နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာနဲ့ ဇာဗီ အတွက် အမှောင်မိုက်ဆုံး နေ့ရက်တွေ ရောက်လာပြီလား | လာလီဂါ

countdown banner

လာလီဂါ ကလပ် ဘာစီလိုနာ အတွက် မေ့ဖျောက်ရမယ့် ရက်သတ္တပတ် တစ်ခု အဖြစ် ESPN ဘက်က ဖော်ပြလာခဲ့ပါတယ်။ အခုဆိုရင် ဘာစီလိုနာတို့ နိုင်ပွဲ ပျောက်တာက သုံးပွဲဆက် ရှိသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ အပတ်က စလိုက်တဲ့ နိုင်ပွဲပျောက်ဆုံးမှုက အခုချိန်အထိ မရပ်တန့်နိုင်သေးတာပါ။ 

ခြေစွာနေတဲ့ ဂျီရိုနာကို အိမ်ကွင်းမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကစားရင်း ၂-၄ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်သွားတယ်။ အဲ့ဒီ ပွဲရလဒ်ကြောင့် ဂျီရိုနာက လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရလိုက်သလို ဘာစီလိုနာ ကလည်း ဂျီရိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ အောက်ကို ရောက်သွားတယ်။ 

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ မှာလည်း အုပ်စုတွင်းက အင်အား အနည်းဆုံး ရွိုင်ရယ် အန့်ဝပ်ကို သွားရှုံးတယ်။ အဲ့ဒီ ပွဲရလဒ်က သူတို့ နှစ်သင်းလုံး အတွက် အရေးမပါတာ မှန်ပါတယ်။ ဘာစီလိုနာက အုပ်စု ပထမနေရာ အတွက် ဂဏန်း ငြိမ်ထားသလို အန့်ဝပ် ကလည်း ဘာနေနေ၊ အုပ်စု ကနေ ထွက်ရမယ့် အသင်းပါ။ ဒီတော့ ဘာစီလိုနာတို့ ဖျော်ဖြေမှု အပြည့်ပေးသလို ဘာလိုလိုနဲ့ ဂိုးတွေ အပြန်အလှန် သွင်းပြီး ထပ်ရှုံးသွားပါတယ်။ အခု မနေ့ကလည်း ဗလင်စီယာကို အဝေးကွင်းမှာ သရေ ထပ်ကျပါတယ်။ နှစ်ပွဲဆက် အရှုံး ကနေ ပြန်လာဖို့ရာ ဘာစီလိုနာကို မျှော်လင့်ချက်တွေ ထားခဲ့ပေမယ့် သူတို့ မစွမ်းသာခဲ့ပါဘူး။ 

အနိုင်ရဖို့ အခွင့်အရေးတွေ ရှိထားပေမယ့် အသုံးမချနိုင်ခဲ့ဘဲ မထင်မှတ်တဲ့ ဂိုး တစ်ဂိုးကို ပေးလိုက်ရတယ်။ ဒါတွေကပဲ ဘာစီလိုနာကို အဆုံးသတ်ပေးသွားပါတယ်။ လက်ရှိ ထိပ်သီး လေးသင်း စာရင်းထဲမှာ ဘာစီလိုနာက တစ်ပွဲပို ကစားထားတဲ့ တစ်သင်းတည်းသော အသင်းပါ။ 

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ရီးယဲလ် ဘက်တစ်
1X2 သရေ (Draw) @ 3.59
ဂိုးပေါ် 3.00 @ 2.02
ဂိုးပေါင်း 2-3 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မနေ့ညက အက်သလက်တီကိုမက်ဒရစ်သာ ဘီလ်ဘာအိုကို နိုင်သွားခဲ့ရင် ဘာစီလိုနာတို့ လာလီဂါ အဆင့် (၄) အထိ ရောက်သွားနိုင်ပါတယ်။ အခုတောင်မှ အက်သလက်တီကိုထက် တစ်ပွဲ ပိုကစား၊ တစ်မှတ်တည်း အသာရထားတာ ဖြစ်ပါတယ်။ အဆင့် (၂) က ရီးရဲလ်မက်ဒရစ်ထက် (၄) မှတ်လျော့၊ ဦးဆောင်သူ ဂျီရိုနာထက် (၆) မှတ်လျော့ အနေအထားမျိုးတွေက ဘာစီလိုနာ အတွက် သိပ်တော့ မလှပပါဘူး။ 

အပေါ်ကို လိုက်ဖို့၊ ထိပ်သီး (၄) သင်းထဲမှာ ပတ်ဖိုက်ဖို့ စဉ်းစားနေရင်းနဲ့ပဲ မမြင်နိုင်တဲ့ အန္တရာယ် ကလည်း ဘာစီလိုနာ အတွက် ရှိနေပါသေးတယ်။ အဲ့ဒါကတော့ အဆင့် (၅) နေရာက ဘီလ်ဘာအိုနဲ့ (၃) မှတ်တည်း ကွာဟတော့တာ ဖြစ်ပါတယ်။ 

ဘီလ်ဘာအို ဆိုတာ ကလည်း မနေ့က အိမ်ကွင်းမှာ ခြေစွာနေတဲ့ အက်သလက်တီကို,ကို ပညာပေးပြီး နှစ်ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ အသင်းပါ။ ဇာဗီရဲ့ အသင်းက ကိုယ်တိုင် ဦးဆောင်နေရပြီး အခြေအနေ ကောင်းနေတယ် ဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဒါပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီ ဆိုရင်တော့ ဒါတွေကို အကောင်းဆုံး ရုန်းကန်ပြနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေတာ အမှန်ပါပဲ။ဘီလ်ဘာအိုနဲ့ ပွဲမှာပါ အခြေအနေ ထပ်မကောင်းရင်တော့ ဇာဗီ အတွက်လည်း အကြီးအကျယ် ဖိအား များလာပါလိမ့်မယ်။ အသင်းတွင်း မှာလည်း သူ့အပေါ် မကျေနပ်သူ တချို့ ရှိနေပြီး တိုက်ခိုက်နေတယ်လို့ ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုထားပါတယ်။ ဇာဗီအတွက်တော့ အမှောင်မိုက်ဆုံး နေ့ရက်တွေက ရောက်လို့ လာနေခဲ့ပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်