နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ်လိုအပ်ချက်အတွက် အူးဒီးနီးစ်ကို အနိုင်ကစားဖို့ လိုအပ်နေတဲ့ ဂျူဗင်တပ်စ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် vs အူးဒီးနီးစ်

အခု တစ်ပတ်မှာတော့ စီးရီးအေ ပွဲစဉ်တွေ ပြန်လည် ကစားဖို့ ရှိနေပြီး ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၂ နာရီ ၁၅ မိနစ်မှာ ကစားမယ့် ဂျူဗင်တပ်စ်နဲ့ အူးဒီးနီးစ်တို့ရဲ့ ပွဲစဉ်ကလည်း SBOTOP စီးရီးအေ ပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီရာသီ စီးရီးအေ မှာ ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်တို့ အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည်တက်လှမ်းနိုင်ဖို့ အတွက် အခုပွဲစဉ်မှာတော့ အူးဒီးနီးစ်ကို ကျိန်းသေပေါက် အနိုင်ကစားဖို့ လိုအပ်နေခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ တောင်ပံက ဂျူအန် ကွာဒွာဒို အနီကတ်ပြသခံရမှုနဲ့ အတူ အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး အခုနှစ် စီးရီးအေ ရဲ့ ပထမဦးဆုံး ရှုံးပွဲလည်း ကြုံတွေ့ခဲ့ရပါတယ်။ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အပေါ်မှာ မှီခိုလွန်းနေတဲ့ ဂျူဗင်တပ်စ်ရဲ့ ကစားပုံက နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ ကောင်းလာပြီး ချိုင်ဆာ၊ မက်ကင်နီ၊ ဘန်တန်ကာ၊ အဲလက်စ်ဆန်ဒရိုတို့ရှိနေတဲ့ ကွင်းလယ်က တော်တော်လေး တောင့်တင်းနေပါတယ်။ မိုရာတာ၊ ရော်နယ်ဒို၊ ရမ်ဆေးတို့ရဲ့ တိုက်စစ်ကလည်း ပြောစရာမလိုအောင် ကောင်းမွန်နေပြီး ပြီးခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ရှုံးပွဲကို အကောင်းဆုံး ချေဖျက်ပြဖို့ အင်အားတောင့်တင်းနေပါလိမ့်မယ်။ လက်ရှိ ရာသီ စီရီးအေ မှာ ၁၃ ပွဲကစား၊ ၆ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁ ပွဲပဲ ရှုံးထားတဲ့ ဂျူဗင်တပ်စ်တို့ ရမှတ် ၂၄ မှတ်ရရှိထားပါတယ်။ လက်ရှိ အဆင့် ရပ်တည်မှုအရ အမှတ်ပေးဇယား ထိပ်ဆုံးက အေစီမီလန်အသင်းထက် တစ်ပွဲလျော့ကစားပြီး ၁၀ မှတ် အကွာအဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၆ ပွဲကစားရာမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားပါတယ်။ အခုပွဲမှာတော့ တောင်ပံက ကွာဒွာဒို အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

အူးဒီးနီးစ်တို့ကတော့ ထုံးစံအတိုင်း စီရီးအေ အမှတ်ပေးဇယား အလယ်အလတ်အဆင့်မှာပဲ တဝဲလည်လည်နဲ့ ရုန်းကန်နေခဲ့တာတွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၈ မှတ်ပဲ စုဆောင်းထားနိုင်ပါတယ်။ နောက်ပိုင်းကစားတဲ့ ပွဲစဉ်တွေမှာ အူးဒီးနီးစ်တို့ ရှုံးပွဲနည်းလာလို့ ခြေပြန်တက်လာတယ် ထင်ခဲ့ရပေမယ့် တန်းတက် ဘန်နီဗန်တိုလို အသင်းကို အိမ်ကွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာ ကတော့ မဖြစ်သင့်ပါဘူး။ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ၁၃ ပွဲကစားထားရာမှာ ၄ ပွဲနိုင်၊ ၃ပွဲသရေ၊ ၆ ပွဲအထိ ရှုံးပြီး ရမှတ် ၁၅ မှတ်သာ ရရှိထားပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ကလည်း ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားတဲ့ အတွက် အားရစရာ မကောင်းပါဘူး။ အခုပွဲမှာလည်း အဓိကကစားသမားတွေ ဖြစ်တဲ့ နူတင့်ခ်၊ ဂျာဂျာလို၊ ပရိုဒဲလ်၊ အိုကာကာ၊ ဘီကာအို တို့ ပါဝင်လာနိုင်ဖို့မရှိလို့ အနည်းငယ် အားနည်းနေပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၇ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် ဂျူဗင်တပ်စ်တို့ ၁၈ ကြိမ် အနိုင်ရပြီး ၆ ကြိမ်ပဲ ရှုံးနိမ့်ထားပါတယ်။ သရေကတော့ ၃ ကြိမ်ပဲ ရှိထားပြီး မနှစ်ကထိပ်တိုက်တွ့ဆုံမှု ၂ ကြိမ်မှာတော့ အလိုင်းရန့်ဇ် အရီနာမှာ ဂျူဗင်တပ်စ်က ၄ ဂိုးပြတ်နဲ့ အနိုင်ရပြီး အူးဒီးနီးစ် အိမ်ကွင်းမှာတော့ အူးဒီးနီးစ်တို့ကပဲ ၂-၁ နဲ့အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျူဗင်တပ်စ် vs အူဒီးနီးစ် 1X2 ဂျူဗင်တပ်စ် @ 1.43
ဇန်နဝါရီလ ၄ ရက်, ည ၂:၁၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၄၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၈.၀၀ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဂျူဗင်တပ်စ်တို့ ပြီးခဲ့တဲ့ ပွဲမှာ မထင်မှတ်ပဲ ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့လို့ အခုပွဲမှာ အိမ်ကွင်းနိုင်ပွဲ ပြန်လည်ရှာတွေ့ဖို့ အူးဒီးနီးစ်ကို အားကုန်ထုတ်ကစားပါလိမ့်မယ်။ အူးဒီးနီးစ်ကတော့ တစ်သင်းလုံး အဘက်ဘက်က လိုအပ်ချက် ရှိနေဆဲ ဖြစ်ပြီး ဂျူဗင်တပ်စ်လို အသင်းကြီး တစ်သင်းကို ခံကစားဖို့ ခက်ခက်နေပါလိမ့်မယ်။ ထုံးစံအတိုင်း ဂျူဗင်တပ်စ်ပဲ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ရှာတွေ့သွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်