ကမ္ဘာကျော် ဘောလုံးသုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ CIESက ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် အတွက် ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကစားသမား စာရင်း မှာတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်က ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အတူ အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ဘယ်လင်ဟမ်က ယူရို ၂၅၁ သန်းနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး ဒုတိယနေရာက ကစားသမား ထက်လည်း ယူရို သန်း ၃၀ နီးပါး ပိုမို သာလွန်နေခဲ့တာ ဖြစ်ပါတယ်။
CIES ကတော့ ထုံးစံအတိုင်း ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကစားသမား အယောက် ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး လက်ရှိ အသက်အရွယ်၊ စာချုပ် သက်တမ်းနဲ့ အနာဂတ် အလားအလာတွေ အပေါ် အခြေခံကာ တွက်ချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ် ကြီးရင့်တဲ့ ကစားသမားတွေ ကတော့ သိသိသာသာ တန်ဖိုး လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။
အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် ကွင်းလယ် ကြယ်ပွင့် ဘယ်လင်ဟမ်ဟာ လက်ရှိမှ လာလီဂါ ကလပ် အတွက် မရှိမဖြစ် ကစားသမားလည်း ဖြစ်နေသူပါ။ ဒါ့အပြင် ဘယ်လင်ဟမ်က အသက်အရွယ်နဲ့ မလိုက်အောက် ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင် ကစားပေးနေတာကြောင့် ယူရို ၂၅၁.၄ သန်း တန်ကြေးနဲ့ တန်ဖိုး အကြီးဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒုတိယ နေရာ မှာတော့ မန်စီးတီးက နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း ရပ်တည်နေပြီး ယူရို ၂၂၁.၅ သန်း တန်ကြေး ရှိနေခဲ့ပါတယ်။ တတိယနေရာ မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာက ယူရို ၂၀၅.၇ သန်းနဲ့ ရပ်တည်နေခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ကို ဗင်နီးစီးယပ်စ်နဲ့ အပြိုင်လုကာ အနိုင်ရခဲ့တဲ့ မန်စီးတီးက စပိန် ကွင်းလယ်လူ ရိုဒရီ ကတော့ အဆင့် ၇၃ နေရာ မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရိုဒရီဟာ လာမယ့် ဇွန်လမှာ အသက် ၂၉ နှစ် ပြည့်မှာ ဖြစ်တာကြောင့် သူ့ရဲ့ တန်ကြေးက ယူရို ၇၀.၆ သန်းသာ ရှိတော့တာလည်း ဖြစ်ပါတယ်။ တန်ဖိုး အကြီးဆုံး ကစားသမား ၁၀ ဦး စာရင်း မှာတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်က ကစားသမား ၄ ဦး အထိ ပါဝင်ပြီး အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စာရင်းထဲမှာတော့ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်နဲ့ အတူ အမ်ဘာပေးနဲ့ ရိုဒရီဂို တို့လည်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ဘာစီလိုနာ တိုက်စစ် ကြယ်ပွင့် လမိုင်း ယာမယ်က ယူရို ၁၈၀.၃ သန်းနဲ့ စတုတ္ထ နေရာမှာ ရပ်တည်ခဲ့ပြီးတော့ အာဆင်နယ် တောင်ပံ ကစားသမား ဘူကာယို ဆာကာ ကတော့ ယူရို ၁၅၇.၃ သန်းနဲ့ ဆဋ္ဌမ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.