မနေ့ညက ကစားခဲ့တဲ့ တခြားသော အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေ မှာတော့ ပရီးမီးယားလိဂ် ကလပ် အများစု နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ရှေ့ပွဲတွေမှာ နော့တင်ဟမ်ဖောရက်စ်နဲ့ လက်ရှိချန်ပီယံ ခရစ္စတယ်ပဲလေ့စ်တို့ အံ့အားသင့်ဖွယ် ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ကြရပေမယ့် နောက်ပိုင်းပွဲတွေ မှာတော့ အသင်းကြီးတွေပဲ နိုင်ပွဲ ကိုယ်စီနဲ့ အတူ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် အကြိတ်အနယ် ရှိပြီး စိတ်ဝင်စားစရာ ကောင်းခဲ့တဲ့ မနေ့ညက အက်ဖ်အေဖလား ပွဲပြီးရလဒ် တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မက်ကလက်စ်ဖီး ၂-၁ ခရစ္စတယ်ပဲလေ့စ်
အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေထဲကမှ ပရိသတ်တွေ အတွက် ရှော့ခ်ဖြစ်စရာ အကောင်းဆုံးပွဲ ကတော့ နေရှင်နယ်လိဂ် ကလပ် မက်ကလက်စ်ဖီးက လက်ရှိချန်ပီယံ ခရစ္စတယ်ပဲ့လေစ်ကို အိမ်ကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုပွဲမှာ ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာက အရန်ကစားသမား အများစုကို ပွဲထွက်ခဲ့ပေမယ့် မာ့ခ် ဂူဟီ၊ အဒမ် ဝှာတန် တို့လို အဓိက ကစားသမားတွေ ပါဝင်ခဲ့ပြီး ပဲလေ့စ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ကစားနိုင်ပေမယ့် အိမ်ရှင် တို့ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ မက်ကလက်စ်ဖီး အတွက် ဂိုးတွေကို ဒေါ်ဆင်နဲ့ ရစ်ကတ်စ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပဲလေ့စ် အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပင်နိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ပြိုင်ပွဲမှာ နေရှင်လိဂ် အသင်းက လက်ရှိချန်ပီယံ အသင်းကို အနိုင်ယူခဲ့တာက ၁၉၀၈-၀၉ ရာသီ၊ ပထမအဆင့်တုန်းက ဝုဗ်နဲ့ ပွဲမှာ ပဲလေ့စ်တို့ အနိုင်ရခဲ့တာ ဖြစ်ပြီး အခု နှစ်ပေါင်း ၁၁၇ နှစ် အကြာ မှာတော့ ပဲလေ့စ်တို့ သူတို့ ကိုယ်တိုင် အဲဒီကြမ္မာဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ မက်ကလက်စ်ဖီး ဟာ ၂၀၁၆-၁၇ ရာသီတုန်းက လင်ကွန်းစီတီး နောက်ပိုင်း အက်ဖ်အေဖလား ပွဲစဉ်တစ်ပွဲမှာ ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းကို အနိုင်ယူခဲ့တဲ့ ပထမဆုံး နေရှင်နယ်လိဂ် ကလပ် ဖြစ်လာခဲ့ပါတယ်။
အဲဗာတန် ၁-၁ ဆန်းဒါးလန်း (ပင်နယ်တီ ရလဒ် ၀-၃ နဲ့ ဆန်းဒါးလန်း နောက်တဆင့်တက်)
ပရီးမီးယားလိဂ် ကလပ် နှစ်သင်း တွေ့ဆုံတဲ့ ဒီပွဲက အကြိတ်အနယ် ရှိခဲ့ပြီး သာမန် ပွဲချိန် အတွင်း တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အထိ ရောက်ခဲ့ပါတယ်။ ရိုအက်ဖ် အနေနဲ့ သာမန်ပွဲချိန် အတွင်း ပေးခဲ့ရတဲ့ ပင်နယ်တီကို မကာကွယ်နိုင်ခဲ့ပေမယ့် အဆုံးအဖြတ် ပင်နယ်တီ မှာတော့ အဲဗာတန် ဘက်က ဂါနာ၊ ဘယ်ရီ၊ ဘီတို တို့ရဲ့ ကန်သွင်းမှုတွေ အားလုံးကို လက်စွမ်းပြကာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါဟာ ဆန်းဒါးလန်းရဲ့ အက်ဖ်အေဖလားမှာ ဒုတိယအကြိမ်မြောက် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာ ဖြစ်ပြီး ကြောင်နက်တွေဟာ နှစ်ကြိမ်စလုံးမှာ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပါတယ် (၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလက စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်မှာ ဘလက်ဘန်းကို ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်)။
နယူးကာဆယ် ၃-၃ ဘုန်းမောက် (ပင်နယ်တီ ရလဒ် ၇-၆ နဲ့ နယူးကာဆယ် နောက်တဆင့်တက်)
ဒီပွဲ ကလည်း တော်တော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် ဂိုးတွေ သွင်းကာ အချိန်ပို၊ ပင်နယ်တီ အဆုံးအဖြတ်တွေ အထိ ရောက်ရှိခဲ့ပါတယ်။ နယူးကာဆယ် အတွက် ဦးဆောင်ဂိုးကို ဘန်းစ်က မိနစ် ၅၀ မှာ သွင်းယူပေးခဲ့ပေမယ့် ၆၂ မိနစ်နဲ့ ၆၈ မိနစ် တို့မှာ ဘုန်းမောက်က နှစ်ဂိုးဆက်သွင်းကာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘုန်းမောက်တို့ အနိုင်ရပြီလို့ ထင်ခဲ့ရပေမယ့် ၉၀ + ၅ မိနစ်မှာ ပေးခဲ့ရတဲ့ ဂေါ်ဒွန်ရဲ့ ပင်နယ်တီ ဂိုးကြောင့် အချိန်ပိုထိ ဆက်ခဲ့ရပါတယ်။ အချိန်ပို ၁၁၈ မိနစ်မှာ ဘန်းစ်က နယူးကာဆယ် အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ၁၂၀+၂ မိနစ် မှာတော့ တာဗာနီယာက ဘုန်းမောက် အတွက် ချေပပေးခဲ့ပြန်လို့ ပင်နယ်တီ အထိ ဆက်ခဲ့ရပါတယ်။ ပင်နယ်တီ မှာလည်း တစ်ဖက်ကို ၉ ဦး အထိ ကန်သွင်းခဲ့ကြရပြီး ၇-၆ ရလဒ်နဲ့ နယူးကာဆယ်က အနိုင်ရကာ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ၁-၂ အက်စတွန်ဗီလာ

ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး နှစ်သင်း တွေ့ဆုံတဲ့ ပွဲစဉ် မှာတော့ အက်စတွန်ဗီလာက စပါးကို မြောက်လန်ဒန်မှာ လာရောက် အနိုင်ယူသွားခဲ့ပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းက အဝေးကွင်းမှာ လာရောက် ကစားခဲ့ရပေမယ့် စပါးကို အသာရခဲ့ပြီး ပထမပိုင်း ကတည်းက ဘူအန်ဒီယာ၊ မော်ဂန် ရော်ဂျာစ် တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ စပါးက အောဒိုဘတ်ရဲ့ သွင်းဂိုးနဲ့ ပြန်လိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ စပါးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၃ ပွဲသာ အနိုင်ပွဲရခဲ့တဲ့ စပါးက လက်ရှိမှာလည်း အက်ဖ်အေဖလား ကနေ စောစောစီးစီးပဲ လက်ပြခဲ့ရပြီ ဖြစ်ပါတယ်။ ဒီရှုံးပွဲနဲ့ အတူ နည်းပြ သောမက်စ် ဖရန့်ရဲ့ နည်းပြ ထိုင်ခုံလည်း လှုပ်လာခဲ့ပြီး “တစ်ရွာမပြောင်း သူကောင်း မဖြစ်ပဲ သေချင်တဲ့ ကျားတောပြောင်း’ ဖြစ်ဖို့ နီးစပ်နေရပါပြီ။
ချာလ်တန် ၁-၅ ချဲလ်ဆီးချဲလ်ဆီး ကတော့ ချန်ပီယံရှစ် ကလပ် ချာလ်တန်ကို ၁-၅ ရလဒ်နဲ့ အနိုင်ယူပြီး နည်းပြသစ် လီယမ် ရိုစီနီယာရဲ့ အဖွင့်လည်း လှပသွားခဲ့ပါတယ်။ ချဲလ်ဆီးက ဒီနေ့ပွဲမှာ လူငယ် အများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် သူတို့ထက် အဘက်ဘက်မှာ အားနည်းတဲ့ အသင်းငယ်လေးကို ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အတွက် ဂိုးတွေ ကိုတော့ ဟာတို၊ တိုဆင်၊ ဂီယူ၊ နီတို၊ အန်ဇို ဖာနန်ဒက်ဇ် (ပင်နယ်တီ) တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ချာလ်တန် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ လီယာဘန်းက သွင်းယူပေးခဲ့ပါတယ်။ လီယမ် ရိုစီနီယာ ကတော့ ၂၀၁၆ ခုနှစ် ဩဂုတ်လက အန်တိုနီယို ကွန်တီ နောက်ပိုင်း နည်းပြသစ် အဖြစ် စတင်ကိုင်တွယ်တဲ့ ပွဲစဉ်မှာ နိုင်ပွဲ ရခဲ့တဲ့ နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


