နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းဆင်းဇုန်ထဲက အသင်းကိုပါ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

အက်တလက်တီကို မက်ဒရစ် ၀ – ၁ လီဗန်တေး

ခြေစွမ်းပိုင်းမတည်မငြိမ် ဖြစ်နေပြီး ရလဒ်ပိုင်းပါ ယိမ်းယိုင်နေတဲ့ လာလီဂါ လက်ရှိ ချန်ပီယံ အတွက်တော့ နောက်ထပ် စိတ်ပျက်စရာ ပွဲစဉ် တစ်ပွဲလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီရလဒ်ဟာ လီဗန်တေး အတွက် မထူးခြားခဲ့ပေမယ့် အက်တလက်တီကို မက်ဒရစ် အတွက် ကတော့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေး အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပြီလို့ ပြောလို့ ရပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အက်တလက်တီကို မက်ဒရစ်တို့ ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ကွန်ဟာ၊ ကော်ရီယာ အတွဲအဖက်နဲ့ အတူ ကွင်းလယ်နဲ့ ခံစစ်မှာ လီမာ၊ ကိုကီ၊ ကွန်ဒေါ့ဘီယာ၊ ဒီပေါလ်၊ ရိုင်နီလ်ဒို၊ ဂျင်မီနက်ဇ်၊ ဆာဗစ်၊ လော်ရန်တေး၊ ဂိုးမှာတော့ အိုဘလက်ခ်ပဲ ပွဲထွက်လာခဲ့ပါတယ်။ လီဗန်တေး ဘက်မှာတော့ မူစတာဖီ၊ ပိုစတီဂို၊ ဗီဇို၊ ကမ်ပါနာ၊ ဖရန်ကီဆာ၊ ရက်ဒိုဂျာ တို့ ဒဏ်ရာ ပြသနာကြောင့် လွဲချော်ခဲ့ပြီး ဒီဖရုတို့စ်၊ ရိုဂျာ၊ မီလဲရို၊ ဘာဟီ၊ မီရာမွန်၊ ကာဆီးရက်စ်တို့ ပါဝင်လာခဲ့ပါတယ်။

ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းနေတဲ့ အက်တလက်တီကို မက်ဒရစ်တို့ ဒီနေ့ပွဲ မှာလည်း လီဗန်တေးကို ခက်ခက်ခဲခဲ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၂၁ မိနစ် မှာ နောက်ခံလူ ဂျင်မီနက်ဇ်ရဲ့ အမှားက တစ်ဆင့် ဖရုတို့စ် တစ်ယောက်တည်း ဆွဲပြေးပြီး အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးသမား ယန်အိုဘလက်ခ် ကာကွယ်သွားနိုင်ခဲ့လို့ အက်တလက်တီကိုတို့ သက်သာရာရခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် အနေနဲ့ လီဗန်တေး ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သောမက်စ် လီမားရဲ့ ကန်ချက် ဂိုးဘားတန်း ပေါ်က ကျော်သွားတဲ့ တစ်ကြိမ် ကလွဲရင် ကျန်တဲ့ အချိန်တွေမှာ ဂိုးရဖို့ လုံးဝကို မနီးစပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မှာလည်း ဧည့်သည် လီဗန်တေး တို့ပဲ အက်တလက်တီကို ဘက်ကို စနစ်တကျ တိုက်စစ်ဆင်နိုင်ခဲ့ပြီး အက်တလက်တီကို ကတော့ အပိုင်အခွင့်အရေး ဖန်တီးဖို့ ကြိုးစားနေတာနဲ့တင် အချိန်ကုန်ခဲ့ပြီး ပထမပိုင်းလည်း ပြီးဆုံးခဲ့ပါတယ်။

အက်တလက်တီကို မက်ဒရစ် ကတော့ ရှေ့ပွဲတွေမှာ ပြောခဲ့သလို လာလီဂါ ချန်ပီယံဆုကို ကာကွယ်ဖို့ထက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ အခြေအနေ ဖြစ်လို့ လက်ကျန် ပွဲတွေကို ကျိန်းသေပေါက် အားစိုက်ရတော့မှာ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ အက်တလက်တီကို မက်ဒရစ်

ဒုတိယပိုင်း မှာ ကစားအား တင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားခဲ့တာက ဧည့်သည် လီဗန်တေး ဖြစ်ပြီး ဒီဖရုတို့စ်ရဲ့ အကွက်မြင်မြင် ထိုးပေးလိုက်တဲ့ ဘောလုံးကို ဂျင်မီနက်ဇ် လိုက်လံ တားဆီးနေတဲ့ ကြားက မီလဲရိုက အပြင်း ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဒီယေဂို ဆီမြွန်နီ အနေနဲ့ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရရှိဖို့ ဂျာအိုဖီးလစ်၊ လူးဝစ် ဆွာရက်ဇ်၊ လိုဒီ၊ ဟက်တာ ဟာရဲရားတို့ ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် လီဗန်တေး ကသာ ပိုမို ထိရောက်တဲ့ ကစားကွက်နဲ့ လွှမ်းမိုးထားနိုင်လို့ အိမ်ရှင်တို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၅ မိနစ် မှာတော့ ကော်ရီယာက Acrobatic ကန်ချက်နဲ့ ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် ဂျင်မီနက်ဇ် အနေနဲ့ ကာဆီးရက်စ်ကို တွန်းလှဲသလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ပွဲပြီးခါနီးမှာ လီဗန်တေးရဲ့ လူစားဝင် ကွင်းလယ် ကစားသမား မဲလ်ဆာရဲ့ ကွင်းတစ်ဝက်လောက်က ကန်ချက် သေသပ် ကောင်းမွန်ခဲ့ပေမယ့် ဂိုးဘားတန်း ထိထွက်သွားလို့ ၀-၁ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
ချဲလ်ဆီး
1X2 သရေ @ 3.60
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.00 @ 2.21
ဂိုးပေါ် 2.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ ချာပြီးရင်း ချာရင်း ပါပဲ။ ဆွာရက်ဇ်၊ ဖီးလစ်တို့ မပါတဲ့ တိုက်စစ်က သေနေခဲ့ပြီး တောင်ပံတွေ ကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ အဆိုးဆုံး ကတော့ ခံစစ်က ဂျင်မီနက်ဇ် ဖြစ်ပြီး အမှားတွေ များလွန်းခဲ့ပါတယ်။ လီဗန်တေး ကတော့ လာလီဂါ တန်းဆင်းဇုန်ထဲက ရုန်းထဖို့ အတွက် အကောင်းဆုံး အားထုတ်သွားခဲ့တာ ဖြစ်ပြီး လက်ရှိ ချန်ပီယံကို အနိုင်ရခဲ့တာကြောင့်လည်း စိတ်ဓာတ်ပိုင်းလည်း တက်သွားမှာ အသေအချာပါပဲ။

အက်တလက်တီကို မက်ဒရစ် ကတော့ ရှေ့ပွဲတွေမှာ ပြောခဲ့သလို လာလီဂါ ချန်ပီယံဆုကို ကာကွယ်ဖို့ထက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ အခြေအနေ ဖြစ်လို့ လက်ကျန် ပွဲတွေကို ကျိန်းသေပေါက် အားစိုက်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

 အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အိုဆာဆူနာနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိပြီး လီဗန်တေး ကတော့ ၂၂ ရက်နေ့မှာ ဆဲလ်တာဗီဂိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်