နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီသာ ဘယ်လွန်ဒေါ ရသင့်ကြောင်း ပြောလာတဲ့ အဂွဲရိုး | လာလီဂါ

၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆုဟာ ရိုဒရီနဲ့သာ အထိုက်တန်ဆုံး ဖြစ်တယ်လို့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ အာဂျင်တီးနား ဂန္တဝင် ကစားသမားဟောင်း ဆာဂျီယို အဂွဲရိုးက ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ၂ဝ၂၄ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်နဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီ တို့က ဒီဆုရဲ့ အနိုင်ရရှိသူ ဖြစ်လာဖို့ အတွက် အပြိုင်အဆိုင် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ၂ဝ၂၄ ဘယ်လွန်ဒေါဆုရဲ့ ဆန်ခါတင် အယောက် ၃၀ စာရင်း မှာတော့ ၂၀၀၃ ခုနှစ် နောက်ပိုင်း ဘယ်လွန်ဒေါဆုရဲ့ ဆန်ခါတင် စာရင်းမှာ အမြဲတမ်းလိုလို ပါဝင်ခဲ့တဲ့ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်ဒို တို့ နှစ်ဦးစလုံး ကတော့ မပါဝင်လာတော့ပဲ ဘယ်ကစားသမားက ဘယ်လွန်ဒေါဆုရှင် ဖြစ်လာမလဲ ဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

ဘယ်လွန်ဒေါဆု အတွက် အယောက် (၃၀) ဆန်ခါတင် စာရင်း မထုတ်ပြန်ခင် ကတည်းက ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလားတွေ ရယူထားနိုင်ခဲ့တဲ့ ဘရာဇီးလ် တောင်ပံ ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာက ၂၀၂၄ ဘယ်လွန်ဒေါဆုရှင် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။ ဒါ့အပြင် ဗင်နီနဲ့ အတူ ရေပန်းစားနေသူက မန်စီးတီးနဲ့ စပိန် လက်ရွေးစင် အသင်းတွေမှာ ခြေစွမ်းပြပြီး အရေးအကြီးဆုံး ကစားသမား ဖြစ်နေတဲ့ ရိုဒရီ ဖြစ်ပါတယ်။ တစ်ဦးချင်းဆုတွေမှာ အမြဲတမ်းလိုလို ချန်လှပ်ခံခဲ့ရတဲ့ ရိုဒရီက အခု ပေးမယ့် ဘယ်လွန်ဒေါဆု မှာတော့ လုံးဝ ထိုက်ထိုက်တန်တန်ကို ဆွတ်ခူးနိုင်သင့်တယ်လို့ အဂွဲရိုးက မှတ်ချက်ပြု ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဆာဂျီယို ကန် အဂွဲရိုးက “လုံးဝကို ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ မင်းက ဒီဆုနဲ့ အထိုက်တန်ဆုံးပါ။ လုပ်ထားစမ်း ရိုဒရီရေ။”လို့ အဂ္ဂရိုးက မန်စီးတီး အသင်းဖော်ဟောင်းကို အားပေးစကား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဒရီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ စပိန်နဲ့ အတူ ယူရို ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီက နိုင်ငံ အသင်းနဲ့ မတိုင်ခင် မန်စီးတီး နဲ့လည်း ပရီးမီးယားလိဂ် ဆုဖလားကို ၄ ရာသီ ဆက်တိုက် ဆွတ်ခူးထားခဲ့ပါတယ်။ ဒါ့အပြင် ရိုဒရီဟာ နှစ်သင်းစလုံးရဲ့ ဆုဖလား အောင်မြင်မှု အတွက် အရေးပါဆုံး အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ရိုဒရီ ကတော့ လာလီဂါ ကလပ် ဗီလာရီးရဲလ်မှာ ကစားသမား ဘဝကို စတင်ခဲ့ပြီး ၈၄ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ အဲ့နောက် အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ၄၇ ပွဲ ကစားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့ပြီး အချိန်တိုတွင်း အဓိက ကစားသမား ဖြစ်လာခဲ့သူပါ။ ရိုဒရီဟာ မန်ချက်စတာစီးတီး မှာတော့ တစ်ရာသီကို အနည်းဆုံး ပွဲပေါင်း ၅၀ ဝန်းကျင် ကစားခဲ့ပြီး အောင်မြင်မှု များစွာလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ ရိုဒရီဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ခရာဘောင်ဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်