နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လန်နိုကြောင့် ၁၉၉၆ ခုနှစ် နောက်ပိုင်း အာဆင်နယ်ကွင်းမှာ နိုင်ပွဲ ပြန်ရခဲ့တဲ့ အဲဗာတန် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၀ – ၁ အဲဗာတန်

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) ရဲ့ အစောဆုံး ပွဲစဉ်တစ်ပွဲ မှာတော့ အဲဗာတန်တို့ အာဆင်နယ် အိမ်ကွင်း အန်းမရိတ်စ်မှာ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဂိုးသမား ဘန်လန်နိုရဲ့ လက်ဆောင်ဂိုးနဲ့ အနိုင်ရခဲ့တဲ့  အဲဗာတန် ကတော့ ၁၉၉၆ ခုနှစ် နောက်ပိုင်း အာဆင်နယ် အိမ်ကွင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ် နိုင်ပွဲ ပြန်လည် ရရှိသွားခဲ့သလို ယူရိုပါလိဂ်ဝင်ခွင့် အတွက် သာမက ချန်ပီယံလိဂ် ဝင်ခွင့်ကိုပါ မျှော်လင့်နိုင်တဲ့ အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဒီပွဲပြီးရင် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားဖို့ ရှိလို့ နည်းပြအာတေးတား အနေနဲ့ အဓိကကစားသမား တချို့နဲ့ အရန်ကစားသမားတချို့ကို တွဲဖက် အသုံးပြုခဲ့ပြီး အန်ကတ်တီးယား၊ ပေပေ၊ စမစ်ရိုးဝ်၊ ဆာကာ၊ ပါတေး၊ ဆယ်ဘာလော့စ်၊ ချမ်ဘာ့စ်၊ ဟိုးဒင်း၊ မာရီ၊ ရှာကာ၊ ဘန်လန်နိုတို့နဲ့ ပွဲထွက်လာပါတယ်။ အန်ဆယ်လော့တီရဲ့ အသင်းမှာတော့ ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင်၊ ဟားမက်စ်ရိုဒရီဂွက်ဇ်၊ ဆီဂတ်ဆန်၊ အဲလန်၊ ဒစ်ဂ်နေး၊ ပစ်ခ်ဖို့ဒ် စတဲ့ အဓိကကစားသမား အစုံအလင်နဲ့ အဝေးကွင်းမှာ လာရောက်ရင်ဆိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ပထမပိုင်းမှာ အပြန်အလှန် ထိုးဖောက်မှုတချို့ ပြုလုပ်နိုင်ခဲ့ကြပေမယ့် ဘောလုံးက အပျက်များနေလို့ ထိရောက်ရဲ့ ဂိုးပေါက် ခြမ်းခြောက်မှုတွေ မမြင်တွေ့ခဲ့ရပါဘူး။ ပထမပိုင်းမှာ အဲဗာတန် ကွင်းလယ်ကစားသမား ဆီဂတ်ဆန်ရဲ့ ဖရီးကစ် ကန်ချက် ဂိုးဘားတန်းထိ ထွက်ခဲ့ပြီး ဒုတိယပိုင်းမှာ အာဆင်နယ်တို့ ပယ်နယ်တီ ကန်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ သွင်းဂိုးတွေ မရခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့နောက် ဆယ်ဘာလော့စ်ရဲ့ ကန်ချက် အပါအဝင် အာဆင်နယ်ရဲ့ နောက်ထပ် ကန်သွင်းမှု ၂ ကြိမ် ကိုအဲဗာတန် ဂိုးသမား ပစ်ခ်ဖို့ဒ် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာတော့ ရစ်ချာလီဆန်ရဲ့ ညာခြမ်းကနေ ခပ်ပျော့ပျော့ ကန်သွင်းတာကို လန်နို ဖမ်းရာကနေ လွတ်ထွက်ပြီး ပေါင်ကြားကနေ ဝင်သွားခဲ့လို့ အဲဗာတန်တို့ ဒီနေ့ပွဲအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ရရှိသွားခဲ့ပါတော့တယ်။

အာဆင်နယ်တို့ အခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်သလောက် ရှိသွားခဲ့ပါပြီ။
ဒီရာသီအတွက် ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ ၇ပွဲ အထိ ရှိလာတဲ့ အာဆင်နယ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အာဆင်နယ် တိုက်စစ်က ထုံးစံအတိုင်း လမိုင်းလုံးဝမကပ်ခဲ့ပဲ အန်ကတ်တီးယားရဲ့ စွမ်းဆောင်ရည်က ပုံမှန်အောက် ရောက်နေခဲ့သလို ဆာကာနဲ့ စမစ်ရိုးဝ် တို့ကလည်း ဝတ်ကျေတန်းကျေ ကစားနေခဲ့တာထက် မပိုခဲ့ပါဘူး။ နောက်ပိုင်းပွဲတွေမှာ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ကစားလာတဲ့ ပေပေကလည်း သူနဲ့ ချိတ်ဆက်ကစားမယ့်သူ ပျောက်နေတာကြောင့် တိုက်စစ်အတွက် ထိရောက်တဲ့ ဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ အာဆင်နယ်ပဲ မဟုတ်ပါဘူး။ ပြိုင်ဘက် အဲဗာတန် တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ပိုင်း ကလည်း အားရစရာမရှိခဲ့ပဲ ဘန်လန်နိုပေးတဲ့ လက်ဆောင်ဂိုးကြောင့်သာ ကံကောင်းထောက်မစွာနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား ပစ်ခ်ဖို့ဒ်ကတော့ အပိုင်အခွင့်အရေး ၃ ကြိမ်ကိုတော့ ကာကွယ်သွားနိုင်ခဲ့တာ တွေ့ရပါတယ်။ အာဆင်နယ်တို့ အခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်သလောက် ရှိသွားခဲ့ပါပြီ။ အဲဗာတန်ကတော့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာကိုတောင် မျှော်လင့်လို့ရသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဧပြီလ ၃၀ ရက်နေ့၊ သောကြာနေ့မှာ ဗီလာရီးရဲယ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားဖို့ရှိပြီး အဲဗာတန်ကတော့ မေလ ၂ ရက်နေ့မှ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ဆက်ကစားရမှာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်