နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လင်ဂမ်ရဲ့ နောက်ကျဂိုးကြောင့် နှစ်ပွဲဆက် နိုင်ပွဲ မပျောက်ခဲ့တဲ့ အင်္ဂလန် | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲပြီးသုံးသပ်ချက်)

countdown banner

အင်္ဂလန် ၂၂ ဘယ်လ်ဂျီယံ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ တို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ တွေ့ဆုံမှု နောက်ဆုံး ၆ ကြိမ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် သရေကျခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ပစ်ခ်ဖို့ဒ်၊ ဒန့်ခ်၊ စတုန်းစ်၊ ကွန်ဆာ၊ ချေးဝဲလ်၊ ရိုက်စ်၊ မိန်းနူး၊ ဘယ်လင်ဂမ်၊ ဖိုဒန်၊ ဘိုဝင်၊ တိုနေး တို့ ပါဝင်လာခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကတော့ ၄-၃-၃ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ဗာတွန်ဂန်၊ ကတ်စတန်ဂ်ညီ၊ သီယာတီ၊ အိုနာနာ၊ တေးလီမန့်စ်၊ ဒိုခု၊ ထရော့ဆက်ဒ်နဲ့ တိုက်စစ်မှာတော့ လူကာကူ ဦးဆောင်လာခဲ့ပါတယ်။

အိမ်ရှင် အင်္ဂလန်က ပြီးခဲ့တဲ့ ဘရာဇီးလ်နဲ့ ရှုံးပွဲက အမှားတွေကို ပြင်ဆင်ပြီး ဘယ်လ်ဂျီယံကို အသာရဖို့ ကြိုးပမ်းခဲ့သလို တက်ဒက်စကိုရဲ့ အသင်းက တန်ပြန် တိုက်စစ်ကောင်းကောင်းနဲ့ တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ကိုလည်း ဘယ်လ်ဂျီယံတို့ပဲ စတင် ရရှိခဲ့ပြီးတော့ ပွဲချိန် ၁၁ မိနစ်မှာ အမာဒူ အိုနာနာရဲ့ ဖန်တီးပေးမှု ကနေ တေးလီမန့်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၁၇ မိနစ် မှာ‌တော့ အင်္ဂလန်တို့ ချေပဂိုး ရခဲ့ပြီးတော့ အိုင်ဗန် တိုနေးက အမှားအယွင်းမရှိ သွင်းယူပေးခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာပဲ ဦးဆောင်ဂိုး သွင်းခဲ့တဲ့ တေးလီမန့်စ်ကပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့တာကြောင့် အင်္ဂလန်တို့ ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယပိုင်း မှာ‌တော့ အင်္ဂလန်တို့ အိမ်ကွင်းမှာ သိက္ခာမကျရေး အတွက် လူစားပြောင်းလဲမှုတွေ ပြုလုပ်ကာ ချေပဂိုး ရရှိရေး အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ကြပါတယ်။ မက်ဒီဆင်၊ ဂေါ်ဒွန်၊ ဝက်ကင်န်စ် တို့ကို ထည့်ပြီး တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးဖို့ ပြင်ဆင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံ နောက်တန်းနဲ့ ဂိုးသမား ဆဲလ်စ်ကို မကျော်ခဲ့သလို အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် သွင်းဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ကယ်တင်ရှင်ကြီး ဂျူ့ဒ်ဘယ်လင်ဂမ်က အင်္ဂလန် အတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂-၂ ရလဒ် ထွက်ပေါ်သွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ဘရာဇီးလ်နဲ့ နိုင်ငံတကာ ခြေစမ်းပွဲက ခြေစွမ်းထက် အနည်းငယ် ပိုကောင်းလာတာ တွေ့ရပေမယ့် တိုက်စစ်ပိုင်း ကတော့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ Big Chance ၅ ကြိမ် ရရှိခဲ့သလို ဂိုးပေါက် ကန်ချက် ၁၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ၇ ကြိမ် ဂိုးပေါက် တည့်ခဲ့ပေမယ့် သွင်းဂိုး ၂ ဂိုးပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ နောက်ခံလူ ဂျွန်စတုန်းစ် ပွဲချိန် ၁၀ မိနစ်မှာ ကတည်းက ထွက်ခွာသွားရတာက အင်္ဂလန်ရဲ့ ခံစစ်ပိုင်း အတွက် အားနည်းချက် ဖြစ်ခဲ့သလို လူစားဝင် ကစားသမားတွေထဲက မက်ဒီဆင် ခြေစွမ်းပြခဲ့သော်လည်း ဝက်ကင်န်စ် အနေနဲ့ ပွဲကို အလှည့်အပြောင်း ဖြစ်စေဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပြောရမယ် ဆိုရင် အင်္ဂလန်တို့ ဂျူ့ဒ်ဘယ်လင်ဂမ် ကယ်လို့သာ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်မယ့် အရေး ကနေ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်က ဘယ်လ်ဂျီယံ ကလည်း ပြီးခဲ့တဲ့ ပွဲကတည်းက အားရစရာ ခြေစွမ်းမျိုး ရှိမနေတဲ့ အသင်းပါ။ ဒါကိုတောင် တောင့်တင်းတဲ့ လူစာရင်းနဲ့ အင်္ဂလန်က အနိုင်မကစားနိုင်သလို မရှုံးအောင် မနည်း ကစားခဲ့ရတာက စိတ်ပျက်စရာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် အင်္ဂလန်က နောက်ပိုင်း ပွဲတွေမှာ ရှုံးပွဲ မရှိသလောက် နည်းနေပေမယ့် ခြေစွမ်း ကတော့ စိုးရိမ်စရာ အခြေအနေ ဖြစ်ပြီး စိန်ခေါ်မှု များလွန်းပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ ခြေစမ်းပွဲတွေ ဖြစ်သလို ဆောက်ဂိတ် တစ်ယောက် ကစားသမားသစ်တွေကို စမ်းသပ် အသုံးပြုနေတာကြောင့်လည်း ကစားပုံ မတည်ငြိမ်သေးတာ ဖြစ်နိုင်ပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၂၄ မတိုင်ခင် လာမယ့် ဇွန်လ မှာတော့ ဘော့စနီးယား၊ အိုက်စလန် တို့နဲ့ နိုင်ငံတကာ ခြေစွမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပြီး ဘယ်လ်ဂျီယံ ကလည်း မွန်တီနီဂရိုး၊ လူဇင်ဘတ် တို့နဲ့ ကစားဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်