နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်းကို အရ ခေါ်ယူဖို့ ဘာမဆို လုပ်သွားမယ့် ဘာစီလိုနာ | ပရီးမီးယားလိဂ်

လာလီဂါ ထိပ်သီး ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ ယိုအန် လာပေါ်တာ ကတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ အရ ခေါ် ယူသွားဖို့ အတွက် စိတ်အားထက်သန်နေပါတယ်။ လာပေါ်တာရဲ့ ပြောကြားချက် အရ ဆိုရင်တော့ ဘာစီလိုနာဟာ နော်ဝေ ဂိုးသွင်းစက်ကို အရ ခေါ်ယူသွားဖို့ အတွက် ဘာမဆို လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ စပိန်က လာတဲ့ သတင်းတွေမှာ ဖော်ပြနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကတော့ သူရဲ့ အသင်းကို ထိပ်တန်း ကစားသမားတွေနဲ့ အင်အားဖြည့်တင်းဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဘာစီလိုနာက နူးကမ့် ကွင်းကြီး ပြင်ဆင်မှု လုံးဝ ပြီးဆုံးသွားချိန်မှာ အသင်း အတွက် နာမည်ကျော် ကစားသမားတွေကို ဆက်တိုက် ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ လာပေါ်တာနဲ့ ဘာစီလိုနာရဲ့ ပစ်မှတ်တွေ ထဲမှာတော့ နော်ဝေ ထိပ်တန်း တိုက်စစ်မှူး အာလင်း ဟာလန်း လည်း အပါအဝင် ဖြစ်နေတာပါ။ လက်ရှိမှာ ဘာစီလိုနာက ဘဏ္ဍာရေး အကျပ်အတည်း များစွာနဲ့ ရင်ဆိုင်နေရပေမယ့်လည်း လာမယ့် ၂၀၂၆ ခုနှစ်ထဲမှာ သူတိုရဲ့ အိမ်ကွင်း နူးကမ့်ကို ပြန်လည် ဖွင့်လှစ် သွားဖို့ ရှိနေသလို နူးကမ့်ကွင်းသစ် ဖွင့်ပွဲနဲ့ အတူ နာမည်ကြီး ကစားသမား ခေါ်ယူမှု အဖြစ် အာလင်း ဟာလန်းကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

ဒီလို အောင်မြင်မှုတွေ ရရှိနေတဲ့ ဟာလန်းကို မကြာသေးတဲ့ အချိန်က လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူဖို စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ အာလင်း ဟာလန်း

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကမှ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ အာလင်း ဟာလန်းက မန်စီးတီးမှာ ဂိုးတွေ တောက်လျောက် သွင်းယူနေပြီးတော့ မရှိမဖြစ် ကစားသမားလည်း ဖြစ်နေသူပါ။ ဟာလန်းက မန်စီးတီးမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား အပါအဝင် အခြားသော ဆုဖလားတွေ ရရှိနေခဲ့သလို တစ်ဦးချင်းဆုတွေလည်း များစွာ ပိုင်ဆိုင်နေသူ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေ ရရှိနေတဲ့ ဟာလန်းကို မကြာသေးတဲ့ အချိန်က လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူဖို စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ကတ်တာလန် ကလပ် ဘာစီလိုနာနဲ့ သတင်းတွေ ပိုထွက်နေခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ် ကတော့ ကီလီယန် အမ်ဘာပေး ရှိနေပြီးသား ဖြစ်တာကြောင့် ဟာလန်းကို ထပ်မံ ခေါ်ယူဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အဓိက ကတော့ လာလီဂါ ကလပ်က လက်ရှိ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး နေရာကို ရေရှည် အစားထိုးဖို့ အတွက် ဟာလန်းလို တိုက်စစ်မှူးမျိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

လက်တလော ရရှိတဲ့ သတင်း‌တွေ အရ ဆိုရင်တော့ မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် အာလင်း ဟာလန်းရဲ့ အနာဂတ် ကလည်း မသေမချာ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဟာလန်းလို တိုက်စစ်မှူးမျိုးကို စိတ်ဝင်စားနေတဲ့ ကလပ်ပေါင်း များစွာ ရှိနေတာကြောင့် ကစားသမားရဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဝင်စားမှု ကလည်း အဓိကကျနေသေးတာ ဖြစ်ပါတယ်။

လာပေါ်တာ အနေနဲ့ ဟာလန်းကို အသင်းဆီ ရောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားဖို့ ပြင်ဆင်နေပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက် ကလည်း အရေးကြီးနေတာကြောင့် နော်ဝေသား တစ်ယောက် ဘယ်အသင်းက သူ့ရဲ့ အနာဂတ် ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်