နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂရင်းဝုဒ် အတွက် ယူရို သန်း ၁၀၀ ပေးချေဖို့ အသင့် ဖြစ်နေတဲ့ တီကို၊ ဘယ်လင်ဟမ်ကို ယူရို သန်း ၂၀၀၊ လုပ်ခလစာ ၂ ဆနဲ့ ကမ်းလှမ်းဖို့ ရှိနေတဲ့ ယူနိုက်တက် | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ် ကတော့ မာဆေးလ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူရန် ယူရို ၁၀၀ သန်း (ပေါင် ၈၇.၂ သန်း) ပေးချေဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဂရင်းဝုဒ်ရဲ့ အသင်းဟောင်း အတွက်လည်း ငွေကြေးပိုင်းဆိုင်ရာ အရ အကျိုးအမြတ် ရှိစေမယ့် အပြောင်းအရွှေ့လည်း ဖြစ်လာနိုင်ပါတယ်။

ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာယူနိုက်တက်က ရီးရဲလ်မက်ဒရစ်က ဂျူ့ဒ် ဘယ်လင်ဟမ်ကို ယူရို သန်း ၂၀၀ (ပေါင် ၁၇၄.၄ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ဘယ်လင်ဟမ်ရဲ့ လက်ရှိ လုပ်ခလစာကို နှစ်ဆတိုးပေးမယ် လို့တောင် ကတိပေးထားကြောင်း သိရပါတယ်။ 

ဘာစီလိုနာ ကတော့ ဗဟိုနောက်ခံလူ အန်ဒရီယာစ် ခရစ္စတန်ဆန်အား ACL ဒဏ်ရာက ပြန်လည် ကောင်းမွန်လာပြီးနောက် ရေတိုစာချုပ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ ဘာစီလိုနာဟာ ဒိန်းမတ် နောက်ခံလူကို ရေရှည်စာချုပ်ချုပ်ဆိုဖို့ အတွက် အခွင့်အရေးပေးတဲ့ အနေနဲ့ ရေတို စာချုပ်နဲ့ အရင်ဆုံး ကမ်းလှမ်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ် အရွယ် ဘင်ဖီကာ နောက်ခံလူ နီကိုလက်စ် အော့တာမန်ဒီ ကတော့ ဘာစီလိုနာ အတွက် အလားအလာ ရှိတဲ့ ပစ်မှတ် တစ်ခု ဖြစ်လာခဲ့ပါတယ်။ အားကစား ဒါရိုက်တာ ဒေကိုဟာ အာဂျင်တီးနား ဝါရင့် နောက်ခံလူကို ယူရို ၁ သန်း (ပေါင် ၈၇၀,၀၀၀၊ ဒေါ်လာ ၁.၂ သန်း) ထက် မပိုသော သဘောတူညီချက် တစ်ခုနဲ့ ကမ်းလှမ်းဖို့ လိုလားနေပါတယ်။

တစ်ဖက် မှာလည်း ဘာစီလိုနာက အက်ဆဲလ် ဒီဆာဆီကို ခေါ်ယူချင်နေပေမယ့် ပြင်သစ်သား လိုချင်နေတဲ့ လုပ်ခလစာ ပမာဏကြောင့် တွန့်ဆုတ်နေရကြောင်း သိရပါတယ်။ လက်ရှိ မှာတော့ ဒီအပြောင်းအရွှေ့က မဖြစ်နိုင်သလောက် ဖြစ်လာကြောင်း SPORT က ဖော်ပြပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ဘယ်လင်ဟမ်ရဲ့ လက်ရှိ လုပ်ခလစာကို နှစ်ဆတိုးပေးမယ် လို့တောင် ကတိပေးထားကြောင်း သိရပါတယ်။
ဘယ်လင်ဟမ်ကို လက်ရှိ ရနေတဲ့ လစာထက် ၂ ဆ တိုးပေးပြီး ကမ်းလှမ်းမယ့် ယူနိုက်တက်

ရီးရဲလ်မက်ဒရစ် ကတော့ ရန်းစ် နောက်ခံလူ ဂျရမီ ဂျက်ကက်ကို နောက်ရာသီအတွက် ဦးစားပေး ခေါ်ယူမှု အဖြစ် သတ်မှတ်လိုက်ပါတယ်။ အသက် ၂၀ အရွယ် ပြင်သစ်သား အတွက် ကိုတော့ လာလီဂါ ကလပ်က ယူရို ၃၅ သန်း (ပေါင် ၃၀.၅ သန်း) နဲ့ သဘောတူညီချက်ရဖို့ မျှော်လင့်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ အသက် ၂၀ အရွယ် ကိုမို ဗဟိုနောက်ခံလူ ဂျာကိုဘို ရာမွန် အတွက် နောက်နွေရာသီမှာ ပြန်လည် ဝယ်ယူခွင့် စာချုပ်ကို အသက်သွင်းဖို့ အလားအလာ ကောင်းနေပါတယ်။

တခြား တစ်ဖက်မှာ ရိုးမား ကွင်းလယ်လူ မာနူ ကိုနေး ကတော့ လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အသင်း ကနေ ထွက်ခွာနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။

ထရက်ဇွန်စပေါမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကင်မရွန်း ဂိုးသမား အန်ဒရီ အိုနာနာဟာ တူရကီမှာ နေထိုင်ရတဲ့ဘဝနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောခဲ့သလို မန်ချက်စတာယူနိုက်တက် ကနေ အပြီးသတ် ထွက်ခွာဖို့ ရှိနေကြောင်း အရိပ်အမြွက်ပြောခဲ့ပါတယ်။ အိုနာနာက ပတ်ဝန်းကျင်သစ်မှာ အံ့သြလောက်စရာ ပြီးပြည့်စုံပြီး သူ့ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ပိုင်ဆိုင်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အင်တာမီလန် ကနေ မန်ယူနိုက်တက်ကို ပေါင် ၄၇ သန်းနဲ့ ရောက်ရှိခဲ့တဲ့ အိုနာနာက အင်္ဂလန်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် စက်တင်ဘာလ အတွင်း တူရကီ ကလပ် ထရက်ဇွန်စပေါကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းသစ်မှာ ယူနိုက်တက်တုန်းကထက် လစာငွေ နှစ်ဆ ရရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်