ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ စပိန်စူပါဖလားကို အရယူလိုကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာ ကတော့ မနက်ဖြန် မနက်အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပြီး ဖလစ်ခ်က သူ့ အသင်း ဗိုလ်စွဲဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်က “မက်ဒရစ်ဟာ မယုံနိုင်စရာကောင်းတဲ့ အသင်း တစ်သင်းပါ။ အကောင်းဆုံးတွေထဲက တစ်သင်းလည်း ဖြစ်တယ်။ သူတို့မှာ အမြင့်ဆုံး အရည်အသွေး ရှိတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့် အသင်း အပေါ် မှာပဲ အာရုံစိုက်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဖလားမှာ ကျွန်တော်တို့ အနိုင်ရဗိုလ်စွဲချင်လို့ပါပဲ။” လို့ ဟန်ဆီ ဖလစ်ခ်က ပြောခဲ့ပါတယ်။
ဟန်ဆီ ဖလစ်ခ်က သူ့ရဲ့ နည်းပြဘဝမှာ ဗိုလ်လုပွဲ လုံးဝ မရှုံးဖူးသေးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားခဲ့ပြီး ၎င်း အနေနဲ့ ၂၀၁၉-၂၀ ဂျာမန်ဖလား၊ ၂၀၂၀ ဂျာမန် စူပါဖလား၊ ၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ်ဖလား၊ ၂၀၂၀ ဥရောပ စူပါဖလား၊ ၂၀၂၀ ကလပ် ကမ္ဘာ့ဖလား၊ ၂၀၂၄-၂၀၂၅ စပိန်စူပါဖလားနဲ့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွေမှာ အောင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီ စပိန် စူပါဖလားနဲ့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ နှစ်ရပ်စလုံးမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့ပါတယ်။ ဟန်ဆီ ဖလစ်ခ်ဟာ ဘာစီလိုနာနဲ့ ပထမဦးဆုံး ရာသီမှာ ရရှိနိုင်တဲ့ ဖလား ၄ လုံးထဲက ချန်ပီယံလိဂ်က လွဲလို့ ဖလား ၃ လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ပွဲထွက် ကစားရဖွယ် ရှိနေပါတယ်။ အမ်ဘာပေးဟာ ဒူးဒဏ်ရာရရှိနေရာ ကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲမှာ ပြန်လည် ပါဝင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ မှာတော့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုက နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ် ပြီးမှ ဆုံးဖြတ်ချက်ချမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ စပိန် သတင်းတွေက အမ်ဘာပေးဟာ နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာ အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တယ်လို့ ရေးသား ဖော်ပြလျက် ရှိပါတယ်။
အကယ်၍ အမ်ဘာပေး အနေနဲ့ ပွဲထွက်ကစားမယ် ဆိုရင်တော့ ဂွန်ဇာလို ဂါစီယာက အရန်ခုံ ပြန်ထိုင်ရဖို့ များနေပါတယ်။ နောက်ခံလူတွေ ဖြစ်တဲ့ မီလီတာအိုက လွဲချော်မှာ ဖြစ်ပြီး အန်တိုနီယို ရူဒီဂါ၊ ထရန့် အလက်ဇန္တား အာနိုးလ် တို့ကတော့ ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ ၅၀-၅၀ အနေအထားပဲ ရှိပါတယ်။ ဘာစီလိုနာ ဘက်မှာတော့ ရော်နယ် အာရူဟို၊ ခရစ္စတန်ဆန်၊ ဂါဗီ တို့ကတော့ လွဲချော်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ နှစ်သင်းစလုံးက အကောင်းဆုံး ပုံစံ ရရှိနေပြီးတော့ ဘာစီလိုနာက နောက်ဆုံး ၉ ပွဲဆက် မရှုံးထားသလို ရီးရဲလ်မက်ဒရစ် ကတော့ နောက်ဆုံး ၅ ပွဲဆက် မရှုံးထားပါဘူး။ ဘာစီလိုနာဟာ သမိုင်းတလျှောက် စပိန် စူပါဖလား ဗိုလ်လုပွဲကို ၃၄ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံ ၁၉ ကြိမ် ဖြစ်ထားကာ ဒုတိယ ၁၄ ကြိမ် ရထားပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ စပိန်စူပါဖလား ဗိုလ်လုပွဲကို ၂၂ ကြိမ်မြောက် တက်လှမ်းခဲ့တာ ဖြစ်ပြီးတော့ ချန်ပီယံ ၁၄ ကြိမ် ဖြစ်ထားကာ ဒုတိယ ၇ ကြိမ် ရထားပါတယ်။ အကယ်၍ ဒီကနေ့ ညမှာ ရီးရဲလ်မက်ဒရစ် အနေနဲ့ အနိုင်ရခဲ့မယ် ဆိုရင်တောင် ဘာစီလိုနာရဲ့ စပိန်စူပါဖလား အောင်မြင်မှုကို လိုက်မှီနိုင်ဦးမှာ မဟုတ်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


