နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူးဝစ် ဒီးယက်ဇ်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

countdown banner

လာလီဂါ ကလပ် ဘာစီလိုနာ အသင်း ကတော့ တောင်ပံတိုက်စစ် နေရာ အတွက် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ အစောပိုင်းမှာ စပိန် လူငယ် ကြယ်ပွင့်လေး နီကို ဝီလီယမ်စ်ကို ပစ်မှတ်ထားနေခဲ့ပေမယ့် လက်ရှိမှာတော့ လစ်ဗာပူးလ်က လူးဝစ် ဒီးယက်ဇ် ကိုသာ ခေါ်ယူဖို့ ပိုပြီး စိတ်ဝင်စားနေခဲ့ပြီလို့ သိရပါတယ်။

အသက် (၂၁) နှစ် အရွယ် နီကို ဝီလီယမ်စ်ဟာ လက်ရှိမှာ စပိန် အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲလျက် ရှိနေပြီးတော့ ခြေစွမ်းလည်း တော်တော်လေး ပြသနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားကို စိတ်ဝင်စားနေတဲ့ ကလပ် အရေအတွက်က တဖြည်းဖြည်း များပြားလာခဲ့ပြီး ကစားသမား ကိုယ်တိုင် ကလည်း ဘီလ်ဘာအိုမှာ တစ်ရာသီလောက် ဆက်နေချင်နေတာကြောင့် ဘာစီလိုနာတို့ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ပြောင်းလဲလာတာ ဖြစ်ပါတယ်။

ကတ်တာလန် ကလပ်ဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရှိနေပြီးတော့ ကစားသမားသစ်တွေ အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်ကို အစောပိုင်းမှာထဲက ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး ဒီကစားသမားလေးရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဟန်ဆီ ဖလစ်ခ် စိတ်ကြိုက် ကစားသမား ဖြစ်လာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။

လာလီဂါ ကလပ်ဟာ လက်ရှိ အချိန်ထိ ဘဏ္ဉာရေး ခက်ခဲမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီးယက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကြောင့် ခက်ခဲနိုင်ဖွယ် ရှိနေတဲ့ ဘာစီလိုနာ

ဒါပေမယ့်လည်း လက်ရှိ မှာတော့ လာလီဂါ ကလပ် ဘာစီလိုနာက သူတို့ရဲ့ တောင်ပံ ကစားသမား ပစ်မှတ်ကို လစ်ဗာပူးလ်က လူးဝစ် ဒီးယက်ဇ်ဆီ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပြီး မကြာခင်မှာတော့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ အသက် (၂၇) နှစ် အရွယ် ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ဟာ လက်ရှိမှာ ကိုလံဘီယာ အသင်းနဲ့ အတူ ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲကို ပါဝင်ဆင်နွဲလျက် ရှိပြီး သတင်းဖော်ပြချက်တွေ အရ ဆိုရင် ဒီးယက်ဇ်ရဲ့ လစ်ဗာပူးလ် ကစားသမားဘဝ အနာဂတ် ကလည်း မရေမရာ ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကိုလံဘီယာ လက်ရွေးစင်က လစ်ဗာပူးလ်မှာ အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင်ကစားနေပေမယ့် အသင်းမှာ အနာဂတ် ရေရေရာရာ မရှိသေးတာကြောင့် ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ တော်တော်လေး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီးယက်ဇ်ရဲ့ ဖခင် ကိုယ်တိုင် ကလည်း သူ့သားဟာ ဘာစီလိုနာ ပရိသတ် ဖြစ်တာကြောင့် တစ်နေ့မှာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ ကစားလိမ့်မယ် ဆိုပြီးတော့လည်း ပြောဆိုထားခဲ့ဖူးပါတယ်။

တကယ်တမ်း မှာတော့ ဘာစီလိုနာ ဘက်ကတော့ ဒီးယက်ဇ်လို အရည်အသွေးမြင့် တောင်အမေရိက ထိပ်တန်း ကစားသမားမျိုးကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပေမယ့် သူတို့ အသင်းရဲ့ ငွေကြေးအခြေအနေအရတော့ အခက်အခဲ ရှိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ လက်ရှိ အချိန်ထိ ဘဏ္ဉာရေး ခက်ခဲမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် ဘက်ကသာ ကစားသမား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ တောင်းဆိုလာရင်တော့ လက်လျှော့သွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်