ယိုအန် ဂါစီယာက အသင်းကို အကြိမ်ကြိမ် ကယ်တင်ခဲ့ကြောင်း ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ စပိန် ဂိုးသမားကို ဟန်ဆီ ဖလစ်ခ်က ချီးကျူးသွားခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ ယိုအန် ဂါစီယာရဲ့ လက်စွမ်းပြမှုတွေနဲ့ လာလီဂါ ၈ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဆောင်းရာသီ နားရက်ကို အဆင့် ၁ နေရာနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဟန်ဆီ ဖလစ်ခ်က ဘာစီလိုနာ အတွက် ယိုအန် ဂါစီယာရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး တနင်္ဂနွေနေ့က ဗီလာရီးယဲလ်ကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ သူက “ ကျွန်တော်တို့ကို ကယ်တင်ခဲ့တယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ ရာဖင်ညာနဲ့ လာမင်း ယာမယ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ဂါစီယာရဲ့ လက်စွမ်းပြမှုတွေ ကလည်း အရေးပါခဲ့ပါတယ်။ ဂါစီယာက ဗီလာရီးရဲလ်ရဲ့ အပိုင်ကန်ချက် ၅ ကြိမ်ကို ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းက ၂၀၂၅ ခုနှစ် အတွင်း တိုက်စစ်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီးတော့ ပြိုင်ပွဲစုံ အရပ်ရပ် ပွဲပေါင်း ၆၀ မှာ ၁၆၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၃၈ ပွဲမှာ ၁၀၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ နားရက် မတိုင်ခင် ကတ်တာလိုးနီးယား ကလပ်က ပြိုင်ပွဲစုံ ၇ ပွဲစလုံး အနိုင်ရခဲ့ပြီး နောက်ဆုံး ၃ ပွဲစလုံး ကိုတော့ ၂-၀ ရလဒ်တွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ဗီလာရီးရဲလ်နဲ့ ပွဲအပြီးမှာ ဂါစီယာရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သလို ဆောင်းရာသီ အားလပ်ရက်ကို အမြင့်ဆုံး အဆင့်နဲ့ ဖြတ်သန်းနိုင်လို့ ဝမ်းသာနေပါတယ်။ ဖလစ်ခ်က “သူက ကျွန်တော် တို့ကို အကြိမ်ပေါင်း များစွာ ကယ်တင်ခဲ့ပါတယ်။ ပေးဂိုး မရှိ နိုင်ပွဲ ရခဲ့တာ ကိုလည်း ကျွန်တော် အရမ်းပျော်ပါတယ်။ သူက ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော် တို့က အသင်း တစ်သင်းပါ။ ဘောလုံးနဲ့ အတူရော၊ မပါတဲ့ အချိန်မှာရော ကျွန်တော်တို့ အားလုံး ခံစစ် ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ နည်းနည်း ပင်ပန်းနေပြီး ဘောလုံးပေးပို့မှု တချို့ လွဲချော်ခဲ့ပါတယ်။”
“ယိုအန် ကျွန်တော့် အသင်းမှာ ရှိနေတာကို ကျွန်တော် ဝမ်းသာပါတယ်၊ ဒါပေမယ့် သူ နိုင်ငံ အသင်း အတွက် သွားမလား မသွားဘူးလားဆိုတာ ကျွန်တော့် အလုပ် မဟုတ်ပါဘူး။ ဘာစီလိုနာက နောက်ဆုံး ၈ ပွဲမှာ ၂ ဂိုး ဒါမှမဟုတ် ၂ ဂိုးထက် ပိုသွင်းနိုင်ခဲ့ပြီး ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ အရာအားလုံးကို ကျော်လွှားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အရေးကြီးဆုံးအရာက အသင်းရဲ့ လေ့ကျင့်မှုပုံစံပါ။ အားလုံးက ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ကြပါတယ်။ လေ့ကျင့်ရေးမှာ ကျွန်တော်တို့ ဘယ်လိုရှိနေလဲ ဆိုတာ မြင်နိုင်ပါတယ်။ အခုတော့ မိသားစုနဲ့အတူ အနားယူပြီး ခရစ္စမတ်ကို ဖြတ်သန်းဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာ ကတော့ ခရစ္စမတ် နားရက် ကုန်ဆုံးချိန်မှာ အနီးကပ်ဆုံး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် ကိုတော့ ၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘ
စီလိုနာ အနေနဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာတော့ လာလီဂါ ပွဲစဉ် ၁၉ အဖြစ် အက်စ်ပန်ညိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


