နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် နိုင်ပွဲနဲ့ ဗိုလ်လုပွဲ တက်သွားတဲ့ ဂျူဗင်တပ်စ် (ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ပွဲပြီးသုံးသပ်ချက်)

countdown banner

ဂျူဗင်တပ်စ် ၂-၀ ဖီအိုရင်တီးနား

(နှစ်ကျော့ပေါင်းရလဒ် ၃-၀)

မနေ့ညက ကစားသွားတဲ့ ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မှာတော့ ဂျူဗင်တပ်စ်တို့ ဖီအိုရင်တီးနားကို ဘာနက်ဒက်ချီ၊ ဒန်နီလို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပထမအကျော့ ဖီအိုရင်တီးနား အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ အနိုင်ရထားတဲ့ ဂျူဗင်တပ်စ်တို့ နှစ်ကျော့ပေါင်း ရလဒ် ၃-၀နဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲကို ၂၁ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း 

ဂျူဗင်တပ်စ်က ၄-၄-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ မိုရာတာ၊ ဗလာဟိုဗစ် ကိုပဲ တွဲပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာတော့ ဒန်နီလို၊ ဇကာရီယာ၊ ရာဘီယော့တ်၊ ဘာနက်ဒက်ချီ၊ ဘိုနူချီ၊ ဒီလစ်ဂျ်၊ ဆန်ဒရို၊ ဒီဆစ်ဂ်လီရို၊ တို့ ကစားခဲ့ပြီး ဂိုးမှာတော့ ပီရင် ပွဲထွက်ခဲ့ပါတယ်။ ဖီအိုရင်တီးနား ကတော့ ၄-၃-၃နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ကာဘရယ်၊ ဂွန်ဇာလက်ဇ်၊ ကိုနေး၊ ဆာပိုနာရာ၊ တော်ရိုင်းယား၊ ဒန်ကန်၊ ဘီရာဟီ၊ အီဂေါ၊ ကာတာ၊ ဗီနူတီ၊ ဒရက်ဂေါစကီး တို့ ပါဝင်လာခဲ့ပါတယ်။ 

ဖီအိုရင်တီးနား ကတော့ ၂၀၁၄ ခုနှစ် နောက်ပိုင်း ကိုပါအီတလီယာ ဗိုလ်လုပွဲ ပြန်လည် တက်လှမ်းခွင့်နဲ့ လွဲချော်ခဲ့ရပြီး လာမယ့် ရာသီ ဥရောပဝင်ခွင့် တစ်နေရာရရေး စီးရီးအေကို ပြန်ပြီး အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ခဲ့ရတဲ့ ဖီအိုရင်တီးနား

အိမ်ရှင် ဂျူဗင်တပ်စ်တို့ ပွဲစကတည်းက ပြိုင်ဘက်ကို တရစပ် ဖိအားပေးနိုင်ခဲ့ပေမယ့် မိုရာတာနဲ့ ဗလာဟိုဗစ်တို့ ဦးဆောင်တဲ့ တိုက်စစ်ကို ဖီအိုရင်တီးနား ခံစစ်က ပါးပါးနပ်နပ် ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၂ မိနစ်မှာ တောင်ပံက မိုရာတာ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘီရာဟီ ခေါင်းတိုက် ဖျက်ထုတ်ခဲ့ပေမယ့် ပြန်ကျလာတာကို အသင့်စောင့်နေတဲ့ ဘာနက်ဒက်ချီက ပုခုံးနဲ့ တစ်ချက်ထိန်းပြီး လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ချေပဂိုး ရဖို့ ကြိုးပမ်းလာတဲ့ ဖီအိုရင်တီးနား တိုက်စစ်ကို ဂျူဗင်တပ်စ်တို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး တန်ပြန် တိုက်စစ်နဲ့ပဲ အခွင့်အရေး ချောင်းကစားခဲ့ရပါတယ်။ ဖီအိုရင်တီးနား ကတော့ ဂျူဗင်တပ်စ် ဘက်ကို တော်တော်လေး ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့တာ တွေ့ရပြီး ဘီရာဟီရဲ့ ဖရီးကစ် ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့သလို ကာတာရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ပီရင် ကာကွယ်နိုင်ခဲ့တာကြောင့် ဧည့်သည် အသင်း ချေပဂိုးတွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ အဲ့နောက် ရာဘီယော့တ်ရဲ့ သွင်းဂိုးကို လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ဂျူဗင်တပ်စ်တို့ နစ်နာခဲ့ရပေမယ့် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၄ မိနစ်မှာ ကွာဒွါဒိုရဲ့ ပေးပို့မှု ကနေ ဒန်နီလိုက ပိတ်သွင်းခဲ့လို့ ၂-၀ ပွဲပြီးဆုံးခဲ့ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ ဖီအိုရင်တီးနားတို့ ဂျူဗင်တပ်စ်ကို ခြေစွမ်းပိုင်း အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေ အပြင် ဂိုးကံခေခဲ့တာကြောင့်လည်း ကိုပါအီတလီယာ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် ဖီအိုရင်တီးနားတို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက် ကန်ချက် ၁၇ ကြိမ်၊ ဂိုးပေါက် တည့်မှု ၅ ကြိမ်အထိ ရှိခဲ့တာပါ။ ဂျူဗင်တပ်စ် ကတော့ အိမ်ကွင်း အားသာချက် ရှိခဲ့ရုံက လွဲလို့ ဖီအိုရင်တီးနားရဲ့ ပွဲချိန်ပြည့် ဖိအားပေးမှု ခံခဲ့ရပြီး တိုက်စစ်က မိုရာတာနဲ့ ဖီအိုရင်တီးနား ကစားသမားဟောင်း ဗလာဟိုဗစ်လည်း မလှုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဂိုးပေါက် တည့်ကန်ချက် ၃ ကြိမ် ကနေ သွင်းဂိုး ၂ ဂိုး ရအောင်ယူနိုင်ခဲ့တာ ကတော့ ချီးကျူးရမှာ ဖြစ်ပြီး မက်စ် အယ်လီဂရီရဲ့ ခြေစွမ်းမသာခဲ့သည့်တိုင်အောင် နိုင်ပွဲ ရအောင် ကစားခဲ့တဲ့ ဗျူဟာ ကလည်း အဓိကကျခဲ့ပါတယ်။ 

စီးရီးအေ
အင်တာမီလန်
ရိုးမား
အင်တာမီလန် အာရှ ဟန်းဒီးကပ် 1.00 @ 2.19
ဂိုးပေါ် 3.00 @ 2.20
1X2 အင်တာမီလန် @ 3.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်တို့ နောက်ဆုံး ၁၀ နှစ် အတွင်း ကိုပါအီတလီယာ ဗိုလ်လုပွဲကို ၇ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ အီတလီ ဒါဘီ ပွဲစဉ် အဖြစ် ရှုစားရတော့မှာလည်း ဖြစ်ပါတယ်။ ဖီအိုရင်တီးနား ကတော့ ၂၀၁၄ ခုနှစ် နောက်ပိုင်း ကိုပါအီတလီယာ ဗိုလ်လုပွဲ ပြန်လည် တက်လှမ်းခွင့်နဲ့ လွဲချော်ခဲ့ရပြီး လာမယ့် ရာသီ ဥရောပဝင်ခွင့် တစ်နေရာရရေး စီးရီးအေကို ပြန်ပြီး အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် ဧပြီ ၂၆ ရက်နေ့မှာ ဆာဆူအိုလိုနဲ့ ကစားဖို့ ရှိပြီး ဖီအိုရင်တီးနား ကတော့ ဆယ်လာနီတာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်