နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ် အတွက် ဘာလာလာ ဒေါင်းပေးနေတဲ့ ကာမာဗင်ဂါ၊ ဗင်နီစီးယက်စ်ကို ဘောလုံး အပေါ်မှာပဲ အာရုံစိုက်ဖို့ ပြောလိုက်တဲ့ အာရူဟို (လာလီဂါ နောက်ဆုံးရ သတင်းများ)

countdown banner

ရီးရဲလ် အတွက် ဘာလာလာ ဒေါင်းပေးနေတဲ့ ကာမာဗင်ဂါ၊ ဗင်နီစီးယက်စ်ကို ဘောလုံး အပေါ်မှာပဲ အာရုံစိုက်ဖို့ ပြောလိုက်တဲ့ အာရူဟို စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘယ်နောက်ခံလူ နေရာ မှာလည်း ခြေစွမ်းပြနေခဲ့တဲ့ ကာမာဗင်ဂါ

အက်ဒွာဒို ကာမာဗင်ဂါ ကတော့ ရီးရဲလ်မက်ဒရစ်မှာ ကွင်းလယ် ကနေ ခံစစ် ဘယ်အစွန် အထိပါ ဆင်းပြီး ကစားနေရပေမယ့် ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ခြေစွမ်းပြနိုင်ခဲ့ပြန်ပါတယ်။

လာလီဂါ
ရီးရဲလ်မက်ဒရစ်
ဗီလာရီးယဲလ်
1X2 ရီးယဲလ်မက်ဒရစ် 1.54
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -0.75 @ 1.65
ဂိုးပေါ် 3.25 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြင်သစ် ကွင်းလယ် ကြယ်ပွင့်ဟာ ချူအာမန်နီနဲ့ တွဲဖက်ပြီး အနာဂတ်မှာ တိုနီ ကရူးစ်နဲ့ မိုဒရစ် တို့ရဲ့ နေရာကို အစားထိုးနိုင်မယ့်သူ အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါပေမယ့် သူက အချိန်တို အတွင်းမှာပဲ နည်းပြချူပ် အန်ဆယ်လော့တီရဲ့ အဓိက, ကစားသမား ဖြစ်လာခဲ့ပြီး လိုအပ်တဲ့ နေရာမှာ လိုအပ်သလို အသုံးတော်ခံနေသူ ဖြစ်ပါတယ်။

အထူးသဖြင့် ကာမာဗင်ဂါ အနေနဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ လာလီဂါ ကလပ်ရဲ့ ဘယ်နောက်ခံလူ အဖြစ်နဲ့ ဝင်ကစားနေရတာပါ။ အဲ့ဒီပွဲမှာ ကာမာဗင်ဂါက ဘောလုံး ပေးပိုမှု ရာနှုန်းပြည့် အောင်မြင်ခဲ့သလို တစ်ဦးချင်း ထိပ်တိုက်တွေ့မှုမှာ အသာရခဲ့ပါတယ်။ ဘောလုံး ရှင်းထုတ်မှု (၇) ကြိမ်နဲ့ နောက်ဆုံး နောက်ခံလူ အဖြစ် ရှင်းထုတ်နိုင်မှု (၁) ကြိမ် တို့ကို ပြုလုပ်နိုင်ခဲ့ပြီး အထင်ကြီးစရာ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဗင်နီစီးယက်စ်ကို ဒေါသတွေ ထွက်နေတဲ့ ဘာစီလိုနာ ကစားသမားများ

ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် နူးကမ့်မှာ ကစားခဲ့တဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ်က အိမ်ရှင် ဘာစီလိုနာကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာ ကစားသမာတွေနဲ့ ရီးရဲလ် ကစားသမား ဗင်နီစီးယက်စ်တို့ အချင်းများမှုတွေ ရှိခဲ့ကြပြီး ဘရာဇီးလ် တောင်ပံ ကစားသမားကို ဘာစီလိုနာ ကစားသမားတွေက ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

ဗင်နီစီးယက်စ် ကတော့ ဒီရာသီ လာလီဂါမှာ ပြစ်ဒဏ် ကျူးလွန်ခံရမှု အများဆုံး ကစားသမား ဖြစ်ပြီး လူမျိုးရေး ခွဲခြားမှုတွေ ကိုပါ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကစားသမားတွေရဲ့ အမျက်ရှခြင်းခံနေရတဲ့ ဗင်နီစီးယပ်စ်

ဗင်နီစီးယက်စ်ဟာ ဂါဗီနဲ့ အငြင်းပွားမှုတွေ ရှိခဲ့သလို အာရူဟိုနဲ့လည်း တွန်းထိုးတဲ့ အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲမှာ အာရူဂျိုက ဗင်နီစီးယက်စ်ကို ပွဲချိန်ပြည့် လိုက်လံ ထိန်းချုပ်ခဲ့ရပေမယ့် လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။ ပွဲအပြီးမှာ အာရူဂျိုက ဗင်နီစီးယက်စ် အနေနဲ့ ဘောလုံး အပေါ်ပဲ အာရုံစိုက်သင့်နေပြီလို့ ဝေဖန်ခဲ့ပါတယ်။

ဗင်နီစီးယက်စ်က ဘောလုံးကို အာရုံမစိုက်ခဲ့ဘဲ ဘာစီလိုနာ ကစားသမားတွေကို ရန်မူကာ ရန်စခဲ့တယ်လို့ အာရူဂျိုက ယူဆနေခဲ့တာ ဖြစ်ပါတယ်။ ဗင်နီစီးယက်စ် ကတော့ ဒီရာသီ လာလီဂါမှာ ပြစ်ဒဏ် ကျူးလွန်ခံရမှု အများဆုံး ကစားသမား ဖြစ်ပြီး လူမျိုးရေး ခွဲခြားမှုတွေ ကိုပါ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းအတွင်းမှာ ပြိုင်ဘက် ကစားသမားတွေနဲ့ မကြာခဏ ဆိုသလို ပြသနာတက်နေသူလည်း ဖြစ်ပါတယ်။


ဆော်ဒီကို ပြောင်းရင် တစ်ရက် မြန်မာငွေ သိန်းပေါင်း ၂ သောင်းကျော် ရမယ့် မက်ဆီ

ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေသေးဘဲ ညှိနှိုင်းဆဲ အဆင့်မှာသာ ရှိနေသေးတဲ့ မက်ဆီဟာ ဆော်ဒီ ကလပ် အဲလ်-ဟိုင်လယ်ကိုသာ ပြောင်းရွှေ့ခဲ့မယ် ဆိုရင် တစ်နှစ် လုပ်ခ ယူရိုသန်း ၄၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ မက်ဆီကို ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံးရတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားစေမှာလည်း ဖြစ်ပါတယ်။

မက်ဆီရဲ့ လစာကို အသေးစိတ် တွက်ချက်မယ် ဆိုရင် သူဟာ တစ်နှစ်ကို ယူရိုသန်း ၄၀၀၊ တစ်လကို ယူရိုသန်း ၃၃ သန်း၊ တစ်ပတ်ကို ယူရို ၈၃၀၀၀၀၊ တစ်ရက်ကို ယူရို ၁၁၀၀၀၀၊ တစ်နာရီကို ယူရို ၄၆၀၀၀နဲ့ တစ်မိနစ်ကို ၇၇၂ ယူရို၊ တစ်စက္ကန့်ကို ၁၃ ယူရို အထိ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒီငွေပမာဏတွေဟာ အဲလ်-နာဆာမှာ ရော်နယ်ဒို ရရှိနေတဲ့ ဝင်ငွေထက် ၂ ဆ အထိ ပိုပြီး များပြားပါတယ်။

မက်ဆီရဲ့ တစက္ကန့်ဝင်ငွေဟာ မြန်မာငွေနဲ့ ဆိုရင်တော့ ၃ သောင်း ဖြစ်ပါတယ်။ ဒါဟာ မကြာခဏ ဆိုသလို ပရိသတ်တွေ တင်စားလေ့ရှိတဲ့ အသက်ရှူချိန်တိုင်းမှာ ငွေဝင်နေမယ့် သဘောလည်း ဖြစ်ပါတယ်။ မက်ဆီ ကတော့ အဲလ်-ဟိုင်လယ်ရဲ့ ကမ်းလှမ်းမှု အပေါ်မှာ တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်းတော့ မရှိသေးပါဘူး။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်