နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းက ပြီးခဲ့တဲ့ ရာသီကထက် လူစာရင်း ပိုပြီး တောင့်တင်းလာတယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက လက်ရှိ အသင်းရဲ့ လူစာရင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ပိုပြီး တောင့်တင်းလာတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ အမှတ်ပေးချန်ပီယံဆု အပြင် ချန်ပီယံလိဂ် မှာပါ ဗိုလ်စွဲခဲ့ပြီး ဒီနှစ် ချန်ပီယံလိဂ် မှာလည်း ဗိုလ်စွဲဖို့ ဒုတိယမြောက် ရေပန်းအစားဆုံး အသင်း အဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လိဂ် အဆင့်မှာ စတုဂတ်၊ လိုင်လီ၊ ဒေါ့မန်၊ အေစီမီလန်၊ လစ်ဗာပူးလ်၊ အတ္တလန္တာ၊ ဆဲလ်ဘာ့ဂ်၊ ဘရက်စ် တို့လို့ အသင်းတွေနဲ့ တွေ့ဆုံနေပါတယ်။ အဖွင့်ပွဲစဉ် အဖြစ်တော့ ဂျာမန် ကလပ် စတုဂတ်နဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒီ ချန်ပီယံလိဂ် ပြိုင်ပွဲ အဖွင့် ပွဲစဉ် မတိုင်ခင် အင်တာဗျူး မှာတော့ ကာလို အန်ဆယ်လော့တီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

အန်ဆယ်လော့တီက “ချန်ပီယံလိဂ် ပြိုင်ပွဲ ဆိုတာ ရီးရဲလ်မက်ဒရစ် အတွက် ထူးခြားတဲ့ အရာပါ။ ကျွန်တော်တို့ နောက်ဆုံး အဆင့်အထိ ရောက်ရှိအောင် ကြိုးစားသွားမှာပါ။ အသင်းရဲ့ လူစာရင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ ခင်ဗျားတို့ သိပါတယ်။ အရေးပါတဲ့ ကစားသမားတွေ ဖြစ်တဲ့ နာချိုနဲ့ တိုနီ ခရူးစ် တို့ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ ဟိုဆေးလူ ကိုရောပေါ့။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဒါမှမဟုတ် အကောင်းဆုံးတွေ ထဲက တစ်ယောက်ကို ကျွန်တော်တို့ အစားထိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ လူစာရင်းက ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းလာသလားလို့ မေးရင်တော့ ကျွန်တော် ကတော့ ပိုကောင်းလာတယ်လို့ပဲ ထင်ပါတယ်။” လို့ အန်ဆယ်လော့တီက ပြောကြားသွားခဲ့ပါတယ်။

 
ဒီပွဲမှာ ကစားသမားသစ် ကီလီယန် အမ်ဘာပေး ကလည်း သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပြီးတော့ သူ့ရဲ့ လာလီဂါ ကလပ်နဲ့ ပွဲဦးထွက်မှာပဲ ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ မစတင်ခင် ကစားခဲ့တဲ့ ယူအီးအက်ဖ်‌အေ စူပါဖလား ပြိုင်ပွဲမှာ အတ္တလန္တာကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆုဖလား ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ကစားသမားသစ် ကီလီယန် အမ်ဘာပေး ကလည်း သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပြီးတော့ သူ့ရဲ့ လာလီဂါ ကလပ်နဲ့ ပွဲဦးထွက်မှာပဲ ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ်က လာလီဂါ အဖွင့် ပွဲစဉ်မှာ မာယော့ကာနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး ပွဲစဉ် ၂ မှာတော့ ဗယ်လာဒိုးလစ်ကို ၃-၀၊ ပွဲစဉ် ၃ မှာတော့ လက်စ်ပါးလ်မက်စ်နဲ့ သရေကျခဲ့ပါတယ်။ အဲ့နောက် ပွဲစဉ် ၄ နဲ့ ၅ မှာ ရီးရဲလ်ဘက်တစ်နဲ့ ဆိုစီဒက် တို့ကို ၂-၀ ရလဒ်တွေနဲ့ အနိုင်ရခဲ့ပြီး လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ ဘာစီလိုနာ ကတော့ ဒီနှစ် လာလီဂါ မှာ ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲ လုံးဝ မရှိသေးပဲ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ သွင်းဂိုး ကတော့ ၁၃ ဂိုး အထိ ရရှိထားပါတယ်။ ဒီလို ခြေစွမ်းတွေကြောင့် နည်းပြသစ် ဟန်ဆီ ဖလစ်ခ်နဲ့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ် ပြီးရင် လာလီဂါမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ်လည်း ရပ်တည်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်