့်ရခဲ့တဲ့ ယာအို ဖီးလစ် အတွက် ဘာစီလိုနာ ကစားသမားဘဝဟာ စိတ်ပျက်စရာကောင်းခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဓိက ကတော့ သူ့ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေကြောင့် ဇာဗီ လက်ထက်မှာ အရံခုံ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမီနို ကတော့ ဖီးလစ်ရဲ့ အနာဂတ်ဟာ ဘာစီလိုနာနဲ့ မန်နေဂျာ အသစ် အပေါ် မှီတည်နေတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယာအို ဖီးလစ်ရဲ့ အေးဂျင့် ဖြစ်တဲ့ ဂျော့ဂျ် မန်းဒက်စ် ကတော့ နောက်ထပ် တစ်ရာသီ အငှားနဲ့ ဘာစီလိုနာမှာ ဆက်ရှိနေဖို့ ကြိုးပမ်းနေတယ်လို့ သိပါတယ်။ အဓိက ကတော့ ဖီးလစ်ဟာ ဆော်ဒီမှာ ကစားလိုခြင်း မရှိတာကြောင့် မန်းဒက်စ် အနေနဲ့ လာလီဂါ ကလပ်မှာပဲ ဆက်ရှိနေဖို့ ညှိနှိုင်းပေးနေရတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် အသက် ၂၄ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင်ကို မိခင် ကလပ် ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ်က ပြန်မလိုချင်သလို တစ်ဖက်မှာ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုနဲ့ ဥက္ကဌ ယိုအန် လာပေါ်တာ တို့ကလည်း ဖီးလစ်ဟာ အသုံးဝင်နိုင်ဦးမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ခိုင်မာတဲ့ သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက် အရ ဆိုရင် ဖီးလစ်ကို ဒေကိုနဲ့ လာပေါ်တာက သဘောကျပေမယ့်လည်း နည်းပြဟောင်း ဇာဗီ ကတော့ ဂျောင်ထိုးခဲ့တယ်လို့ သိရသလို ဟန်ဆီ ဖလစ်ခ် လက်ထက်မှာတော့ ပုံစံကောင်း ပြန်ရလာနိုင်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

ဖီးလစ်ဟာ နည်းပြသစ် ဖြစ်လာမယ့် ဖလစ်ခ် အတွက် သဘောကျလောက်တဲ့ ကစားသမား မဟုတ်ပေမယ့်လည်း အကယ်၍ ဘာစီလိုနာ ဘက်ကသာ မီးစိမ်းပြရင် နောက်ထပ် တစ်ကြိမ် အငှားစာချုပ်နဲ့ ကတ်တလန် ကလပ်မှာ ဆက်ရှိနေဖို့ များနေတာ ဖြစ်ပါတယ်။

ယာအို ဖီးလစ်ဟာ ကစားသမားဘဝ အစောပိုင်းမှာ အစွမ်းကုန် တောက်ပခဲ့ပေမယ့် နောက်ပိုင်း မှာတော့ တဖြည်းဖြည်း ခြေစွမ်း ကျဆင်းနေပြီး မကြာခဏ ဆိုသလို အငှားထွက်ကစားနေရတာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ပင်ကိုယ် အရည်အသွေး ရှိသူ ဖြစ်ပေမယ့် ကြံခိုင်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေပြီး သူ့ရဲ့ လေးပင်တဲ့ ကစားဟန်၊ အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် အသင်းတိုင်းမှာ အရန်ခုံထိုင်နေရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်