နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၉ နှစ်အကြာမှ ပထမဦးဆုံးအကြိမ် ပရီးမီးယားလိဂ် ပြန်လည်တွေဆုံမှု ဖြစ်လာမယ့် ယော့ခ်ရှိုင်းယားဒါဘီ

ရှက်ဖီးလ်ယူနိုက်တက် Vs လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေးရဲ့ အစောဆုံးပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက် နဲ့ လိဒ်စ်ယူနိုက်တက်တို့ ရဲ့ ပွဲကတော့  SBOTOP ပရီးမီးလားလိဂ် ပရိသတ်တွေ အကြိုက်တွေ့လာနိုင်မယ့် ပွဲစဉ်ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်နောက်ပိုင်း အင်္ဂလန်ရဲ့ ထိပ်ဆုံးလိဂ်တစ်ခုမှာ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ကြမယ့် ပွဲစဉ် ဖြစ်နေပြီး ရှက်ဖီးလ်ယူနိုက်တက် ရဲ့ အိမ်ကွင်း ဘရာမောလ်လိန်းကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာလည်း ဖြစ်ပါတယ်။

အိမ်ရှင်ရှက်ဖီးလ်ယူနိုက်တက်တို့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲကစားထားပြီး ရမှတ် တစ်မှတ်မှမရသေးသလိုသွင်းဂိုးလည်း တစ်ဂိုးမှမရသေးတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ လိဒ်စ်ကတော့ ရှက်ဖီးလ်နဲ့ ပြောင်းပြန်အနေအထားဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် နိုင်ပွဲရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် နှစ်ပွဲစလုံး မှာ ၄-၃ရလဒ်နဲ့ ပွဲပြီးဆုံးထားတဲ့ လိဒ်စ်ယူနိုက်တက်တို့ ရဲ့ ပရီးမီးယားလိဂ်  တကျော့ပြန်ခရီးအစကတော့ သွင်းဂိုးပေးဂိုးတွေနဲ့ ဆူညံနေခဲ့ပါတယ်။ တိုက်စစ်ပိုင်းလိုအပ်ချက်အတွက် ကစားသမားတွေ ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် နည်းပြဘီရာဆာအနေနဲ့ ခံစစ်ပိုင်းအားနည်းချက်ကို အလျင်အမြန်ပြင်ဆင်ဖို့ လိုအပ်နေတယ်ဆိုတာ ကို ပေးဂိုးတွေက မီးမောင်းထိုးပြနေပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ရာသီအစ နှစ်ပွဲမှာတင် ရဂိုး နဲ့ပေးဂိုးစုစုပေါင်း  ၁၄ ဂိုးအထိရှိခဲ့တာကြောင့် ၁၉၆၃ ခုနှစ်က ဝုဗ်အသင်းတင်ထားတဲ့ စံချိန်ကိုလိုက်မှီဖို့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ လေးဂိုးနဲ့ အထက် ရလဒ်ထွက်ပေါ်ဖို့ လိုအပ်နေပါတယ်။ လိဒ်စ်ယူနိုက်တက်အနေနဲ့ ရဂိုး ၇ဂိုး ပေးဂိုး ၇ ဂိုးရှိထားတာကြောင့် ၁၉၄၂၃ ခုနှစ်က လစ်ဗာပူးလ်တင်ထားတဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီလို အချက်အလက်တွေကိုတော့ လိဒ်စ်ယူနိုက်တက်နည်းပြ ဘီရာဆာ အနေနဲ့ ကျေနပ်နေမှာ မဟုတ်ပါဘူး။ ဘီရာဆာအနေနဲ့ ပြီးခဲ့တဲ့ ပွဲမှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့သလိုပဲ ရှက်ဖီးလ်ယူနိုက်တက်အသင်းရဲ့ ကစားပုံဆိုးရွားနေမှုကို အခွင့်ကောင်းယူပြီးတော့ အနိုင် ၃ မှတ်ရဖို့ ကြိုးစားလာဦးမှာပါ။ ဖူလ်ဟမ်နဲ့ ပွဲမှာ လိဒ်စ်ယူနိုက်တက်တို့ ပွဲကစားချိန် မိနစ် ၆၀ ကျော်အထိ ၄-၁ နဲ့ ဦးဆောင်ပြီးမှ ဂိုးတွေပြန်ပေးခဲ့ရတာကြောင့် နိုင်ပွဲအတွက် ပျော်ရွှင်မှုတော့ သိပ်မခံစားခဲ့ရတာတွေ့ရပါတယ်။ လိဒ်စ်တို့ ခံစစ်ပိုင်းလိုအပ်ချက်ကို အလျင်အမြန်ပြုပြင်ဖို့ ရီးရဲဆိုစီဒက်စ် က စပိန်ဗဟိုခံစစ်မှူး ဒီယေဂို လော်ရန်တေးကို ခေါ်ယူထားနိုင်ခဲ့ပြီး အခုပွဲရဲ့ လူစာရင်းမှာ ကျိန်းသေပေါက် ထည့်သွင်းလာဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပွဲစဉ် ၂ပွဲကစားထားပြီး ရမှတ် တစ်မှတ်မှမရသေးသလိုသွင်းဂိုးလည်း တစ်ဂိုးမှမရသေးတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းနဲ့အတူ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်

ရှက်ဖီးလ်ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ရာသီကနဲ့ မတူပဲ ခြေစွမ်းကျဆင်းနေတာ တွေ့ရပြီး နည်းပြခရစ်ဝိုလ်ဒါ အနေနဲ့လည်း ထိုင်ခုံလှုပ်နေပြီ ဖြစ်လို့ အစဉ်အလာပြိုင်ဘက်ဖြစ်ပြီး ယော့ခ်ရှိုင်းယားဒါဘီတွေ မကြာခဏထိပ်တိုက်တွေဆုံကစားဖူးတဲ့ လိဒ်စ်ယူနိုက်တက်ကို လွယ်ကူစေမှာ မဟုတ်ပါဘူး။ လက်ရှိမှာ ၅ ပွဲဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ထားရတဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းအနေနဲ့ နည်းပြ ဝိုင်လ်ဒါလက်အောက် မှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ရှုံးပွဲဆက်မှု အကြာဆုံးအခြေအနေတစ်ခုကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲမှာကစားထားတဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဝုဗ်ကို ရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းလောက်မဆိုးရွားတာကြောင့် တတိယမြောက်ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုရရှိရေး ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။ ဒါ့အပြင် လာမယ့်ပွဲစဉ်တွေမှာ အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီး၊ ချဲလ်ဆီးအသင်းတွေနဲ့ ဆက်တိုက်တွေ့ဆုံရမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ဒုတိယရာသီ ပထမဆုံးရမှတ်ကို လိဒ်စ်နဲ့ ပွဲမှာ ရှာဖွေတာက ပိုပြီးသေချာပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ ရှက်ဖီးလ်ယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း  ချန်ပီယံရှစ်မှာ ၆ ကြိမ်တွေ့ဆုံထားပြီး ရှက်ဖီးလ်က ၄ ပွဲနိုင်ပြီး လိဒ်စ်တို့က ၂ ပွဲအနိုင်ရထားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ချန်ပီယံရှစ်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ နောက်ဆုံးတွေ့ဆုံထားပြီး တစ်ပွဲစီအနိုင်ရထားခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင်ရှက်ဖီးလ်ယူနိုက်တက်ဘက်မှာ အဓိက နောက်ခံလူ ဂျွန်အီဂန်  ပြီးခဲ့တဲ့ ပွဲမှာရခဲ့တဲ့ အနီကတ် ပြစ်ဒဏ်ကြောင့် ပါဝင်လာမှာ မဟုတ်ပဲ သူ့ရဲ့နေရာမှာ ဝါရင့်နောက်ခံလူ ဖေးလ် ဂျာဂျယ်လီကာ သို့မဟုတ် အမ်ပါဒူ ကို ပွဲထွက်လူးစာရင်းမှာ ထည့်သွင်းကစားလာနိုင်ပါတယ်။ လိဒ်စ်ယူနိုက်တက် မှာ ပါဘလို ဟာနန်ဒက်စ်နဲ့ အဒမ်ဖော်ရှော ပါဝင်လာနိုင်ဦးမှာမဟုတ်ပဲ တိုက်စစ်မှာလည်း ရိုဒရီဂို အနေနဲ့လူစားဝင်ကစားသမားအဖြစ်ပဲ ပါဝင်လာဦးမှာ ဖြစ်ပြီး အသစ်ခေါ်ယူထားတဲ့ နောက်ခံလူလော်ရန်တေးကိုလည်း အသုံးပြုလာဖို့ မရှိသေးပဲ အသင်းခေါင်းဆောင်လူယမ်ကူပါးရဲ့ပွဲ ၂၀၀ ပြည့် ဖြစ်တာကြောင့် စကော့တလန်သားပဲ ပထမလူစာရင်းမှာ ပါဝင်လာဖို့ရှိနေပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရှက်ဖီးလ်ယူနိုက်တက် Vs လိဒ်စ်ယူနိုက်တက် အချိန်ပြည့် 1×2 သရေ @ ၃.၂၅ဆ
စက်တင်ဘာလ ၂၇ ရက်, ညနေ ၅:၃၀ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၂.၈၈ဆ၊ ဧည့်သည်ဘက်က ၂.၄၁ ဆနဲ့ သရေအတွက် ၃.၂၅ ဆ ကြေးဖွင့်ထားပါတယ်။  လက်ရှိ ခြေစွမ်းပိုင်းအရ အိမ်ရှင် ရှက်ဖီးလ်ယူနိုက်တက်ထက် လိဒ်စ်ယူနိုက်တက် အသင်းကို ပိုပြီးသဘောကျနေပါတယ်။ တိုက်စစ်က ဂိုးတွေဆက်တိုက်ရရှိနေပေမယ့် ခံစစ်က ဂိုးတွေပြန်ပေးနေရာတာ တစ်ချက်ပဲ သဘောမကျစရာရှိပါတယ်။ ဒါပေမယ့် အစဉ်အလာအရဆိုရင်တော့ ရှက်ဖီးလ်ယူနိုက်တက်က အသာရနေတာကိုလည်း ထည့်တော့ စဉ်းစားရမှာပါ။ ရှက်ဖီးလ်ယူနိုက်တက်ကွင်းမှာ ဆိုရင် လိဒ်စ်ယူနိုက်တက်တို့ ရုံးကန်ရလေ့ရှိတာကြောင့် ဒီပွဲမှာတော့ သရေရလဒ်လောက်ပဲ အမြင့်ဆုံး မျှော်လင့်ထားစေချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်