နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟာလန်းနဲ့ ယိုကီးရက်စ်ကို ခေါ်ယူဖို့ အစီအစဉ် မရှိသေးကြောင်း ပြောလာတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ ဒေကို ကတော့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ အစီအစဉ် မရှိသေးကြောင်း အတည်ပြုခဲ့ပါတယ်။ 

လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ အာလင်း ဟာလန်းနဲ့ ဗစ်တာ ယိုကီးရက်စ် တို့လို ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတယ် ဆိုတဲ့ သတင်းတွေကို ဒေကိုက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ လာလီဂါ ကလပ်မှာ ၀ါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ရှိနေတာကြောင့် ကျောနံပါတ် ၉ နေရာ အတွက် မလိုအပ်ကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒေကိုက စပိန် နိုင်ငံထုတ် El Mundo Deportivo သတင်းစာနဲ့ တွေ့ဆုံစဉ် အနာဂတ် အပြောင်းအရွှေ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေကို ဒေကိုက အခုလို ဖြေကြားလာခဲ့တာ ဖြစ်ပါတယ်။ 

ဒေကိုက “ပထမဆုံး အနေနဲ့ ဟာလန်းက အနာဂတ်မှာ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမား ဟုတ်မဟုတ် ဆိုတာ သိထားရပါမယ်။ အခုအချိန် မှာတော့ ကျွန်တော်တို့ ဒါကို မသိနိုင်သေးဘူး။ အခုလောလောဆယ် ကျွန်တော်တို့ နံပါတ် ၉ ကို မလိုအပ်သေးဘူး။ ကျွန်တော် တို့မှာ ရောဘတ် လီဝမ်ဒေါစကီး ရှိနေပါတယ်။ နံပါတ် ၉ နဲ့ ပတ်သက်ပြီး ကျွန်တော် တို့မှာ ဘာအစီအစဉ်မှ မရှိပါဘူး။ အဲဒါက ဦးစားပေး ကိစ္စ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီရာသီ ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ထားရမှာ ဖြစ်လို့ပါ။ ယိုကီးရက်စ်က ကစားသမားကောင်း တစ်ယောက်ပါ။ သူက ပေါ်တူဂီမှာ အချိန် တစ်ခု ကြာအောင် ဂိုးတွေ သွင်းနေခဲ့တယ်။ တခြားသူတွေ သိသလိုမျိုး ကျွန်တော် တို့လည်း သူ့ကို သိပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ ဒါက ကျွန်တော်တို့ အတွက် ဦးစားပေး ကိစ္စ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ချရမယ့် အချိန် ရောက်လာရင် ကျွန်တော် ဒါကို လုပ်မှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က အသင်းမှာ အဲဒီလိုလုပ်ရသူ တစ်ယောက် ဖြစ်လို့ပါ။ ရွေးချယ်စရာတွေကို ကျွန်တော်တို့ ဆုံးဖြတ်ရပါမယ်။ ဒါပေမယ့် ဘယ်ကစားသမားနဲ့မှ စကားပြောဖို့ အချိန်တန်ပြီလို့ ကျွန်တော် မထင်ပါဘူး။” လို့ ဒေကိုက ဆိုပါတယ်။ 

လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ အာလင်း ဟာလန်းနဲ့ ဗစ်တာ ယိုကီးရက်စ် တို့လို ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတယ် ဆိုတဲ့ သတင်းတွေကို ဒေကိုက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းနဲ့ ယိုကီးရက်စ်ကို ခေါ်ယူမှာ မဟုတ်တဲ့ ဘာစီလိုနာ

ဒါ့အပြင် ဘာစီလိုနာ အနေနဲ့ ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ်ကို နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမား ကိုယ်တိုင်က နူးကမ့်ပ်သို့ လာရောက်ဖို့ စိတ်မဝင်စားတာကြောင့် အဲဒီ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ထပ်မပြောလိုကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။ 

ဒေကိုက “နွေရာသီတုန်းက ကျွန်တော်တို့ နီကိုကို စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်မှာ ကစားသမားက ဆုံးဖြတ်ချက် တစ်ခု ချခဲ့ပါတယ်။ ဘဝ ဆိုတာ ရှေ့ဆက်သွားနေတာပါ။ ကစားသမားက လာဖို့ စိတ်မဝင်စားကြောင်း ပြသတဲ့ အခိုက်အတန့်မှာ အဲဒီအကြောင်းကို ကျွန်တော်တို့ ထပ်မပြောတော့ပါဘူး။ ဦးစားပေး ဖြစ်တဲ့ ဒန်နီ အော်လမိုကို ကျွန်တော်တို့ ခေါ်ယူခဲ့တာပါ။” လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်