နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ ချီလီကို အနိုင်ရခဲ့တဲ့ ပြင်သစ် | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ပြင်သစ် ၂၂ ချီလီ

ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဂျာမနီကို ၂ ဂိုးပြတ် ရှုံးထားခဲ့တဲ့ ပြင်သစ် ကတော့ ချီလီကိုလည်း မထင်မှတ်ပဲ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အပြန်အလှန် ဂိုးတွေ သွင်းရင်း ၃-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲ ကတော့ ပြင်သစ် ကလပ် မာဆေးလ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ဟာ ဂျာမနီနဲ့ နိုင်ငံတကာ ခြေစမ်းပွဲက လူစာရင်းကို အပြောင်းအလဲ များစွာ ပြုုလုပ်ပြီး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဂိုးမှာ မိုက်ဂ်နန် ပါဝင်လာခဲ့သလို ခံစစ်မှာတော့ ဆလီဘာ၊ ကိုနာတေး အတွဲနဲ့ အတူ ဟာနန်ဒက်ဇ်၊ ကလော့စ်၊ ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ ချူအာမန်နီ၊ ဖိုဖာနာ တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဝါရင့် တိုက်စစ်မှူး ဂျရူး ဦးဆောင်လာပြီး တောင်ပံ နှစ်ဖက်မှာ အမ်ဘာပေးနဲ့ မူအာနီတို့ ကစားခဲ့ပါတယ်။ ချီလီ မှာတော့ ထုံးစံအတိုင်း အမာခံကစားသမားတွေ ဖြစ်တဲ့ ဘရာဗို၊ အစ္စလာ၊ ဆန်းချက်ဇ်နဲ့ ဗားဂတ်စ်တို့ ပါဝင်လာခဲ့ပါတယ်။

ပြင်သစ်ဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ချီလီလို ကစားပုံ မာကျောတဲ့ တောင်အမေရိက အသင်း တစ်သင်းကို အသာရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၆ မိနစ်မှာတင်ပဲ ပြင်သစ်တို့ ဂိုးစပေးလိုက်ရပြီး အစ္စလာ ချိုးပေးလိုက်တဲ့ ဘောလုံးကို ပြေးဝင်လာတဲ့ ကွင်းလယ်လူ နူညက်ဇ်က အမှတ်မထင်ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ခဲ့ကြပြီး ချီလီ ကတော့ မာမာထန်ထန် ကစားသွားခဲ့ပါတယ်။ ၁၉ မိနစ်မှာတော့ ပြင်သစ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ဖိုဖာနာက ဘီးကုတ် စက်ဝိုင်း ထိပ်ကနေ အဝေးကန်ချက်နဲ့ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၂၅ မိနစ်မှာလည်း ပြင်သစ်တို့ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး သီယို ဟာနန်ဒက်ဇ်ရဲ့ ပေးပို့မှုကို ကိုလို မူအာနီက အပိုင် ခေါင်းတိုက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပြင်သစ်တို့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး ချီလီ ကလည်း အခွင့်အရေး ရရင်ရသလို ပြင်သစ် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ် အရောက် မှာတော့ ပြင်သစ်တို့ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး ရန်ဒဲလ် ကိုလိုမူအာနီရဲ့ ဧရိယာပြေးဝင်ပြီး ပြန်ချိုးပေးတာကို ဂျရူးက အမှားအယွင်းမရှိ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၈၀ ကျော်မှာတော့ ချီလီတို့ ချေပဂိုး တစ်ဂိုး ထပ်ရခဲ့ပြီး အိုဆိုရီယိုက သွင်းယူပေးခဲ့လို့ ၃-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့တဲ့ ပြင်သစ်ရဲ့ ခြေစွမ်းက အနည်းငယ် ကျဆင်းသွားသလိုပါပဲ။ ပြီးခဲ့တဲ့ ဂျာမနီနဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ရုန်းကန်ခဲ့ရသလို ဒီပွဲမှာလည်း ချီလီလို့ ခြေစွမ်းကျနေတဲ့ အသင်းကိုတောင် အပြန်အလှန် ဂိုးတွေ သွင်းပြီးမှ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ကွင်းလယ်က ကာမာဗင်ဂါ ထွက်ခွာသွားချိန်မှာ ပြင်သစ် ကွင်းလယ်က အနည်းငယ် အထိုင်ပျက်သွားခဲ့သလို အမ်ဘာပေးလည်း ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒက်ရွှမ့်စ် အနေနဲ့ ဂျာမနီနဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ တော်တော်များများ လုပ်ခဲ့ပြီး ကစားကွက် စမ်းသပ်နေဆဲ ဖြစ်လို့ ပြင်သစ်တို့ ပုံမှန် ခြေစွမ်းမှာ ရှိမနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ ခြေစမ်းပွဲတွေကို ကြည့်ပြီး ခြေစွမ်းကို ခန့်မှန်းဖို့ စောနေသေးပြီး ယူရို မတိုင်ခင် လာမယ့် ခြေစမ်းပွဲတွေကို ဆက်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပြင်သစ်ဟာ လာမယ့် ဇွန်လမှာ ဘယ်အသင်းနဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားမယ် ဆိုတာ မသိရသေးပေမယ့် ယူရို နီးရင်တော့ ကျိန်းသေပေါက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ကစားမှာပါ။ ချီလီ လည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုပါအမေရိက မတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့ ရှိဦးမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်