နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်း အသာရခဲ့ပေမယ့် ကံဆိုးလို့ ရှုံးခဲ့ရတဲ့ ဖီအိုရင်တီးနား (ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ပွဲပြီးသုံးသပ်ချက်)

countdown banner

ဖီအိုရင်တီးနား ၀-၁ ဂျူဗင်တပ်စ်

ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ပြီး ဖီအိုရင်တီးနားတို့ ဗီနူတီရဲ့ နောက်ဆုံး မိနစ် ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ ဂျူဗင်တပ်စ်ကို အရှုံးပေးခဲ့ရပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဖီအိုရင်တီးနားတို့ အဘက်ဘက်က အသာရခဲ့ပေမယ့် အဆုံးသတ် အားနည်းခဲ့လို့ ဂိုးမရခဲ့တဲ့ အပြင် နာကျင် အချိန်ပို ရောက်မှ မထင်မှတ်ပဲ ဂိုးပေးလိုက်ရလို့ အိမ်ကွင်း ရှုံးပွဲပါ ကြုံသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဖီအိုရင်တီးနားတို့ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ပီယာတက်ခ်၊ ဆာပိုနာရာ၊ ကိုနေး၊ ကွင်းလယ်မှာ တော်ရိုင်းယား၊ ကတ်စထရိုဗီလီ၊ ဘွန်နာဗန်တူရာ၊ ခံစစ်မှာ ဘီရာဂီ၊ အီဂေါ၊ မီလန်ကိုဗစ်၊ အိုဒရီရိုဇိုလာ၊ တာရက်စီယာနို တို့ ပါဝင်လာခဲ့ပါတယ်။ မက်စ် အဲလ်လီဂရီ ရဲ့ အသင်း ကတော့ ၄-၄-၂ အစား ၃-၅-၂ကို ပြောင်းလဲ အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဒူဆန် ဗလာဟိုဗစ်နဲ့ မွိုက်စ်ကင်းန်ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်၊ ခံစစ်နဲ့ ဂိုး မှာတော့ ပယ်လီဂရီနီ၊ ရာဘီယော့တ်၊ အာသာ၊ လိုကတ်တယ်လီ၊ အေခီ၊ ဒန်နီလို၊ ဒီလစ်ဂျ်၊ ဒီဆစ်ဂ်လီယို၊ ပီရင်တို့ ပါဝင်လာခဲ့ပါတယ်။

စီးရီးအေ
အူဒီးနီးစ်
ဆမ်ဒိုးရီးယား
1X2 သရေ @ 3.45
အူဒီးနီးစ် အာရှ ဟန်းဒီးကပ် -0.75 @ 2.14
ဂိုးအောက် 2.25 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအစ ကနေ အဆုံးထိ ဖီအိုရင်တီးနားတို့ ဂျူဗင်တပ်စ်ကို ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားနိုင်ခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်စ် ကတော့ တန်ပြန် တိုက်စစ်ကိုပဲ အားပြု ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားတို့ တောင်ပံ ကစားသမားတွေရဲ့ လျင်မြန်မှုနဲ့ ကွင်းလယ်နဲ့ တိုက်စစ် အကောင်းဆုံး ချိတ်ဆက် ကစားနိုင်ခဲ့သလို ဂျူဗင်တပ်စ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် ဂိုးသမား ပီရင်နဲ့ နောက်ခံလူတွေရဲ့ အမှားကနေ ဖီအိုရင်တီးနားတို့ အခွင့်အရေး ရခဲ့ပေမယ့် ကတ်စတရိုဗီလီ အသုံးမချနိုင်ခဲ့သလို ကိုနေးရဲ့ ကန်ချက် တိုက်ဘေးနားက ကပ်ထွက်သွားခဲ့လို့ ဖီအိုရင်တီးနားတို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ကွာဒွာဒို၊ မိုရာတာ တို့ ထည့်ပြီး ဗျူဟာ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ဂျူဗင်တပ်စ်တို့ ကစားအား တက်မလာခဲ့ပဲ ဆက်လက် ရုန်းကန်ခဲ့ရပါတယ်။ တော်ရိုင်းယားရဲ့ ကန်ချက် ဂိုးဘားတန်း ပေါ်က အနည်းငယ် ကျော်သွားခဲ့ပြီး ကိုနေးရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့တာကြောင့် ဖီအိုရင်တီးနားတို့လည်း ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ပွဲပြီးခါနီး ကွာဒွာဒို ပြန်ချိုးပေးတဲ့ ဘောလုံးကို နောက်ခံလူ ဗီနူတီ တားဆီးရာကနေ ကိုယ့်ဂိုးကိုယ် သွင်းယူမိသလို ဖြစ်ခဲ့တာကြောင့် ဂျူဗင်တပ်စ်တို့ အဖိုးတန် သွင်းဂိုး ရရှိခဲ့ပြီး ကိုပါအီတလီယာ ဗိုလ်လုပွဲ တက်ရေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲပြီးခါနီး ကွာဒွာဒို ပြန်ချိုးပေးတဲ့ ဘောလုံးကို နောက်ခံလူ ဗီနူတီ တားဆီးရာကနေ ကိုယ့်ဂိုးကိုယ် သွင်းယူမိသလို ဖြစ်ခဲ့တာကြောင့် ဂျူဗင်တပ်စ်တို့ အဖိုးတန် သွင်းဂိုး ရရှိခဲ့ပြီး ကိုပါအီတလီယာ ဗိုလ်လုပွဲ တက်ရေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်တို့ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ ဖီအိုရင်တီးနားကို လုံးဝ အသာမရခဲ့သလို ဗလာဟိုဗစ်ရဲ့ အသင်းဟောင်းနဲ့ တကျော့ပြန် ဆုံတွေ့မှုလည်း မလှပခဲ့ဘူးလို့ပဲ ဆိုရပါမယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဖီအိုရင်တီးနားတို့ ဂျူဗင်တပ်စ် ဂိုးပေါက်ကို ၂၂ ကြိမ်အထိ ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ကတော့ ၆ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကတော့ တစ်ပွဲလုံး မှာမှ ဂိုးပေါက် ၁ ကြိမ်သာ တည့်ခဲ့တဲ့ အထိ ရုန်းကန်ခဲ့ရပြီး ဗလာဟိုဗစ်လည်း ပုံမှန် ခြေစွမ်း ပျောက်ဆုံးခဲ့ရပါတယ်။

ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ပေမယ့် ပွဲရလဒ်ကြောင့် ဖီအိုရင်တီးနားတို့ ကိုပါအီတလီယာ ဗိုလ်လုပွဲ တက်ရောက်ရေး တူရင်မြေ ဒုတိယအကျော့ ပွဲစဉ်မှာ အခုထက် ပိုပြီး အားစိုက်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် မတ်လ ၆ ရက်နေ့မှာ စပီဇီယာနဲ့ စီးရီးအေ ပွဲစဉ် ကစားရဖို့ ရှိပြီး ဖီအိုရင်တီးနား ကတော့ ဗီရိုနာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်