နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွင်းလယ် အတွက် ကစားသမား ၄ ဦးကို ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ | လာလီဂါ

countdown banner

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ နည်းပြသစ် ဟန်ဆီ ဖလစ်ခ်နဲ့ အတူ အောင်မြင်မှုတွေ ပြန်လည် ရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် တချို့ ခေါ်ယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ အစီအစဥ်တွေနဲ့ ပတ်သတ်ပြီး စပိန် မီဒီယာတွေရဲ့ ဖော်ပြချက် အရတော့ ကတ်တာလန် ကလပ်က ကွင်းလယ်လူ တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

မွန်ဒို ဒီပို့တီဗိုရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ်ဟာ အရည်အသွေးမြင့် ကွင်းလယ်လူ တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေပြီး ဒေကို ကိုယ်တိုင် ရှာဖွေလျက် ရှိတယ်လို့ သိရပါတယ်။ ဒေကို ဦးဆောင်တဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ Deep-lying ကွင်းလယ်လူ တစ်ဦး ရှာဖွေနေပြီး လက်ရှိမှာ ကစားသမား ၄ ဦးကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဟန်ဆီ ဖလစ်ခ်ဟာ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတွေကို အဓိက အသုံးပြုသွားမယ်လို့ ကတိပေးထားပေမယ့် အတွေ့အကြုံရှိ ကစားသမားတွေ ကိုလည်း ခေါ်ယူချင်နေသေးတာ ဖြစ်ပါတယ်။ 

လာလီဂါ ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆာဂျီယို ဘူးစကွက်စ်ကို လက်လွှတ်ခဲ့ရပေမယ့် အိုရီယိုလ် ရိုမီယူကို ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ ခေါ်ယူအားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုမီယူရဲ့ စွမ်းဆောင်ပိုင်းက မေးခွန်းထုတ်စရာတွေ ရှိလာပြီး ဒါကြောင့်လည်း လာမယ့် ရာသီ အတွက်တော့ ဘာစီလိုနာတို့ ဗဟိုကွင်းလယ်လူ တစ်ဦး မဖြစ်မနေ ရှာဖွေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

လာလီဂါ ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆာဂျီယို ဘူးစကွက်စ်ကို လက်လွှတ်ခဲ့ရပေမယ့် အိုရီယိုလ် ရိုမီယူကို ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ ခေါ်ယူအားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။
ဗဟိုကွင်းလယ်လူ တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ရှိနေတဲ့ ဘာစီလိုနာ

အထက်မှာ ဖော်ပြခဲ့သလိုပဲ ဘာစီလိုနာဟာ ကွင်းလယ်လူစစ် တစ်ဦးကို ရှာဖွေရာမှာ ကစားသမား ၄ ဦးကို ပစ်မှတ်ထားနေပြီး စာရင်းထဲမှာတော့ ရီးရဲလ်ဆိုစီဒက်က မီခဲလ်မာရီနို၊ ဘေယန်မြူးနစ်က ဂျော်ရွှင် ကင်မစ်ချ်၊ အဲဗာတန် က အမာဒူ အိုနာနာနဲ့ နယူးကာဆယ်က ဘရူနို ဂီမာရေးစ်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီ ၄ ဦးထဲမှာတော့ ဂျော်ရွှာ ကင်မစ်ချ်က ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့ပြီး ဖြစ်ပါတယ်။ အဓိက ကတော့ ငွေကြေး ပြသနာတွေ ရှိနေတဲ့ ဘာစီလိုနာ အနေနဲ့ ကင်မစ်ချ်ရဲ့ ပြောင်းရွှေ့ကြေး အပြင် လုပ်ခလစာ အပိုင်းမှာ မတတ်နိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ဦး ဖြစ်တဲ့ အမာဒူ အိုနာနာ ကိုတော့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ် တော်တော်များများက စိတ်ဝင်စားနေလို့ ဘာစီလိုနာ တို့ အပြိုင်အဆိုင် ကြိုးပမ်းမှ ရမှာပါ။ ဘရူနို ဂီမာရေးစ် ကလည်း လာမယ့် နွေရာသီမှာ နယူးကာဆယ် ကနေ ထွက်ခွာဖွယ် ရှိတဲ့ ကစားသမား ဖြစ်ပေမယ့် ပြောင်းရွှေ့ကြေး ကလည်း များပြားနိုင်လို့ အသင်း‌ တော်တော်များများက လက်တွန့်နေခဲ့တာ ဖြစ်ပါတယ်။ 

အာလုံးထဲမှာ ဖြစ်နိုင်ချေ အများဆုံး ကတော့ ရီးရဲလ်ဆိုစီဒက်က မီခဲလ် မာရီနို ဖြစ်ပြီး ဒီကစားသမားဟာ လာလီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိပါတယ်။ ဒါ့အပြင် လာလီဂါ မှာလည်း အသားကျနေပြီးသား ဖြစ်တာကြောင့် ဟန်ဆီဖလစ်ခ် အနေနဲ့ မာရီနို ကိုပဲ အရ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုသွားဖွယ် ရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်