နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝီလီယမ်စ် အတွက် ကြိုးပမ်းမှုမှာ ကြားဖြတ်ဝင်လာနိုင်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးကြောင့် စိတ်ပူနေရတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ယူရို ၂၀၂၄ မှာ စပိန် အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ လူငယ် တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ မျှော်လင့်နေတဲ့ အသင်းပါ။ ဒါပေမယ့်လည်း အခုနွေရာသီမှာ စပိန် ကြယ်ပွင့်ကို အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေတာကြောင့်ကို ကတ်တာလန် ကလပ် အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

နီကို ဝီလီယမ်စ်ဟာ ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄မှာ အထင်ကြီးလေးစားစရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးနောက် ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်ရဲ့ အဟော့ဆုံး ကစားသမား ဖြစ်လာခဲ့သူပါ။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ စပိန်နဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ပွဲစဉ် အားလုံး နီးပါးမှာ ဝင်ရောက် ကစားခဲ့ပြီး ၂ ဂိုးသွင်းကာ ၂ ဂိုးဖန်တီး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်လုပွဲ မှာလည်း စပိန် အတွက် အရေးပါတဲ့ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့ပါသေးတယ်။

လက်ရှိမှာ နီကို ဝီလီယမ်စ်က လာလီဂါ ကလပ် ဘီလ်ဘာအို ကနေ ထွက်ခွာဖို့ အတွက် စိတ်အားထက်သန်နေပြီး ဘာစီလိုနာ ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နီကို,ကို စိတ်ဝင်စားနေတာက ဘာစီလိုနာ တစ်သင်းတည်း မဟုတ်ပဲ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ အာဆင်နယ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရတော့ စပိန် ဘီလူးတွေဟာ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ရဲ့ နီကို အပေါ် စိတ်ဝင်စားမှု အတွက် စိုးရိမ်လျက် ရှိပြီး ကစားသမားကို ဒီနွေရာသီမှာ အရခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဖာဘရီဇီယို ရိုမာနိုက“ဘာဆာက နီကို ဝီလီယမ်စ်ကို လိုချင်တယ်။ အင်္ဂလန် ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် ကလည်း နီကိုရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ် ဆိုတာ သိတဲ့ အတွက်ကြောင့် ဘာဆာ က မြန်မြန်ဆန်ဆန် ကြိုးပမ်းချင်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ ချဲလ်ဆီးက နီကို အတွက် များပြားတဲ့ စာချုပ်ဖျက်သိမ်းကြေး၊ လစာငွေနဲ့ ကော်မရှင်ခတွေကို မပေးချင်ကြဘူး၊ ဒါကြောင့် ဘာဆာက ဒီပြိုင်ပွဲကို အချိန်မီ အနိုင်ယူချင်နေပါတယ်။ ပိုမြန်လို့ ရရင် မြန်ချင်နေပါတယ်၊ ဘာဆာက ရှေ့အပတ်က စပြီး သဘောတူညီချက် ရဖို့ တွန်းအားပေး ပြင်ဆင်နေပါတယ်။” လို့ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၅၀ ဝန်းကျင် ပေးချေပြီး ခေါ်ယူဖို့ အတွက်တော့ လက်တွန့်နေပေမယ့် နှစ်ကာလာ တစ်ခု အတွင်း အရစ်ကျပေးချေပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလိုနေတယ်လို့ သိရပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးဟာ နီကို ဝီလီယမ်စ် အတွက် များပြားတဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ လုပ်ခလစာ၊ အေးဂျင့်ခတွေ မပေးချေချင်ပေမယ့် ဘာစီလိုနာနဲ့ ယှဉ်ရင်တော့ တတ်နိုင်တဲ့ အခြေအနေ ရှိတဲ့ အသင်းတွေ ဖြစ်ပါတယ်။ 

ကစားသမား ကိုယ်တိုင် ကတော့ စပိန် လာလီဂါမှာ ဆက်ရှိနေချင်ပြီး ဘာစီလိုနာ ကိုလည်း ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စပိန် လက်ရွေးစင် အသင်းဖော် လမိုင်း ယာမယ် ကလည်း သူ့ရဲ့ သူငယ်ချင်းကို ဘာစီလိုနာဆီ လာဖို့ တိုက်တွန်းထားပါသေးတယ်။ ဘာစီလိုနာဟာ လာလီဂါ ထိပ်တန်း ကလပ် ရီးရဲလ်လ်မက်ဒရစ်ကို ဖြုတ်ချဖို့ အတွက် ကြိုးပမ်းမှုမှာ နီကို ဝီလီယမ်စ်နဲ့ လမိုင်း ယာမယ်ကို တွဲဖက် ကစားစေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်