နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အချိန်မှီ ရုန်းထမယ် ယုံကြည်လို့ အက်တလက်တီကိုနဲ့ ထပ်ပြီး လက်တွဲထားဦးမယ် | အိုဆာဆူနာ – အက်တလက်တီကို မက်ဒရစ် (လာလီဂါ ပွဲကြိုသုံးသပ်ချက်)

countdown banner

အိုဆာဆူနာ – အက်တလက်တီကို မက်ဒရစ်

ခြေစွမ်းပိုင်း မတည်ငြိမ်မှုနဲ့ အတူ ရလဒ်ပိုင်းပါ အတက်အကျ များနေတဲ့ လာလီဂါ လက်ရှိ ချန်ပီယံ အက်တလက်တီကို မက်ဒရစ် ကတော့ ဒီတစ်ပတ်မှာ အိုဆာဆူနာရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အတိုင်းအတာ တစ်ခု အထိ အရေးပါနေလို့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်း အချိန်မီ ပြန်လည် ရုန်းထနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၁ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အိုဆာဆူနာတို့ ဒီရာသီ မှာတော့ ခြေစွမ်းပိုင်း တိုးတက်လာမှုနဲ့ အတူ ဥရောပဝင်ခွင့်ပါ မျှော်လင့်လို့ ရနေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ အဆင့် ၉ နေရာမှာ ရှိနေပေမယ့် အဆင့် ၆ နေရာက ဆိုစီဒက်နဲ့ ၆ မှတ်သာ ကွာဟတာကြောင့် သင်္ချာနည်းအရ ကြည့်မယ် ဆိုရင်တော့ အိုဆာဆူနာတို့ ရာသီ အကုန်မှာ ယူရိုပါလိဂ် မဟုတ်ရင်တောင် ကွန်ဖရင့်လိဂ် လောက်တော့ မျှော်လင့်လို့ ရနေပါသေးတယ်။ ဒါပေမယ့် ဂျာဂိုဘာ အာရာဇိတ်ရဲ့ အသင်းက တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မမှန်တာ ဖြစ်ပါတယ်။ ရှုံးချင်တဲ့ ပွဲဆို စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရှုံးပြီး နိုင်ချင်တဲ့ ပွဲဆိုရင် အံ့အားသင့်စရာ ခြေစွမ်းနဲ့ အနိုင်ရတတ်တဲ့ အိုဆာဆူနာရဲ့ ခြေစွမ်းက မှန်းဆရခက်ပါတယ်။ ဒါပေမယ့် ဆဲလ်တာဗီဂို တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကာဒစ်ဇ်၊ ဂရန်နာဒါ၊ ဗလက်ကာနို တို့ကို အနိုင်၊ ဆီဗီလာနဲ့ သရေကျထားတဲ့ အိုဆာဆူနာရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည် ကတော့ မဆိုးဘူး ဆိုတာထက် ပိုတယ်လို့ ပြောလို့ ရပါတယ်။ အခုပွဲ ကိုတော့ ဂျီးဆပ်စ် အရီဆို တစ်ဦးတည်း ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်လို့ အိုဆာဆူနာတို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

လာလီဂါ ချန်ပီယံ ဖြစ်ပြီး နောက်ရာသီ ဆိုရင် အလိုလို ရုန်းကန်ရတတ်တဲ့ အက်တလက်တီကို မက်ဒရစ် ကတော့ ဒီရာသီ မှာလည်း ထုံးစံ အတိုင်း ရလဒ်တွေ ဆိုးရွားနေခဲ့ပြန်ပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ထက် ပုံမှန် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့တောင် မနည်း အားစိုက်နေရတဲ့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်ရှိနေပါတယ်။ ပွဲစဉ် ၂၄ ပွဲ ကစားပြီးချိန်မှာ ၁၁ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၇ ပွဲအထိ ရှုံးနိမ့်ထားတဲ့ အက်တလက်တီကို မက်ဒရစ်တို့ နောက်ဆုံး ပွဲစဉ် မှာလည်း တန်းဆင်းဇုန်ထဲက လီဗန်တေးလို အသင်းကိုတောင် အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ပါတယ်။ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် နေရာစုံမှာ အားနည်းချက်တွေ ရှိနေတဲ့ အက်တလက်တီကိုတို့ တစ်ဦးချင်း အမှားတွေ မကြာခဏ ပြုလုပ်နေတဲ့ ခံစစ်ကြောင့် ရလဒ်တွေ ဆိုးရွားနေတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ Final Third ကစားပုံ အားရစရာ ကောင်းပေမယ့် တိုက်စစ်ရဲ့ အဆုံးသတ် အားနည်းချက်တွေကြောင့် နိုင်သင့်တဲ့ ပွဲတွေ မနိုင်ပဲ ဖြစ်နေတာ ကလည်း အက်တလက်တီကိုရဲ့ ဒီရာသီ အားနည်းချက်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် အခု လာမယ့် ပွဲကို ဒဏ်ရာ ပြသနာ ရှိနေတဲ့ မားသီးယပ်စ် ကွန်ဟာ၊ ဒန်နီဝက်စ်၊ ဟာမိုဆိုတို့ အပြင် ရိုဒီရီဂို ဒီပေါလ် ကလည်း အနီကတ် ပြစ်ဒဏ်ကြောင့် ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု အရ ဆိုရင် အက်တလက်တီကို မက်ဒရစ်တို့ အိုဆာဆူနာနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၅ ပွဲမှာ ၁၃ ပွဲအထိ အနိုင်ရပြီး ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က နောက်ဆုံး တစ်ကြိမ် အရေးနိမ့်ထားခဲ့တာ ဖြစ်ပြီး အဲ့နောက်ပိုင်း လာလီဂါ တွေ့ဆုံမှု ၇ ပွဲ ဆက်တိုက် အက်တလက်တီကို တို့ အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ပွဲစဉ် မှာလည်း အက်တလက်တီကိုတို့ အိမ်ကွင်းမှာ ဖီလစ်ပီရဲ့ နောက်ကျ သွင်းဂိုး ၁ ဂိုးထဲနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အိုဆာဆူနာ – အက်တလက်တီကို မက်ဒရစ်1X2 အက်တလက်တီကို မက်ဒရစ် @ ၂.၁၄ ဆ
ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၉:၄၅ နာရီ (GMT+ ၆:၃၀)

ဒီပွဲ အတွက် ကိုတော့ SBOTOP 1X2 မှာ အိုဆာဆူနာ အတွက် ၃.၄၀ဆ၊ သရေ အတွက် ၃.၂၅ ဆ ကြေးဖွင့်ပေးထားပြီး အက်တလက်တီကို မက်ဒရစ် အတွက် ကိုတော့ ၂ ဆကျော် ဖွင့်လှစ်ပေးထားပါတယ်။ အက်တလက်တီကိုတို့ ပြီးခဲ့တဲ့ ပွဲတော်တော်များများမှာ ပရိသတ်တွေ ပျော်ရွှင်ခွင့် မပေးတာ များနေပါပြီ။ လက်ရှိ ခြေစွမ်းပိုင်းအရ ယုံကြည်ရခက်ပေမယ့် ရမှတ် လိုအပ်ချက် အရ မဖြစ်မနေ အားစိုက်ဖို့ လိုအပ်နေတဲ့ အချက်ကြောင့် အဝေးကွင်းမှာ လာရောက် ကစားမယ့် ဆီမြွန်နီရဲ့ အသင်းကိုပဲ ယုံကြည်ပေးထားရပါလိမ့်မယ်။

ပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး ဧည့်သည် အသင်း ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ယူသွားဖို့ များပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်