နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပုံစံကောင်းရနေတဲ့ ဘယ်လ်ဂျီယံတို့ နိုင်ပွဲဆက်မလား စောင့်ကြည့်ရမယ် | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲကြိုသုံးသပ်ချက်)

countdown banner

အိုင်ယာလန် – ဘယ်လ်ဂျီယံ

လာမယ့် မတ်လ ၂၃ ရက်နေ့ ညပိုင်းမှာလည်း နိုင်ငံတကာ ခြေစမ်းပွဲ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဘယ်လ်ဂျီယံက အိုင်ယာလန်ရဲ့ အိမ်ကွင်းမှာ သွားရောက် ခြေစမ်းမှာ ဖြစ်ပါတယ်။

အိုင်ယာလန်က နောက်ပိုင်း နှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ ကျဆင်းလာခြင်းနဲ့ အတူ ပြိုင်ဘက်တိုင်းကို ခက်ခက်ခဲခဲ ကစားနေရတာ တွေ့ရပါတယ်။ အိုင်ယာလန်ဟာ နောက်ဆုံး ၅ ပွဲမှာ ဆိုရင် နိုင်ငံငယ်လေး ဂျီဘရော့တာကို ၀-၄ နဲ့ အနိုင်ရခဲ့တာက လွဲရင် ကျန်ပွဲ အားလုံးနီးပါး ရှုံးထားတာပါ။ ယူရို ၂၀၂၄ ကိုလည်း သွားရောက် ယှဉ်ပြိုင်ရမှာ မဟုတ်သလို သူတို့ အနေနဲ့ လာမယ့် စက်တင်ဘာလမှပဲ နေးရှင်းလိဂ် ပြန်ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်ယာလန်က ဒီလပိုင်းမှာ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ ပေါ်တူဂီ တို့နဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားမှာပါ။

ဘယ်လ်ဂျီယံ ကတော့ ရွှေရောင်ခေတ် တစ်ခေတ် အကုန်မှာ လူငယ်သွေးသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းထားပြီး လိုက်ပ်ဇစ် နည်းပြဟောင်း တာဒက်စကိုနဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။ နည်းပြသစ် လက်ထက်မှာ ဘယ်လ်ဂျီယံ ကစားပုံက မဆိုးဘူးလို့ ပြောနိုင်ပြီး နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲနိုင်၊ ၂ ပွဲ သရေ ကစားထားပါတယ်။ ဘယ်လ်ဂျီယံက နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားပြီး အသင်းငယ်တွေနဲ့ ဆိုရင် ဂိုးမြူးတတ်တာလည်း တွေ့ရပါတယ်။ ဘယ်လ်ဂျီယံဟာ နိုင်ငံတကာ ခြေစမ်းပွဲတွေ အဖြစ် အိုင်ယာလန်နဲ့ ပြီးရင် အင်္ဂလန်၊ မွန်တီနီဂရိုး၊ လူဇင်ဘာ့ဂ် တို့နဲ့ ဆက်လက် ကစားဖို့ ရှိနေပါသေးတယ်။


နှစ်ဖက်အသင်း သတင်းများ

ဘယ်လ်ဂျီယံဟာ နိုင်ငံတကာ ခြေစမ်းပွဲတွေ အဖြစ် အိုင်ယာလန်နဲ့ ပြီးရင် အင်္ဂလန်၊ မွန်တီနီဂရိုး၊ လူဇင်ဘာ့ဂ် တို့နဲ့ ဆက်လက် ကစားဖို့ ရှိနေပါသေးတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိတဲ့ ဘယ်လ်ဂျီယံ

အခုပွဲကိုတော့ အိုင်ယာလန် ဘက်က လူစုံတက်စုံ ပါဝင်နိုင်ဖို့ ရှိပြီး ယာယီ နည်းပြ ဂျွန် အိုရှေး အနေနဲ့ ခြေစွမ်းပြနေတဲ့ ဂျိတ်ခ် အိုဘရိုင်ယန်နဲ့ ဖင်း အက်ဇက် တို့ကို လူစာရင်းမှာ ရွေးချယ်ထားပါတယ်။

ဘယ်လ်ဂျီယံ ဘက်မှာတော့ အဓိက တိုက်စစ်မှူး ရိုမယ်လူ လူကာကူ၊ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား တို့နဲ့ အတူ မန်ဂါလာ၊ ကတ်စတီးလ်၊ အာသာ သီယာတီတို့ လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အိုင်ယာလန် – ခယ်လာဟာ၊ အိုမိုဘမ်မီဒယ်လီ၊ ဒက်ဖီ၊ ဒိုဟာတီ၊ မက်ကလင်းန်၊ နိုက်၊ မက်ဂရက်သ်၊ မိုလမ်ဘီ၊ ဆိုက်ခ်၊ ဂျွန်စတန်၊ အီဒါ့ရ်

ဘယ်လ်ဂျီယံ – ကာမင်းစကီး၊ မူနီယာ၊ ဖေးစ်၊ ဆယ်လီမေကာစ်၊ ဗရန့်၊ ကတ်စတန်ဂ်ညီ၊ တေးလီမန့်စ်၊ ဒိုခု၊ ထရော့ဆက်ဒ်၊ ဘာကာယိုကို၊ အိုပန်ဒါ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘယ်လ်ဂျီယံ တစ်ကြိမ်နိုင်ပြီး တစ်ကြိမ် သရေကျခဲ့ပါတယ်။ အိုင်ယာလန်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ ဘယ်လ်ဂျီယံက ၁၁ ပွဲဆက် ရှုံးပွဲ မရှိသလို အဝေးကွင်း ၆ ပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။ အိုင်ယာလန် ကတော့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အိုင်ယာလန် ဘက်က နေရင် ၃.၂၂ ဆ၊ ဘယ်လ်ဂျီယံ နိုင်ရင် ၂.၀၂ ဆ၊ သရေ ဆိုရင်တော့ ၂.၉၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘယ်လ်ဂျီယံက သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး က စဖွင့်ပါတယ်။ လက်ရှိမှာ ခြေစွမ်းပိုင်း ကွာဟချက် မြင့်မားလွန်းနေပြီး ဘယ်လ်ဂျီယံကို အိုင်ယာလန်တို့ ယှဉ်ကစားနိုင်စွမ်း မရှိပါဘူး။ ဒါပေမယ့်လည်း ခြေစမ်းပွဲ ဖြစ်တာနဲ့ အညီ ဘယ်လ်ဂျီယံတို့ ကစားသမားသစ်တွေ စမ်းသပ် အသုံးပြုလာနိုင်ဖွယ် ရှိတာကြောင့် နိုင်ပွဲ ရဖို့ မသေချာပါဘူး။ သရေရလဒ် ထွက်ပေါ်မယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

အိုင်ယာလန် ၁-၁ ဘယ်လ်ဂျီယံ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်