နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆော်ဒီကလပ်နဲ့ ဆွေးနွေးနေတဲ့ အက်သလက်တီကိုမက်ဒရစ် ကြယ်ပွင့် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆော်ဒီကလပ်နဲ့ ဆွေးနွေးနေတဲ့ အက်သလက်တီကိုမက်ဒရစ် ကြယ်ပွင့်

အက်သလက်တီကို မက်ဒရစ်ဟာ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံး အပတ်မှာ ကွင်းလယ် ခံစစ် ကစားသမားသစ် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း လုံလောက်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်နိုင်ဖို့ အတွက် ငွေကြေး မလုံလောက်တာကြောင့် ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

ယန်းနစ်ခ် ကာရက်စ်ကိုက လာလီဂါ ကလပ်ကို သိသိသာသာ များပြားတဲ့ ငွေကြေးပမာဏ ရရှိအောင် ကူညီပေးနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဆာချာ တာဗိုလီယာရီရဲ့ ဖော်ပြချက်အရ ဘယ်လ်ဂျီယံ ကြယ်ပွင့်ဟာ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်ရှာဘတ်နဲ့ ပြောဆို ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အယ်လ်ရှာဘတ်က ကာရက်စ်ကိုကို မက်မောလောက်ဖွယ် လစာပမာဏနဲ့ ၃ နှစ်စာချုပ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်နဲ့ ဘယ်လ်ဂျီယံ ကြယ်ပွင့် တို့ဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် ပြောင်းရွှေ့ကြေး ကတော့ အများကြီးရရှိဖွယ် မရှိပါဘူး။


ရီးရဲလ်မက်ဒရစ်မှာ မပျော်မရွှင် ဖြစ်နေတဲ့ လူကာ မိုဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီမှာ ဂျူ့ဒ် ဘယ်လင်ဟမ်၊ အာဒါ ဂူလာ တို့ကို ခေါ်ယူခဲ့ပြီး ကာရင် ဘန်ဇီမာလိုမျိုး အသင်း အတွက် ကာလရှည်ကြာ ကစားပေးခဲ့တဲ့ ကစားသမားက အသင်းမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သိရပါတယ်။

ကာလို အန်ဆယ်လော့တီဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့သလို လာလီဂါ အဖွင့်ပွဲစဉ် မှာလည်း အဲဒီကစားကွက် ကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပြီး ဗင်နီးဆီးယပ်စ် ဂျူနီယာနဲ့ ရိုဒရိုင်ဂို တို့ကို အထောင်ထားပြီး ကွင်းလယ်မှာ ဘယ်လင်ဟမ်က တိုက်စစ် ပိုမိုလိုက်ပါတဲ့ အခန်းကဏ္ဍနဲ့ ကမာဗင်ဂါ၊ ချူဝါမန်နီ တို့ကို ကွင်းလယ် အထိုင် အလယ်မှာ ဗယ်ဗာဒီက နေရာယူပြီး စိန်ပွင့်ပုံစံ ကွင်းလယ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်ရဲ့ ဂန္တဝင်ကစားသမား ၂ ဦးဖြစ်တဲ့ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ် တို့ဟာ အရန်ခုံထိုင်ခဲ့ရပြီး ဒုတိယပိုင်းမှသာ လူစားဝင်ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ Mundo Deportivo ရဲ့ သတင်းအရ မိုဒရစ်ဟာ လူစားဝင် ကစားသမား အဖြစ် ဝင်ကစားရတာကို မပျော်မရွှင် ဖြစ်နေပေမယ့်လည်း ရာသီအစဖြစ်တာကြောင့် လက်ခံခဲ့တာလို့ သိရပါတယ်။ အသက် ၃၈ နှစ်ပြည့်မြောက်တော့မယ့် လူကာ မိုဒရစ်ဟာ မကြာသေးမီကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူ ဖြစ်ပြီး ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းမှာ အခန်းကဏ္ဍ လျော့နည်းလာနိုင်တယ်လို့ မျှော်မှန်းခြင်းခံထားရတာ ဖြစ်ပါတယ်။


ကစားသမား ၃ ဦးအထိ ရောင်းချသွားဦးမယ့် ဘာစီလိုနာ

ဂျာနယ်လစ် ဇေးဗီးယား မီဂယ်ရဲ့ ပြောကြားချက်အရ ဘာစီလိုနာဟာ အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင် လစာပေးချေနေရတဲ့ ပမာဏကို လျှော့ချနိုင်ဖို့ ကစားသမား ၃ ဦး အထိ ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ ရောင်းထုတ်ခြင်း ခံရနိုင်တဲ့ ကစားသမား ၃ ဦး ကတော့ ဆာဂျီနို ဒက်စ်တ်၊ ကလီးမန့် လန်းဂ်လတ်နဲ့ အန်ဆူ ဖာတီ သို့မဟုတ် ဖာရန် တောရက်စ်တို့ ဖြစ်နိုင်တယ်လို့ သိရပြီး ယခုနွေရာသီမှာ ကစားသမား ၃ ဦး ခေါ်ယူထားပေမယ့်လည်း ကတ်တလန် အသင်းကြီးက နေရာ အများအပြား အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ စီမံခန့်ခွဲမှုဌာနက ကစားသမားသစ်တွေ ထပ်မခေါ်ခင် အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ရမယ်လို့ အသိပေးခဲ့တာ ဖြစ်ပြီး ဇာဗီရဲ့ အသင်းမှာ လူပို ဖြစ်နေတဲ့ ကစားသမား အများအပြား ရှိနေတဲ့ အထဲက ဘယ်ကစားသမားတွေ ရောင်းထုတ်ခံရမလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်