နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖီးလစ် အတွက် ဈေးလျှော့ပေးဖို့ အက်တလက်တီကိုမက်ဒရစ်ကို တောင်းဆိုလိုက်တဲ့ ဗီလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကတော့ ယာအို ဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀ ကနေ ၆၀ ဝန်းကျင် အထိ လျှော့ချပေးဖို့ အက်တလက်တီကိုမက်ဒရစ် ဘက်ကို တောင်းဆိုလိုက်ပါတယ်။ 

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ အဆင့် ၄ နေရာရခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ဗီလာက ရာသီကြို ပြင်ဆင်မှု အဖြစ် အရည်အသွေးမြင့်ပြီး ချန်ပီယံလိဂ် အတွေ့အကြုံ ရှိသလို ပုံရိပ်မြင့်မားတဲ့ ကစားသမား တချို့ ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ တောင်ပံ ကစားသမား မူဆာ ဒီယာဘီကို အဲလ်အစ်တီဟတ် အသင်းထံ လက်လွှတ်ထားခဲ့ရတာကြောင့်လည်း ယာအို ဖီးလစ်နဲ့ ပြန်လည် အစားထိုးချင်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ဟာ မူဆာ ဒီယာဘီကို အဲလ်အစ်တီဟတ်ထံ ပေါင်သန်း ၅၀ နဲ့ ရောင်းချထားတာ ဖြစ်ပြီး ဒီပမာဏကို ပြန်လည် အသုံးချကာ ယာအို ဖီးလစ်ကို ကြိုးပမ်းချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီလာက အက်တလက်တီကိုမက်ဒရစ်ထံ ယာအို ဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် ပေါင်သန်း ၆၀ ဝန်းကျင် အထိ လျှော့ချပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် ဟာ မူဆာ ဒီယာဘီကို အဲလ်အစ်တီဟတ်ထံ ပေါင်သန်း ၅၀ နဲ့ ရောင်းချထားတာ ဖြစ်ပြီး ဒီပမာဏကို ပြန်လည် အသုံးချကာ ယာအို ဖီးလစ်ကို ကြိုးပမ်းချင်နေတာ ဖြစ်ပါတယ်။
မူဆာ ဒီယာဘီကို တစ်ရာသီ အကြာမှာပဲ ရောင်းထုတ်တော့မယ့် အက်စတွန်ဗီလာ

ယာအို ဖီးလစ်ကို အဓိက ခေါ်ယူချင်နေသူ ကတော့ နည်းပြ အူနိုင်း အမ်မရီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ကတည်းက ခေါ်ယူချင်ခဲ့ကြောင်း ဝန်ခံထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ အချိန်တုန်းက အသင်းရဲ့ အခြေအနေက ဖီးလစ်ကို ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် ဒီရာသီမှပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ အဓိက ကတော့ အမ်မရီ အနေနဲ့ ဖီးလစ်ရဲ့ ခြေစွမ်း အပြင် ပုံရိပ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွေ့အကြုံ ရှိမှုကို သဘောကျနေတာ ဖြစ်ပါတယ်။ 

အမ်မရီဟာ ယာအို ဖီးလစ်ကို အိုလီ ဝက်ကင်န်စ်ရဲ့ အနောက် နံပါတ် ၁၀ နေရာ အတွက် အကောင်းဆုံး ဖြစ်နိုင်မယ်လို့ ယုံကြည်နေတာပါ။ ဒါပေမယ့်လည်း ပေါ်တူဂီသားက ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း သူ့ရဲ့ စိတ်ကြိုက် နံပါတ် ၁၀ နေရာထက် တောင်ပံမှာသာ ပိုမို ကစားထားခဲ့ရတာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ဘက်ကတော့ ၂၀၁၉ ခုနှစ်မှာ ယာအို ဖီးလစ်ကို ခေါ်ယူဖို့ ပေးချေခဲ့တဲ့ ပေါင် ၁၁၁ သန်း ကနေ တချို့ကို ပြန်လည် ရယူလိုတာကြောင့် အခုနွေရာသီမှာ ဖီးလစ်ကို အပြီးသတ် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ ဖီးလစ်ကို ရောင်းချမှု ကနေ ရရှိတဲ့ ငွေကြေးတွေကို ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ပြန်လည် ခေါ်ယူရာမှာ အသုံးချသွားဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး ကတော့ ဂယ်လာဟာ အတွက် ပေါင် သန်း ၅၀ လိုချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အက်တလက်တီကိုမက်ဒရစ်က ဂယ်လာဟာကို မရခဲ့ရင် အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာရင်နိုကို ဂယ်လာဟာထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ခေါ်ယူဖို့လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ 

ယာအို ဖီးလစ် ကတော့ အခုနွေရာသီမှာ ဆော်ဒီပရိုလိဂ် ကလပ် တချို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ထားသလို သူအငှားထွက်ကစားခဲ့တဲ့ ဘာစီလိုနာကို အပြီးသတ် သို့မဟုတ် နောက်တစ်ကြိမ် အငှားနဲ့ သွားကစားချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ကတော့ ဖီးလစ် ထက် နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့သာ ပိုပြီး အာရုံကျနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်