လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အတ္တလန္တာ မှာ နည်းပြ ဖြစ်သူ ဂတ်စ်ပီရီနီနဲ့ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ် ကစားသမား အဒမ်မိုလာ လွတ်ခ်မန်းကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ထိပ်တန်း အဆင့် ခြေစွမ်းရှိပြီး အာဖရိကရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ရရှိထားခဲ့တဲ့ လွတ်ခ်မန်း ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ် ကစားသမား လွတ်ခ်မန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီက အတ္တလန္တာနဲ့ အတူ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ထားသလို လက်ရှိ အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်နေသူပါ။ ဒါပေမယ့်လည်း လွတ်ခ်မန်းက ကလပ် ဘရုဂေးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပွဲစဉ် ဒုတိယအကျော့မှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် နည်းပြ ဖြစ်သူ ဂတ်စ်ပီရီနီနဲ့ တင်းမားတဲ့ ဆက်ဆံရေး ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲဟာ အတ္တလန္တာ အတွက် အရေးကြီးနေပြီး ဒုတိယမြောက် ချေပဂိုး ဖြစ်နိုင်တဲ့ ပင်နယ်တီကို လွတ်ခ်မန်းက ဝင်အောင် မကန်သွင်းနိုင်ခဲ့လို့ နည်းပြ ဖြစ်သူက အမျက်ဒေါသ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဂတ်စ်ပီရီနီက လွတ်ခ်မန်းရဲ့ ပင်နယ်တီ ကန်သွင်းမှုနဲ့ ပတ်သတ်လို့ သူမြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ပင်နယ်တီ ကန်သွင်းမှုလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဝေဖန် အပြီးမှာ လွတ်ခ်မန်းနဲ့ ဂတ်စ်ပီရီနီ တို့ရဲ့ ဆက်ဆံရေးက တော်တော်လေး အခြေအနေ ဆိုးသွားခဲ့ပြီး ကစားသမား ကလည်း အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်နေခဲ့တာပါ။ တိုက်စစ် နေရာစုံမှာ ကစားနိုင်တဲ့ လွတ်ခ်မန်း ကတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အတ္တလန္တာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ တင်းမာမှုတွေအရ စာချုပ်သစ် ချုပ်ဆိုဖို့တော့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် အတ္တလန္တာ ဘက်က လွတ်ခ်မန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံရမယ့် အစား လာမယ့် နွေရာသီ မှာပဲ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။
လွတ်ခ်မန်းဟာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲဗာတန်၊ ဖူလ်ဟမ်နဲ့ လက်စတာစီးတီး တို့မှာ ကျင်လည်ခဲ့ဖူးပြီးတော့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် မှာလည်း ကစားခဲ့ဖူးပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ လက်ရှိမှာ လွတ်ခ်မန်းကို တော်တော်လေး သဘောကျနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ လိုချင်တဲ့ အေစီမီလန် တောင်ပံ တိုက်စစ် ကစားသမား ရာဖေးလ် လီယောင်ထက် တန်ကြေး နည်းပါးနေတဲ့ အချက် ကလည်း အဓိကကျနေပါတယ်။
အေစီမီလန် တောင်ပံ တိုက်စစ် ကစားသမား ရာဖေးလ် လီယောင်ရဲ့ လက်ရှိ တန်ကြေး ကတော့ ယူရို သန်း ၁၀၀ အနည်းဆုံး ရှိနေပါတယ်။ ဒါ့အပြင် လီယောင်ကို ခေါ်ယူဖို့ အတွက် ဆိုရင် လာလီဂါ ကလပ် အနေနဲ့ ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေလို့ ပြောင်းရွှေ့ကြေး သက်သာစွာနဲ့ ရမယ့် လွတ်ခ်မန်းကို ပိုပြီး ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.