နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခုမျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးကို ရွေးချယ်ပေးခဲ့တဲ့ ကက်စ်မဲရိုး (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အခုမျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးကို ရွေးချယ်ပေးခဲ့တဲ့ ကက်စ်မဲရိုး 

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးက ၎င်းရဲ့ မျိုးဆက်မှာ အကောင်းဆုံးလို့ ယုံကြည်တဲ့ ကစားသမား ၃ ဦးကို ပြောပြခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ် ကစားသမားဟာ ၎င်းရဲ့ မွေးရပ်မြေမှာ Placar မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘရာဇီးလ်ရဲ့ အဓိကပြိုင်ဘက် အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

“မက်ဆီက သူ့ရဲ့ အမှတ်အသားကို ချန်ရစ်နိုင်ခဲ့တယ်။ ခင်ဗျား အဲဒါကို ငြင်းလို့မရပါဘူး။ သူက အမြဲတမ်း ပြိုင်ဘက် တစ်ယောက် ဖြစ်ခဲ့တယ်။ ဘာစီလိုနာနဲ့ အာဂျင်တီးနားတို့ အတွက် ကစားပေးခဲ့တယ်။ သူနဲ့ ပြိုင်ဘက် ဖြစ်ရတာ ကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး။ ဒါပေမယ့် ဘောလုံးကို နှစ်သက်တဲ့သူတွေက မက်ဆီကို နှစ်သက်မှာပါ။ သူနဲ့ ရင်ဆိုင်ကစားခဲ့ရတာ စိတ်ပျော်ရွှင်စရာ ဖြစ်ခဲ့တယ်။ သူက မှတ်ချက်ပေးဖို့ မလိုတဲ့သူပါ။ ခင်ဗျား သူ့ကို လေးစား သဘောကျမှာပဲ။ ကျွန်တော် မက်ဆီ၊ ခရစ္စတီယာနို၊ နေမာတို့ကို မြင်တွေ့ခဲ့ရတာ ပျော်ရွှင်မိပါတယ်။ သူတို့ ၃ ယောက်က ကျွန်တော့် မျိုးဆက်မှာတော့ အကောင်းဆုံး ကစားသမားတွေပဲ။”

ကက်စ်မဲရိုးဟာ လာလီဂါ မှာ ကစားစဉ်က ရော်နယ်ဒိုနဲ့ အသင်းဖော် ဖြစ်ခဲ့ပြီး မက်ဆီ၊ နေမာ တို့နဲ့တော့ ပြိုင်ဘက်တွေ ဖြစ်ခဲ့တာပါ။ ကျွန်တော် ရိုနာလ်ဒို (ဘရာဇီးလ်ဂန္တဝင်) ကစားတာ မြင်ခဲ့တယ်။ ဇီဒန်း ကစားတာ မြင်ခဲ့တယ်။ ဒါပေမယ့် ဒီ ၃ ယောက်က ကျွန်တော်တို့ မျိုးဆက် မှာတော့ အကောင်းဆုံး ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ ကျွန်တော် ခရစ္စတီယာနိုနဲ့ ဘယ်တုန်းကမှ ရင်ဆိုင် မကစားခဲ့ပါဘူး။ ဘုရားကယ်ပေလို့ပေ့ါ။ သူ ကျွန်တော့်ကို ဆုဖလားတွေနဲ့ အောင်ပွဲတွေ အများကြီးပေးခဲ့တယ်။” လို့ ပြောကြားခဲ့ပါတယ်။


ဒမ်ဘီလီနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ပြောလိုက်တဲ့ ဇာဗီ 

ဘာစီလိုနာ နည်းပြ ဇာဗီက ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို ပေးချေခဲ့ပြီးနောက် ပြင်သစ် တောင်ပံ ကစားသမားက လာလီဂါ ကလပ် ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။
ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တဲ့ အူစမန်နီ ဒမ်ဘီလီ

ဘာစီလိုနာ နည်းပြ ဇာဗီက ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို ပေးချေခဲ့ပြီးနောက် ပြင်သစ် တောင်ပံ ကစားသမားက လာလီဂါ ကလပ် ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဇာဗီက ဒမ်ဘီလီကို နူးကမ့်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပေမယ့် ပြင်သစ် တောင်ပံကစားသမားက အသင်းကို စွန့်ခွာဖို့ ရွေးချယ်သွားခဲ့တဲ့ အတွက် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

“ကျွန်တော် လုံးဝရှင်းသွားအောင် ပြောရပါလိမ့်မယ်။ ဒမ်ဘီလီက ကျွန်တော် တို့ကို ထွက်ခွင့်တောင်းခဲ့တာပါ။ သူ့မှာ ပီအက်စ်ဂျီအသင်းဆီကနေ ကမ်းလှမ်းမှုရခဲ့ပြီး အဲဒါကြောင့်ပဲ သူ မကစားခဲ့တာပါ။ ကျွန်တော် ဒမ်ဘီလီနဲ့ပတ်သက်ပြီး နည်းနည်းစိတ်ပျက်မိခဲ့တယ်။ အဲဒါက ကျွန်တော့်အတွက် ခါးသီးတဲ့အရသာဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကို အကောင်းဆုံး ဂရုစိုက်ပေးခဲ့တယ်။ အဲဒါကြောင့်လည်း သူ ပျော်ရွှင်ခဲ့ပြီး ကျွန်တော်တို့အတွက် မတူညီတဲ့အရာတွေကို ဆက်ပြီး လုပ်ဆောင်ပေးနေခဲ့လို့ပါ။ 

ဒါပေမယ့် ကျွန်တော်တို့ ပီအက်စ်ဂျီဆီက ကမ်းလှမ်းမှု အတိုင်းတော့ လိုက်ပြီး မကမ်းလှမ်းနိုင်ပါဘူး။ အဲဒါက စျေးကွက်ထဲမှာ လုံးဝ မရှိတဲ့အရာပါ။ ကျွန်တော် ဒမ်ဘီလီကို အသင်းမှာ ဆက်နေဖို့ စည်းရုံးခဲ့သေးတယ်။ ဒါပေမယ့် သူက လူးဝစ္စ အန်နရီကေးနဲ့ အယ်လ်ခါလီဖီ တို့နဲ့ စကားပြောပြီးသားတဲ့။ အဲဒီတော့ သူ့ကို စည်းရုံးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲဒါက သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ ဆုံးဖြတ်ချက်နဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပါ။ ဘောလုံးသမား တစ်ယောက်က ဘာဆာမှာ ရှိမနေချင်ဘူး ဆိုရင် သူတို့ကို ထွက်ခွင့်ပေးရမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 


ကစားသမားသစ်တွေကို အချိန်ပေးဖို့ လိုတယ်လို့ ပြောခဲ့တဲ့ အာတေးတား 

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ကစားသမားသစ်တွေရဲ့ အခြေအနေကို သုံးသပ်ခဲ့ပြီး အချိန် အနည်းငယ် ပေးဖို့ လိုအပ်နေသေးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ကိုင် ဟာဗတ်ဇ်၊ ဝက်စ်ဟမ်း ကနေ ဒီကလန် ရိုက်စ်၊ အေဂျက်စ် ကနေ ယူရီယန် တင်းဘား တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး ကစားသမားသစ်တွေက အသင်းနဲ့ ချက်ချင်း အသားကျသွားသလို ခံစားခဲ့ရတယ်လို့ အာတေးတားက ပြောပြခဲ့ပါတယ်။ 

”ဒီနှစ် လူစာရင်းထဲမှာ မျက်နှာသစ် အချို့လည်း ရှိပြီး အပြောင်းအရွှေ့ စျေးကွက်ထဲမှာ ဒီလိုကစားသမားခေါ်ယူမှုတွေကို စောစောခေါ်ယူနိုင်ခဲ့တာ ကျွန်တော် အရမ်းဝမ်းသာတယ်။ အဲဒါကြောင့် သူတို့နဲ့အတူ အလုပ်လုပ်နိုင်ခဲ့တာပါ” ”ကစားသမားတွေဆီကနေ ကျွန်တော်တို့ ကြားခဲ့ရတဲ့ တုံ့ပြန်မှုက သူတို့တွေက ဒီမှာ ရှိနေခဲ့တာ နှစ်အတော်ကြာ နေသလိုမျိုး ခံစားရတယ်တဲ့။ ဒါက ဒီက ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ခင်ဗျားကို အများကြီး ပြောပြနေပါတယ်။ ဘယ်လောက်အထိ ကြိုဆိုမှုရှိလဲ၊ ဒီမှာရှိတဲ့ လူတွေ အားလုံးက ဘယ်လောက် အထိ အေးအေးဆေးဆေးရှိလဲ။ ခင်ဗျားကို ဒီဟာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရအောင်နဲ့ အာဆင်နယ် မိသားစုရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ချက်ချင်း ခံစားရအောင် လုပ်ပေးနိုင်တယ်ဆိုတာကို ပြောပြနေတာပါ” ”သူတို့ထဲက အချို့အတွက် ကတော့ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့မှာ သေချာပါတယ်။ သူတို့တွေ အသားကျနေတဲ့ ပုံစံ၊ တောင်းဆိုမှု၊ မျှော်မှန်းချက်တွေနဲ့ မတူညီတော့ပါဘူး။ ကျွန်တော်တို့ အဲဒါကို သိရှိပြီး သူတို့ကို မှန်ကန်တဲ့ ပုံစံနဲ့ ဆက်ဆံနေပါတယ်” ”အဲဒီတော့ ကျွန်တော်တို့ ဒီလို ကစားသမားတွေကို အချိန်အချို့ ပေးရမှာဖြစ်ပြီး သူတို့ကိုယ်ကို ဖော်ပြဖို့အတွက် နေရာ တစ်ခု ရှိတယ်ဆိုတာကို သေချာသိအောင် အချိန်ပေးရမှာပါ။ ပြီးရင်တော့ သူတို့ဆီကနေ ကျွန်တော်တို့ လိုချင်တဲ့ အဆင့်အတန်း တစ်ခု ရမှာပါ။ ဒါက ကစားသမားသစ်တွေကို အသင်းနဲ့ တစ်သားတည်း ဖြစ်အောင် ကူညီရာမှာ အမြဲတမ်း အရေးကြီးပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်