နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာဖင်ညာကို ယူရို သန်း ၁၀၀ ပေးပြီး ကမ်းလှမ်းဖို့ ဆန္ဒရှိနေတဲ့ အဲလ်နာဆာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ သူတို့ရဲ့ ကစားသမား ရာဖင်ညာ အတွက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ ယူရို ၆၅ သန်းတန် ကမ်းလှမ်းမှု တစ်ခုကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် အဲလ်နာဆာက သူတို့ အသင်းရဲ့ လူစာရင်း တောင့်တင်းစေဖို့ အတွက် ရာဖင်ညာလို အရည်အသွေးမြင့် တောင်ပံ ကစားသမား တစ်ဦးကို အသည်းအသန် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အဲလ်နာဆာရဲ့ ရည်ရွယ်ချက်က ခရစ္စတီယာနို ရော်နယ်ဒို၊ တာလစ်စကာ၊ ဆာဒီယို မာနေး တို့ ရှိနေတဲ့ လူစာရင်းမှာ ရာဖင်ညာကို ပေါင်းထည့်ပြီး ပြိုင်ဘက် နောက်တန်းတွေ ထိတ်လန့်စေမယ့် တိုက်စစ်မျိုး ပိုင်ဆိုင်ချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်နာဆာက အသက် ၂၇ နှစ် အရွယ် ကစားသမားအတွက် ယူရို သန်း ၁၀၀ အထိ ပေးချေဖို့တောင် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဘရာဇီးလ် ကြယ်ပွင့် ရာဖင်ညာ ကတော့ အခုနွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ များနေပြီးတော့ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အကယ်၍ ဘရာဇီးလ် တောင်ပံကစားသမား အနေနဲ့ ဘာစီလိုနာ ကနေ ထွက်ခွာမယ် ဆိုရင်တော့ သူ့ အတွက် ရွေးချယ်စရာ အသင်းတွေ အများကြီး ရှိနေပြီး အဲဒီအထဲကမှ ပရီးမီးယားလိဂ် ကလပ်တွေ ကိုတော့ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေ တော်တော်လေး များနေပါတယ်။

ရာဖင်ညာဟာ လာလီဂါ ကလပ်နဲ့ ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိ ပါဝင် ကစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ ၃၇ ပွဲသာ ကစားခဲ့ရပါတယ်။
ဘာစီလိုနာမှာ မပျော်ရွှင် ဖြစ်နေတဲ့ ရာဖင်ညာ

လိဒ်စ်ယူနိုက်တက် အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ ရာဖင်ညာကို ၂၀၂၂/၂၃ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် ဘာစီလိုနာက အရ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ရာဖင်ညာဟာ လာလီဂါ ကလပ်နဲ့ ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိ ပါဝင် ကစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ ၃၇ ပွဲသာ ကစားခဲ့ရပါတယ်။ အဓိက ကတော့ မကြာသေးခင်က ဘာစီလိုနာရဲ့ ညာတောင်ပံမှာ လူငယ် ကြယ်ပွင့် လမင်း ယာမယ် ပေါ်ထွက်လာခဲ့ပြီးနောက် ရာဖင်ညာ တစ်ယောက် ဘာစီလိုနာ အတွက် အရေးပါမှု လျော့ကျသွားခဲ့ရပါတယ်။ ဒါကြောင့် ဘရာဇီးလ်သားဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရှိနေကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် တချို့က ဒီနွေရာသီမှာ ရာဖင်ညာကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဖြစ်နိုင်ချေ ရှိတဲ့ ကမ်းလှမ်းမှုတွေ ကိုတော့ ငြင်းဆန်ထားခဲ့တာပါ။ ရာဖင်ညာဟာ လာလီဂါ မှာ ကစားရတာ အလွန် ပျော်ရွှင်နေတာကြောင့် ဥရောပ ပြင်ပလိဂ်တွေကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူလို့ သိရပါတယ်။ ဒါပေမယ့်လည်း အရှေ့အလယ်ပိုင်း ကလပ်တွေရဲ့ မငြင်းဆန်နိုင်လောက်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ဘာစီလိုနာရော၊ ရာဖင်ညာပါ ဆုံးဖြတ်ချက်တွေ ပြင်ဆင်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ရာဖင်ညာ ကိုတော့ အစောပိုင်းမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်နဲ့ အတူ အက်စတွန်ဗီလာ ကလည်း စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ရာဖင်ညာ လိဒ်စ်ယူနိုက်တက်က မထွက်ခွာခင် ခေါ်ယူဖို့ တော်တော်လေး နီးစပ်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ အခြား ကစားသမားတွေ ရှိနေပြီ ဖြစ်တာကြောင့် စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။ တောင်ပံ ကစားသမား ရှာဖွေနေတဲ့ ဗီလာ ကတော့ ရာဖင်ညာကို စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေး အပြင် လုပ်ခလစာ မြင့်မားမှုကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။ ဘာစီလိုနာက သူတို့ရဲ့ တောင်ပံ ကစားသမား အတွက် ယူရို သန်း ၈၀ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်