အာဂျင်တီးနား တောင်ပံကစားသမားကြီး အိန်ဂျယ် ဒီမာရီယာ ကတော့ အသင်းဖော် လီယွန်နယ် မက်ဆီကို ချီးကျူးစကားတွေ ပြောကြားလာခဲ့ပြန်ပါတယ်။ ဒီမာရီယာက မက်ဆီလို ကစားသမားမျိုးနဲ့ တစ်သင်းတည်းမှာ တွဲဖက် ကစား နေရတာက သူ့ရဲ့ ကစားသမား ဘ၀ သက်တမ်း တလျှောက် အကောင်းဆုံးသော အခိုက်အတန့်တွေ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီမာရီယာဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခဲ့ဖူးပြီး ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား မှာတော့ မက်ဆီနဲ့ တွဲဖက် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
အိန်ဂျယ် ဒီမာရီယာက ရော်နယ်ဒို၊ မက်ဆီ တို့နဲ့ တွဲဖက်ကစားရင်း ဆုဖလား အောင်မြင်မှုတွေ ကိုလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီမာရီယာက အင်တာဗျူး တစ်ခု မှာတော့ သူ့အနေနဲ့ မက်ဆီနဲ့ တွဲဖက် ကစားရတာက ကစားသမား ဘဝရဲ့ အကောင်းဆုံးပဲ ဆိုပြီး ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ ဒီမာရီယာက “မက်ဆီနဲ့ တွဲဖက် ကစားရတာက ကျွန်တော့် ကစားသမားဘဝ တစ်လျှောက်လုံး အတွက် အကောင်းဆုံး ဖြစ်ခဲ့တာပါ။ လုံးဝကို အကောင်းဆုံး အရာတွေပဲ ဖြစ်ခဲ့တာပါ။ နှစ်ပေါင်း များစွာ ကြာအောင် ခင်မင် ရင်းနှီးမှု တစ်ခု ကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ ဒီကောင်လေးက ကွင်းအတွင်းမှာရော ကွင်း အပြင် မှာပါ တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော် ပီအက်စ်ဂျီ အတွက် နောက်ဆုံး ပွဲကစား ပြီးတော့ လီယိုကို မင်းနဲ့ အတူ ကစားခွင့်ရခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် လို့တောင် ပြောမိခဲ့ပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး “ကျွန်တော်က ဘယ်တော့မှ လာလီဂါ ကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လီယို ဘာစီလိုနာ ကနေ ထွက်ခွာသွားမယ့် အချိန် မှာတော့ ကျွန်တော်နဲ့ ပါရီဒက်စ် တို့က ပီအက်စ်ဂျီဆီ ပြောင်းလာပြီး ကျွန်တော် တို့နဲ့ တွဲဖက် ကစားဖို့ ပြောခဲ့ပါသေးတယ်။ နေ့တိုင်း သူနဲ့ အတူ ရှိခဲ့ရတဲ့ နှစ်တွေက တကယ့်ကို ထူးခြား လေးနက်မှု ရှိခဲ့ပါတယ်။” လို့ ဒီမာရီယာက ဖွင့်ဟသွားခဲ့ပါသေးတယ်။
လက်ရှိမှာ အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား ညာတောင်ပံ ကစားသမား ဒီမာရီယာက လက်ရှိမှာ သူရဲ့ ကစားသမားဘဝ ပထမဦးဆုံး ဥရောပ ကလပ် ဖြစ်တဲ့ ဘင်ဖီကာ မှာ ကစားနေတာ ဖြစ်ပါတယ်။ ဒီမာရီယာဟာ ကစားသမား ဘဝကို ပေါ်တူဂီ ကလပ် ဘင်ဖီကာမှာ စတင်ခဲ့ပြီးတော့ ၇၉ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် အာဂျင်တီးနားသားက ၂၀၁၀ မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရီးရဲလ် မှာတော့ ၂၀၁၄ ခုနှစ် အထိ ၄ နှစ်တာ အတွင်း ပွဲပေါင်း ၁၉၀ ကစားကာ ၃၆ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီမာရီယာက ယူနိုက်တက် မှာတော့ ၃၂ ပွဲသာ ကစားခဲ့ပြီး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီ မှာတော့ ၂၉၅ ပွဲ ကစားပြီး ၉၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီမာရီယာက အသက်အရွယ်ရလာချိန်မှာတော့ ဂျူဗင်တပ်စ်ကို ထပ်မံ ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၄၀ ကစားကာ ၈ ဂိုးသွင်းခဲ့သလို လက်ရှိ ကလပ် ဘင်ဖီကာ မှာလည်း ၆၉ ပွဲ ကစားကာ ၂၆ ဂိုး သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.