နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ရှိကြောင်း ပြောလာတဲ့ ဒီယေဂို ဆီမြွန်နီ | လာလီဂါ

လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ သူ့အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။ လက်ရှိ အသက် ၅၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား ဝါရင့် နည်းပြကြီးက အခုရာသီ အတွက် အသင်းရဲ့ ကစားသမား စာရင်းဟာ မပိတ်သိမ်းသေးဘူးလို့ ကြုံးဝါးခဲ့တာ ဖြစ်ပြီး သူတို့ အနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အလုပ်တွေ လုပ်နေကြောင်း ဗီလာရီးရဲလ်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် မတိုင်ခင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ လာလီဂါ ကလပ်ရဲ့ နည်းပြ ဒီယေဂို ဆီမြွန်နီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “အသင်းရဲ့ လူစာရင်းက လက်ရှိအချိန်ထိ မပိတ်သိမ်းသေးပါဘူး။ ကျွန်တော်တို့ အားလုံး အပေါင်း လက္ခဏာဆောင်မှုတွေ အတွက် အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ ဘယ်အရာတွေကို ပစ်မှတ်ထားပြီး ဘယ်အရာတွေကို အလိုရှိနေလဲဆိုတာ ကောင်းကောင်းသိပါတယ်” လို့ ဆီမြွန်နီက ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ လာလီဂါ ပွဲစဉ် ၁ အပြီးမှာတော့ အက်တလက်တီကိုမက်ဒရစ်က ၁ ပွဲ ကစား၊ ၁ ပွဲ သရေ၊ ရမှတ် ၁ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် ချဲလ်ဆီးကို ပြောင်းရွှေ့တော့မယ့် ယာအို ဖီးလစ်

အက်တလက်တီကိုမက်ဒရစ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလ အတွင်းမှာ အသင်းရဲ့ ဝါရင့်ကစားသမားတွေနဲ့ အရန်ကစားသမား တချို့ ထွက်ခွာသွားခဲ့ပြီးတဲ့နောက် စပိန် နောက်ခံလူ လီနော်မန်၊ နော်ဝေ တိုက်စစ်မှူး ဆောလော့သ်နဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်တို့ ၃ ဦး အတွက် ယူရိုသန်း ၁၅၀ နီးပါး အသုံးပြုကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာ ကိုလည်း ယူရို ၄၂ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးလျက် ရှိကြောင်း သိရပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ရော်ဘင် လီနော်မန်ကို ရီးရဲလ်ဆိုစီဒက် ကနေ ယူရို ၃၄.၅ သန်း၊ အလက်ဇန္တား ဆောလော့သ်ကို ဗီလာရီးရဲလ် ကနေ ယူရို ၃၁ သန်း၊ ဟူလီယန် အဲလ်ဗာရက်ဇ် ကိုတော့ မန်စီးတီး ကနေ ယူရို ၇၅ သန်း + အပိုဆုကြေး သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါ ကလပ်က တိုက်စစ် ကစားသမား ယာအို ဖီးလစ် ထွက်ခွာခဲ့မယ် ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ အတွက် တိုက်စစ်ကစားသမား တစ်ဦးနဲ့ နောက်ခံလူ တစ်ဦး တို့ကို ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်နေတယ်တာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် အသင်းဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားမှု စာရင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ရဲ့ အနောက် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိ လာလီဂါ ပွဲစဉ် ၁ အပြီးမှာတော့ အက်တလက်တီကိုမက်ဒရစ်က ၁ ပွဲ ကစား၊ ၁ ပွဲ သရေ၊ ရမှတ် ၁ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ၂၀၂၀/၂၁ ဘောလုံးရာသီက နောက်ဆုံး အကြိမ် လာလီဂါ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီး နောက်ဆုံး ၃ ရာသီမှာတော့ ထိပ်ဆုံး ၄ သင်း နေရာသာ ဝင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်