ဘာစီလိုနာ ကတော့ အခုတစ်ပတ် လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်ဆိုစီဒက်ကို အဝေးကွင်းမှာ နည်းပြ ဟန်ဆီ ဖလစ်ခ်က ရီးရဲလ် ဆိုစီဒက်ကို အဝေးကွင်းကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာက ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ် ကိုလည်း တစ်ပွဲလျော့ ၆ မှတ်သာ ဖြတ်ထားနိုင်ပါတော့တယ်။
အဲဒီ ရှုံးပွဲအပြီးမှာ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ်က သူတို့ အသင်း အပေါ် ဆုံးဖြတ်ချက် အမှားတွေ ချမှတ်ခဲ့တဲ့ ဒိုင်တွေထက် တစ်ပွဲလုံးမှာ ပုံမှန် စွမ်းဆောင်ရည်အောက် ရောက်ရှိခဲ့တဲ့ တစ်သင်းလုံးရဲ့ အမှား ကသာ ပိုများခဲ့တယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဆိုစီဒက်နဲ့ ပွဲစဉ် မတိုင်ခင် လာလီဂါ မှာ အိုဆာဆူနာ တစ်သင်းတည်း ကိုသာ ရှုံးနိမ့်ထားခဲ့ပြီး ကျန်ပွဲတွေ အားလုံးကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုစီဒက်နဲ့ ပွဲစဉ် မှာတော့ တောင်ပံကစားသမားလေး လမင်း ယာမယ် မပါဝင်နိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်းက သိသိသာသာ အားနည်းခဲ့ပြီး ကျန်ကစားသမားတွေ ကလည်း ခြေစွမ်းပိုင်း ပုံမှန်အောက်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပွဲချိန် အတွင်း VAR ရဲ့ ဆုံးဖြတ်ချက်တွေ ကလည်း အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ရောဘတ် လီဝမ်ဒေါစကီး သွင်းယူခဲ့တဲ့ အစောပိုင်း သွင်းဂိုး ကလည်း လူကျွံဘော အဖြစ်သာ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ဒိုင်လူကြီးတွေကို အပြစ်တင်ဖို့ထက် အမှားတွေ များခဲ့တဲ့ သူတို့ရဲ့ အသင်းကိုသာ အပြစ်တင်ရမှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဟန်ဆီ ဖလစ်ခ်က “ကျွန်တော် ပုံတွေကို မြင်ပါတယ်။ ဒီဂိုးက တရားဝင်တဲ့ သွင်းဂိုးပါပဲ။ ဒီဂိုးကို ခွင့်မပြုဘဲ ပယ်ဖျက်လိုက်တာ မှားတယ်လို့ ဒိုင်လူကြီးကို ကျွန်တော် ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် တို့တွေ ဒိုင်တွေ ကိုပဲ အပြစ် လိုက်တင်နေလို့ မရပါဘူး။ ကျွန်တော် တို့က လူသားတွေ ဖြစ်လို့ အမှားတွေ ကိုလည်း လုပ်တက်ကြပါတယ်။ ဒီနေ့မှာ ကြီးမားတဲ့ အမှားတွေကို ကျွန်တော်တို့ လုပ်ဆောင်မိခဲ့ပါတယ်။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဖလစ်ခ်က“ကျွန်တော်တို့ အစပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် သူတို့က ကျွန်တော် တို့ကို ဖိအားတွေ ပေးလာခဲ့တယ်။ Long ball တစ်ကြိမ်နဲ့ သူတို့ အသင်းကို လွတ်လွတ်ကျွတ်ကျွတ် ဂိုးတွေ သွင်းနိုင်ဖို့လည်း ကျွန်တော်တို့ အခွင့်အရေး ပေးခဲ့မိပါတယ်။ ဒီပွဲမှာ သူတို့ အသင်းက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ကတော့ ဆုံးဖြတ်ချက် အမှားတွေ ချမိခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ဟန်ဆီ ဖလစ်ခ်က ဆိုစီဒက်ကို ရှုံးခဲ့တဲ့ ပွဲမှာ သူတို့ အသင်းက အရင်ပွဲတွေတုန်းကလိုမျိုး ဖန်တီးမှု များစွာ ကိုလည်း မလုပ်ဆောင်နိုင်ခဲ့ကြောင်း ရှုံးပွဲနဲ့ ပတ်သက်ပြီးတော့လည်း တခြားသော အရာတွေထက် သူတို့ ကိုပဲ အပြစ်တင်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တိုက်စစ် ကောင်းလွန်းတဲ့ ဘာစီလိုနာဟာ ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာတော့ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်တောင် မရှိခဲ့တာလည်း တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.