နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုင်ယာဆန်ကို ပစ်မှတ်ထားလာတဲ့ ဘာစီလိုနာ၊ မက်ဆီနဲ့ လီဝမ်ဒေါစကီးကို တွဲဖက် ကစားစေချင်နေတဲ့ အင်တာမိုင်ယာမီ | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၇ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဂျူးလ်စ် ကွန်ဒေးရဲ့ ပွဲထွက်ခွင့် နေရာ အတွက် အပြိုင်အဆိုင် ဖြစ်လာစေမယ့် ညာနောက်ခံလူ တစ်ဦးကို ရှာဖွေနေပါတယ်။ လက်တလော ဘာစီလိုနာရဲ့ ပစ်မှတ်တွေထဲ မှာတော့ ဒေါ့မန်က ဂျူလီယန် ရိုင်ယာဆန်က ထိပ်ဆုံက ပါဝင်နေကြောင်း Sky Sport Germany က ဖော်ပြပါတယ်။

ဂျာမနီမှာ ဆက်လက် နေထိုင်နေတဲ့ အသက် ၁၇ နှစ် အရွယ် ဘေယန်မြူးနစ်ရဲ့ ခြေစွမ်းပြ ကစားသမား လန်းနတ် ကားလ် ကတော့ အသက် ၁၀ နှစ် အရွယ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အစမ်းသပ်ခံခဲ့သေးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ ဖခင်က လော့စ်ဘလန်ကို့စ် တို့ရဲ့ ညှိနှိုင်းမှု ချဉ်းကပ်မှုကို သဘောမကျတာကြောင့် သဘောတူညီချက် ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် ကတော့ ချက်ချင်း အကျိုးသက်ရောက်မှု ရှိပြီး ကုန်ကျစရိတ် နည်းပါးတဲ့ ရွေးချယ်မှု အဖြစ် မန်ချက်စတာစီးတီး ခံစစ်မှူး နေသန် အေခီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း သိရပါတယ်။

အင်တာမိုင်ယာမီ တာဝန်ရှိသူတွေ ကတော့ လီယွန်နယ် မက်ဆီနဲ့ တွဲဖက် ကစားဖို့ ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူပေးချင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ပိုလန် ကစားသမား အတွက် အိမ်တစ်လုံးတောင် ရှာဖွေနေကြပြီလို့ သိရပါတယ်။ လီဝမ်ဒေါစကီး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာမှာ ဆက်လက် ကစားချင်နေသေးကြောင်း သိရပါတယ်။

တစ်ဖက် မှာလည်း လီဝမ်ဒေါစကီးက ဘာစီလိုနာနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ နှောင့်နှေးနေတာကြောင့် စိတ်ပျက်နေပြီး သူ့ရဲ့ အနာဂတ် အတွက် မကြာခင်မှာ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုထားကြောင်း El Nacional က ဖော်ပြပါတယ်။

လီဝမ်ဒေါစကီး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာမှာ ဆက်လက် ကစားချင်နေသေးကြောင်း သိရပါတယ်။
မက်ဆီနဲ့ လီဝမ်ဒေါစကီးကို တိုက်စစ် အတွဲအဖက် အဖြစ် မြင်ချင်နေတဲ့ အင်တာမိုင်ယာမီ

ရီးရဲလ်မက်ဒရစ် ကတော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့ကို ကျော်ဖြတ်ပြီး ဗက်စကိုဒါဂါးမား တောင်ပံကစားသမား ရာယန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ လာလီဂါ ကလပ်ဟ ဒီကစားသမားကို ယူရို သန်း ၅၀ (ပေါင် ၄၃.၉ သန်း၊ ဒေါ်လာ ၅၈.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေကြောင်း Fichajes က‌ ဖော်ပြပါတယ်။

လစ်ဗာပူးလ်၊ လက်စတာစီးတီးနဲ့ ဆဲလ်တစ် တို့ရဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဘရန်ဒန် ရော်ဂျာစ် ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ကတ်ဆီယာရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။ အာရှရဲ့ ထိပ်တန်း အသင်း ဖြစ်လာဖို့ ရည်မှန်းထားတဲ့ အဲလ်ကတ်ဆီယာက ဘရန်ဒန် ရော်ဂျာစ်ကို ၂ နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ အသက် ၅၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မြောက်အိုင်ယာလန်နိုင်ငံသား ဘရန်ဒန် ရော်ဂျာစ်ဟာ ချဲလ်ဆီး အရန် အသင်းမှာ နည်းပြဘဝကို အစပြုခဲ့သူ ဖြစ်ပြီး ဝက်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီး တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဆဲလ်တစ် ကိုတော့ နှစ်ကြိမ် ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကမှ အသင်း တာဝန်ရှိသူတွေနဲ့ အဆင်မပြေ ဖြစ်ပြီး လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီ မိန်နူးရဲ့ အစ်ကို ဖြစ်သူ ဂျော်ဒန် မိန်နူး ဟမ်းစ် ကတော့ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲအတွင်းမှာ သူ့ညီကို လွတ်လပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဂျော်ဒန်ဟာ ဘုန်းမောက်နဲ့ ပွဲ ပွဲကြည့်စင်မှာ ‘free Kobbie Mainoo’လို့ ရေးသားထားတဲ့ တီရှပ်ကို ဝတ်ဆင်ခဲ့တာ ဖြစ်တယ်။ မိန်နူးဟာ အဲဒီပွဲမှာ ၆၁ မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် တစ်ပွဲမှ မရသေးဘဲ ဖြစ်နေပါတယ်။ လက်ရှိမှာ မိန်နူးရဲ့ အနာဂတ်က တော်တော်လေး လှုပ်ခတ်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းက အငှားနဲ့ ထွက်ဖို့ များနေပါတယ်။ မိန်နူးဟာ ပြီးခဲ့တဲ့ နွေရာသီက နာပိုလီထံ အငှားထွက် ကစားဖို့ နီးစပ်ခဲ့ပေမယ့် ယူနိုက်တက် ဘက်က ပယ်ချခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်