နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေ ၁ မှတ်စီ ခွဲယူခဲ့ကြပြန်တဲ့ အီတလီနဲ့ ဆွစ်ဇာလန် | ကမ္ဘာ့ဖလားခြေစစ်ပွဲ(ပွဲပြီးသုံးသပ်ချက်)

countdown banner

အီတလီ ၁-၁ ဆွစ်ဇာလန်

ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက် အောင်မြင်မယ့် တစ်နေရာအတွက် ထိပ်ဆုံးနှစ်သင်းအားပြိုင်ခဲ့တာဖြစ်လို့ တော်တော်လေးကိုပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ခဲ့ရသလိုနှစ်သင်းလုံးရဲ့ အသင်းသားတွေကြားကစိတ်ဓါတ်အားပြိုင်မှုတွေကိုပါ တွေ့ခဲ့ရပါတယ်။ နောက်တန်းကစားသမားတွေရဲ့ သွင်းဂိုးတွေဖြစ်ပေမယ့် နှစ်သင်းလုံးရဲ့ အကောင်းဆုံးခြေစွမ်းကိုထုတ်ပြန်နိုင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။ ဂျော်ဂျင်ဟိုရဲ့ပင်နယ်တီလွဲချော်ခဲ့လို့ ဆွစ်ဇာလန်တို့ သက်သာရာရခဲ့တာလည်းဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဘယ်လော့တီ၊ အင်ဆက်ဂ်နီ၊ ချီယေဇာ၊ ဂျော်ဂျင်ဟို၊ လိုကာတယ်လီတို့ကိုပွဲထွက်အသုံးပြုလာခဲ့တဲ့အီတလီရဲ့ ကစားပုံအကောင်းဆုံးပုံစံရှိနေခဲ့ပါတယ်။ ဆွစ်ဇာလန်ကတော့ ၄-၂-၃-၁ အခြေခံပြီးရှာကွီရီ၊စတီဖန်၊အိုကွန်ဖော် ၊ ဖေဘီယန်ရှားလ်တို့နဲ့ လူစုံခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းမှာအထနှေးနေခဲ့တဲ့ အီတလီအပေါ် ဆွစ်ဇာလန်တို့ ဖိအားပေးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ ပွဲအစ ၅၀စက္ကန့်ကတည်းကဂိုးရလုနီးပါးအခြေအနေကိုဆွစ်ဇာလန်တို့ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တကယ်တမ်းမှာလည်းတရစပ်တိုက်စစ်ဆင်နေတဲ့ ဆွစ်ဇာလန်တို့ ပွဲချိန် ၁၁မိနစ်မှာဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ တိုက်စစ်မှူးအိုကွန်ဖော်ရဲ့အလိုက်ဖန်တီးပေးမှုကိုတန်ပြန်တိုက်စစ်အဖြစ်လိုက်ပါလာတဲ့နောက်ခံလူဝီဒ်မာက၁၈ကိုက်စည်းထိပ်ကနေအပြင်းကန်သွင်းပြီးဂိုးအဖြစ်ရယူပေးခဲ့တာပါ။ဒီဂိုးဟာအီတလီကွင်းလယ်နဲ့နောက်တန်းရဲ့ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာလည်းအီတလီရဲ့အကောင်းဆုံးပုံစံကိုမမြင်ရသေးပါဘူး။ ကွင်းလယ်မှာသာအပျက်များနေခဲ့ပြီးပွဲချိန်၃၆မိနစ် ရောက်မှသာချေပဂိုးရခဲ့တာပါ။ အင်ဆက်ဂ်နီရဲ့အလွတ်တည်ကန်ဘောကနေတဆင့်ကန်တင်ပေးတာကိုနောက်ခံလူဒီလော်ရန်ဇိုကခေါင်းတိုက်အဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ဆွစ်ဇာလန်ဂိုးသမားဆွန်မာကိုပိတ်ပြီးခေါင်းတိုက်ခဲ့တယ်ဆိုတဲ့ တောင်းဆိုချက်ရှိခဲ့လို့ VAR နဲ့ဆုံးဖြတ်ပြီးမှာဂိုးအဖြစ်သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာနှစ်သင်းလုံးအမှားစောင့်ကစားခဲ့ပြီးအီတလီကတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရအောင်ကစားခဲ့ပါတယ်။ ပွဲချိန်၈၇မိနစ်မှာဘာရာဒီကိုတွန်းလှဲခဲ့တဲ့ဂါဇီယာကြောင့်ရခဲ့တဲ့ပင်နယ်တီကိုဂျော်ဂျင်ဟိုကန်သွင်းခဲ့ပေမယ့်လွဲချော်ခဲ့လို့အီတလီတို့တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးကောင်းကိုလက်လွှတ်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ နှစ်သင်းလုံးဂိုးရဖို့ထက် ဂိုးမပေးရဖို့အတွက်သာအားစိုက်ခဲ့လို့ ပွဲအပြီးမှာ ၁-၁ သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အီတလီအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာမြောက်အိုင်ယာလန် အသင်းရဲ့ အိမ်ကွင်းကိုသွားရောက် ယှဉ်ပြိုင်ရဖို့ရှိနေပြီးဆွစ်ဇာလန် ကတော့ အိမ်ကွင်းမှာဘူလ်ဂေးရီးယားအသင်းကိုဧည့်ခံကစားရဖို့ ရှိနေတာလည်းဖြစ်ပါ တယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန်အုပ်စု(C)ရဲ့ အဆင့် ၂ နေရာမှာရပ်တည်နေတဲ့ ဆွစ်ဇာလန်

နှစ်ဖက်နည်းပြနှစ်ဦးရဲ့ဗျူဟာပိုင်းအားပြိုင်ခဲ့တဲ့ ပွဲစဉ်လို့ဆိုနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေမြင်ခဲ့ရတယ်။  အစောပိုင်းအထနှေးတတ်တဲ့ အီတလီကိုဆွစ်ဇာလန်တို့ကောင်းကောင်းဖိအားပေးနိုင်ခဲ့သလိုဦးဆောင်ဂိုးပါရယူနိုင်ခဲ့တာတွေကအားသာချက်တွေလို့ဆိုရမှာပါ။ ဒါပေမဲ့ ဥရောပချန်ပီယံမန်စီနီရဲ့ နည်းဗျူဟာပိုင်းအပြောင်းအလဲတွေကလက်တွေ့အလုပ်ဖြစ်ခဲ့သလိုချေပဂိုးလည်းပြန်ရခဲ့ပါတယ်။ အဓိကအချက်ကကွင်းလယ်ပိုင်းမှာအီတလီတို့အသာရခဲ့တာပါပဲ။ ဆွစ်ဇာလန်ရဲ့တောင်ပံတိုက်စစ်တွေအလုပ်ဖြစ်ခဲ့တယ်ဆိုပေမယ့်ကွင်းလယ်မှာအပျက်များခဲ့တာကနည်းပြမန်စီနီရဲ့နည်းစနစ်တွေကြောင့်လို့ပြောလို့ရပါတယ်။ပွဲပြီးခါနီးမှာရခဲ့တဲ့ ပင်နယ်တီ က အလှည့်အပြောင်းတစ်ခုဖြစ်သွားတယ်ဆိုပေမယ့် အီတလီတို့အသုံးမချနိုင်ခဲ့ပါဘူး။ ဂျော်ဂျင်ဟိုရဲ့လွဲချော်မှုကြောင့် ဆွစ်ဇာလန်တို့သက်သာရာရခဲ့လို့အီတလီအနေနဲ့လည်းကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်မယ့်အခြေအနေကိုဆုံးရှုံးခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

အီတလီအနေနဲ့ လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာမြောက်အိုင်ယာလန်အသင်းရဲ့အိမ်ကွင်းကိုသွားရောက် ယှဉ်ပြိုင်ရဖို့ရှိနေပြီးဆွစ်ဇာလန်ကတော့ အိမ်ကွင်းမှာဘူလ်ဂေးရီးယားအသင်းကိုဧည့်ခံကစားရဖို့ရှိနေတာလည်းဖြစ်ပါ တယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်